ယနေ့ည MRTVထုတ်လွှင့်သွားတဲ့မှ သမ္မတဦးသိန်းစိန် မိန့်ခွန်း (ရုပ်သံ)
ရခိုင်ပြည်နယ်အတွင်း ပုဒ်မ ၁၄၄ထုတ်ပြန်ကြေငြာချက်..
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-
မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့...တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စစဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ အစစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဋ္ဌဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ်အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စစဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက်လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း ဇွန်လ ၉ ရက်နေ့ ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြစေချင်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စစဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျစဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စစဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှစဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာ"
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂
၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀
အရေးပေါ်အခြေအနေ ကြေညာခြင်း။
၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ၂၀၁၂ ခုနှစ် ဇွန်လ ...၈ ရက်မှ စတင်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။
၂။ သို့သော်လည်း ဆူပူ အကြမ်းဖက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည် ဖော်ဆောင်ပေးနိုင်စေရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။
၃။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။
၎။ ဤအမိန့်သည် ယနေ့မှ စ၍ နောက်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။
၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။
(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
မိန့်ခွန်း (The Voice ဂျာနယ်)

လေးစားပါတယ်သမ္မတကြီးခင်ဗျား...အကြမ်းဖက်သမားတွေ အခြေချနေထိုင်နိုင်အောင် နိုင်ငံသားစီစစ်ရေးကဒ် တွေကို ဖေါဖေါသီသီထုတ်ပေးတဲ့ လ.၀.က မှ မျိုးဖျက်လောက်ကောင်များကိုလည်း ထိုက်ထိုက်တန်တန် အရေးယူပေးပါခင်ဗျား..တိုင်းရင်းသားစည်းလုံးချစ်ကြည်မှု အဓွန့်ရှည်ပါစေ။
ReplyDeleteFacebook မှာတွေ့တဲ့ စာသားလေးပါ။ မျှဝေပေးလိုက်ပါတယ်။
ReplyDeleteအမေစုကို “ဘာပြောပါ၊ ဘာကြေငြာချက်ထုတ်ပါ” နဲ့ အော်နေကြတဲ့ မိတ်ဆွေများခင်ဗျား။ လေးစားစွာနဲ့ တစ်ခုဘဲ မေးချင်ပါတယ်။ အမေစု လင်ကွဲသားကွဲ
နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရ တဲ့ အချိန်တွေကို မှတ်မိကြရလား။ တိုင်းပြည်အတွက် အသက်ကို လုပ်ကြံခံရတဲ့ အခြေအနေဆိုးတွေကိုကော သိကြပါသလား။
