Pages

Tuesday, June 5, 2012

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..

“၀ီရသူ” သဘောထား (၃/၇၄)

by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 9:24pm ·
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော် ကြေငြာအပ်ပါသည်။ (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

          (ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။

          (ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။

          (ဃ) 2-6-2012 ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခွါလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက ၀ိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။

          (င) ထိုသို့ သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။

          (စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။

          (ဆ) ဤဖြစ်စဉ်တွင် အမှားကို အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန် ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက် လက်တုံ့ပြန် သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။

          (ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။ ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။

          စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘော ကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့် ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင် မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့ မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။

          (ဈ) ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။

          (ည) ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊ ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊ ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလိုက်ကာ မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည် အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစားရမည် ဖြစ်ပါသည်။

          မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။

          ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ၀ိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံ တောင်းပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့)
Email- wirathu2012@gmail.com 

6 comments:

  1. မစိုးရိမ်ဆရာတော်ကြီး အမိန့်ရှိဘူးပါသည်။ တချို့ဆူပူမှုများဟာ တမင်တကာ ဆူအောင်လုပ်ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စမျိုးမှာ မပါဖြစ်အောင် ရှောင်သင့်ကြောင်း။
    အရှင်ဝီရသူ ထုတ်ပြန်သလိုပင် အစ္စလာမ်ဘာသာရေးအစွန်းရောက်များ ဘက်ကလည်း မိမိတို့သဘောထားမျာကို ပြောင်းလဲရပါမည်။
    အစွန်းေ၇ာက်ဝါဒကို ယနေ့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းက လက်မခံတော့ပါ။
    အစိုးရ၀န်တမ်းများ၊ အာဏာပိုင်များ၊ ရဲအဖွဲ့ဝင်များကလည်း ပြည်သူများကို အကာအကွယ်ပေးကြရပါမည်။
    လူထုက အစိုးရကို ယုံကြည်မှု မရှိပါ။
    စစ်အစိုးရအဆက်ဆက် တရုတ်၊ ကုလားတို့ကို ငွေကြေး တ၇ားမ၀င် ရယူုပြီး နိုင်ငံသားကတ်များ အလွယ်တကူ ထုတ်ပေးနေခဲ့သည်ကို ပြည်သူများ မြင်တွေ့ရဖန်များပါပြီ။ သာမန်နိင်ငံသားတစ်ဦး မှတ်ပုံတင်ရဘို့ကား အင်မတန်မှ ခဲယဉ်းပါသည်။ ဒါကိုပင် သူတို့က မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးဆိုပြီး အရှက်မရှိ သူခိုးက လူ လူ ဟစ်နေသည်မှာ စစ်အာဏာရှုင်များ ပီပီ အရှက်က ကမ်းကုန်နေသူများဖြစ်ပါသည်။
    နိုင်ငံသားအားလုံး တန်းတူညီမျှ ပျော်ရွှင်စွာ လက်တွဲနေထိုင်ရမည့် ဒီမိုကရေစီ ခေတ်သစ်သို့ သွားနေသော လမ်းခရီးမှ သွေဖည်သွားအောင်၊ သမတကြီးနဲ့ လူထုခေါင်းဆောင် အမေစုတို့ လက်တွဲလုပ်ဆောင်နေသော လုပ်ငန်းများ ပျက်စီးအောင် ဆင်ကြံ ကြံနေသော ပြန်ကြားရေး ကျော်ဆန်း၊ လူသတ်ကောင် ရန်ကုန်တိုင်း စစ်ဒေသမှူးဟောင်း သူရမြင့်မောင်၊ ပြည်သူကို ပစ်သတ်ဘို့ အမိန့်ကို အလွယ်တကူပေးနေသော ပြည်ထဲရေး ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ကဲ့သော ခေါင်းမာဂိုဏ်းသား သွေးဆာနေသူများ၏ လှည့်ကွက်ထဲသို့ မရောက်အောင် ညီနောင်များ သတိတရား လက်ကိုင်ထားကြပါဟု မေတ္တာရပ်ခံအပ်ပါသည်။

    ReplyDelete
  2. သာဓု..သာဓု..သာဓု ပါဘုရား..သင့်မြတ်မျှတ
    သောသဘောထား ဖြစ်ကြောင်းပါ..

    ReplyDelete
  3. အရှင် ဝီရသူ အကြောင်း သိချင်ပါသည်။
    လေးစားလျှက်။

    ReplyDelete
  4. အရှင်ဘုရားရဲ့ဆွေးနွေးချက်များ၊
    မှန်ကန်လှပါတယ်ဘုရား။

    ReplyDelete
  5. www://news.mmsy/news ကိုဝင်ကြည့်မယ်ဆိုရင် စစ်မှန်တဲ့မြန်မာဘာသာပြန်နဲ့ ကိုရန်ကိုဘာသာပြန်ထားတဲ့ဟာကိုတွေ့ရမှာပါ။ အပြင်မှာ မြင်တွေ့နေကြတဲ့ မွတ်ဆလင်တွေရဲ့ attitude နဲ့ ကိုရန်ရဲ့ ပြဌာန်းချက်တွေကွဲလွဲနေတာကို တွေ့ရမှာပါ။ ဒီလိုကွဲပြားနေတာဟာ ဘာကြောင့်လဲ.....ဆိုတာ ဆက်လိုက်ကြည့်လိုက်ရင် အဲဒါကို သင်ကြားဖြန့်ဖြူးနေတဲ့ ဗလီဆရာ (မော်လ၀ီ/ဆူရ်ဖီ/စာပြန်ဆရာ)တွေရဲ့ အာဘော်ဟာ ဘာလို့ မူလပြဌာန်းထားတဲ့ အာရဗီကိုရန်နဲ့လွဲမှားကွဲလွဲနေသလဲဆိုတာတွေ့ရတယ်။ သူတို့ရဲ့ တစ်သီးပုဂ္ဂလနာကျည်းမုန်းတီးမှူ (personal feeling)တွေကို အလာဟ်နာမည် တပ်ပြီး ဖေါက်ခွဲလှူံ့ဆော်နေသလားဆိုတာ တွေးစရာပါပဲ။ အစ်စလာမ်ဆိုတာနဲ့ လူတွေက ရွံ့ကြောက်ကြီး ဖြစ်နေအောင် အလာဟ်ကပြောခဲ့သလား...အဲဒီလို ကိုရန်ထဲမှာပြဌာန်းထားသလား... အဲဒီလိုပြဌာန်းထားတယ်ဆိုရင် ဘယ်ကျမ်းကို(ဘယ်သူက ဘယ်နှစ်မှာ ဘယ်နေရာမှာ ဘယ်လို)ဘာသာပြန်တာလဲ...အဲဒီတော့ မွတ်ဆလင်တွေ အစ္စလာမ်တွေ နာမည်ပျက်တာဟာ အဲဒီ ဘာသာရေးမှိုင်းတိုက်သွင်းနေတဲ့ မော်လ၀ီ ဗလီဆရာတွေကြီးစိုးနေတဲ့ ဗလီတွေကနေ အစပြုတာပဲ... ဗုဒ္ဓဘာသာဘုန်းကြီးမှာ ဘုန်းကြီး မှတ်ပုံတင်ရှိတယ်....သူတို့မှာ ဘယ်နိုင်ငံက ဘယ်ဘာသာနဲ့ဘာသာပြန်ထားတဲ့ ကိုရန်ဘယ်အခန်းကို အာဂုံဆောင်ပြီး ဘယ်လိုအသိအမှတ်ပြုလက်မှတ်တွေနဲ့ ကျုပ်တို့ရဲ့ ဗမာအစိုးရကကော အဲဒါတွေသိပြီး ဒီမှာ ဗလီဆရာ လုပ်နေတာလဲဆိုတာ အများကြီး ချင့်ချိန်စဉ်းစားစရာပဲ။ ပြသနာတစ်ခုရဲ့အစဟာ မသိနားမလည်ခြင်း (transparency မရှိခြင်း)ကအခြေတည်တာပါ။ ဒီတော့ ဒီဗလီဆရာတွေ....ဘာလဲ..ဘယ်လဲ...ဘယ်သူ သိသလဲ...

    ReplyDelete
  6. www://news.mmsy/news ကိုဝင်ကြည့်မယ်ဆိုရင် စစ်မှန်တဲ့မြန်မာဘာသာပြန်နဲ့ ကိုရန်ကိုဘာသာပြန်ထားတဲ့ဟာကိုတွေ့ရမှာပါ။ အပြင်မှာ မြင်တွေ့နေကြတဲ့ မွတ်ဆလင်တွေရဲ့ attitude နဲ့ ကိုရန်ရဲ့ ပြဌာန်းချက်တွေကွဲလွဲနေတာကို တွေ့ရမှာပါ။ ဒီလိုကွဲပြားနေတာဟာ ဘာကြောင့်လဲ.....ဆိုတာ ဆက်လိုက်ကြည့်လိုက်ရင် အဲဒါကို သင်ကြားဖြန့်ဖြူးနေတဲ့ ဗလီဆရာ (မော်လ၀ီ/ဆူရ်ဖီ/စာပြန်ဆရာ)တွေရဲ့ အာဘော်ဟာ ဘာလို့ မူလပြဌာန်းထားတဲ့ အာရဗီကိုရန်နဲ့လွဲမှားကွဲလွဲနေသလဲဆိုတာတွေ့ရတယ်။ သူတို့ရဲ့ တစ်သီးပုဂ္ဂလနာကျည်းမုန်းတီးမှူ (personal feeling)တွေကို အလာဟ်နာမည် တပ်ပြီး ဖေါက်ခွဲလှူံ့ဆော်နေသလားဆိုတာ တွေးစရာပါပဲ။ အစ်စလာမ်ဆိုတာနဲ့ လူတွေက ရွံ့ကြောက်ကြီး ဖြစ်နေအောင် အလာဟ်ကပြောခဲ့သလား...အဲဒီလို ကိုရန်ထဲမှာပြဌာန်းထားသလား... အဲဒီလိုပြဌာန်းထားတယ်ဆိုရင် ဘယ်ကျမ်းကို(ဘယ်သူက ဘယ်နှစ်မှာ ဘယ်နေရာမှာ ဘယ်လို)ဘာသာပြန်တာလဲ...အဲဒီတော့ မွတ်ဆလင်တွေ အစ္စလာမ်တွေ နာမည်ပျက်တာဟာ အဲဒီ ဘာသာရေးမှိုင်းတိုက်သွင်းနေတဲ့ မော်လ၀ီ ဗလီဆရာတွေကြီးစိုးနေတဲ့ ဗလီတွေကနေ အစပြုတာပဲ... ဗုဒ္ဓဘာသာဘုန်းကြီးမှာ ဘုန်းကြီး မှတ်ပုံတင်ရှိတယ်....သူတို့မှာ ဘယ်နိုင်ငံက ဘယ်ဘာသာနဲ့ဘာသာပြန်ထားတဲ့ ကိုရန်ဘယ်အခန်းကို အာဂုံဆောင်ပြီး ဘယ်လိုအသိအမှတ်ပြုလက်မှတ်တွေနဲ့ ကျုပ်တို့ရဲ့ ဗမာအစိုးရကကော အဲဒါတွေသိပြီး ဒီမှာ ဗလီဆရာ လုပ်နေတာလဲဆိုတာ အများကြီး ချင့်ချိန်စဉ်းစားစရာပဲ။ ပြသနာတစ်ခုရဲ့အစဟာ မသိနားမလည်ခြင်း (transparency မရှိခြင်း)ကအခြေတည်တာပါ။ ဒီတော့ ဒီဗလီဆရာတွေ....ဘာလဲ..ဘယ်လဲ...ဘယ်သူ သိသလဲ...

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။