တိုင်းပြည်အတွက် မိသားစု ဘ၀ကြီး တစ်ခုလုံး စွန့်လွှတ်ပေးခဲ့ရတာကို သိကြပါသလား။ ကျွန်တော်တို့/ခင်ဗျားတို့က ဖေ့စ်ဘုတ်ပေါ်မှာ ရေးချင်တာ ရေးလို့ရပါတယ်။ အမေစုတို့လို လူမျိုးကြတော့ ပြောချင်ရာ စွတ်ပြောလို့မရပါဘူး။ သူ့စကားတစ်ခွန်းဟာ တိုင်းပြည် အလှည့်အပြောင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ချင့်ချင့်ချိန်ချိန် ပြောရပါလိမ့်မယ်။ အမေစုကို ဘာပြောပါ၊ ညာပြောပါလို့ သင်ပေးနေရအောင် အမေစုက သူငယ်နှပ်စား မဟုတ်ပါဘူး။ နိုင်ငံတကာ ခေါင်းဆောင်ကြီးတွေတောင်
လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။ ကမ္ဘာ့ခေါင်းဆောင်တွေကတောင် သူ့စကား၊ သူ့မိန့်ခွန်းတွေကို အရေးတယူ နားထောင်နေရတဲ့ သူမျိုးပါ။ သူပြောချိန်တန်ရင်
ပြောသင့်ပြောထိုက်တဲ့ စကားကို ပြောပါလိမ့်မယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်က “ချကွာ၊ သတ်ကွာ၊ ဘင်္ဂါလီကုလားတွေ မျိုးဖြုတ်ကွာ” လို့ ပြောစေချင်လို့လား။
ဒီလိုစကားမျိုးကို အသိဥာဏ်ရှိသော ဘယ်ခေါင်းဆောင်မျိုးမှ ပြောမည်မဟုတ်ပါ။ သမ္မတကြီး ဦးသိန်းစိန်လည်း ပြောမည် မထင်ပါ။
အခုအချိန်မှာ အမေစုကို ဖိအားပေးနေကြသူများဟာ ဒီမိုကရေစီ ဘက်တော်သားယောင် ဆောင်ပြီး အမေစုကို နိုင်ငံရေး သိက္ခာကျအောင် ကြံစည်
လုပ်ကိုင်နေကြသူများလို့ ဒီနေရာကနေ အတိအလင်းကြေငြာပါတယ်။ (ကိုယ်က ဒီလိုလူ မဟုတ်ဘဲ သဘောထားရိုးရိုးနဲ့ ဖိအားပေးမိရင်လည်း ဆက်ဖိမပေးကြဖို့
မေတ္တာရပ်ခံလိုပါတယ် ၊ အရှည်ကို တွေးပါ၊အရှည်ကို ကြည့်ပါ) အခုလည်း ရိုဟင်ဂျာအရေးကို အစိုးရက ထိထိမိမိ ကိုင်တွယ် ပေးနေပါတယ်။ မြန်မာ့တပ်မတော်မှလည်း
သောင်းကျန်းသူများကို ထိရောက်စွာ နှိမ်နှင်းပေးနေပါတယ်။ အရင် မလိုကြပါနဲ့။ နဲနဲစောင့်ကြည့်ပေးကြပါ။ ရိုဟင်ဂျာ မြန်မာ တိုင်းရင်းသားမဟုတ်တဲ့ ကိစ္စထက်
အခုလောလောဆယ် ဆူပူအကြမ်းဖက်မှုများ ငြိမ်ဝပ် အေးချမ်းသွားဖို့ ပိုမိုအရေးမကြီးဘူးလား။ တိုင်းပြည်ကြီး တစ်ခုလုံး ဆူပူပြီး (၈၈)အရေးအခင်းလို
ပြန်ဖြစ်နေချင်ကြသလားဗျာ။ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်လို့ အမေစုကြေငြာဖို့မလို။ သူက အစိုးရအကြီးအကဲလည်း မဟုတ်။ အစိုးရ အကြီးအကဲ ဦးသိန်းစိန်တောင်မှ တိုက်ရိုက် မပြောတဲ့ ကိစ္စကို အမေစုက ဘာလို့ အာချောင်ပြီးပြောရမှာလဲ။ ဒီကိစ္စက မြန်မာနိုင်ငံအတွက် ရေရှည်ဖြေရှင်းရမယ့် ကိစ္စပါ။
အရင်အစိုးရလက်ထက်က လ.၀.က. တွေ လုပ်သွားတဲ့ ချီးထုပ်ကြီးကို ရေရှည် သန့်ရှင်း ဆေးကြောရမယ့် ကိစ္စပါ။ ပြည်သူတွေက တကယ်လိုလားနေတာ မှန်ရင်
အစိုးရပိုင်းကလည်း တဖြည်းဖြည်းနဲ့ ဒီ တရားမ၀င် ဘင်္ဂလီတွေကို မောင်းထုတ်သွား မှာပါ။ ဒီကိစ္စမှာ အမေစုက “ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်ပါ” လို့ ပြောလိုက်ရုံနဲ့ ပြီးစီးသွားမယ့် ကိစ္စမဟုတ်ပါ။ ဒီလို ပြောလိုက်ရုံနဲ့ ပြီးသွားရင် အမေစုက ဘာလို့ နှုတ်ဆိတ်နေစရာ အကြောင်းရှိမလဲ။ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှု များစွာဖြင့် ပေးဆပ်ခဲ့သူ နိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက်ကို ကျဉ်းထဲ ကျပ်ထဲ ရောက်အောင် မလုပ်ကြပါနဲ့။ ကျွန်တော်ပြောတာတွေကို လက်ခံတယ်ဆိုရင် ဒီပို့စ်ကို ထောက်ခံသူအားလုံး ပို့စ်ကို ရှယ်ပေးကြပါ။ ဒီမိုကရေစီ အယောင်ဆောင်/ မျိုးချစ် အယောင်ဆောင် တွေ ကြောင့်
နိုင်ငံခေါင်းဆောင်ကောင်းတစ်ယောက် မဆုံးရှုံးပါစေနဲ့။ အထင်မလွဲကြပါနှင့်။ ကိုယ်ပိုင် အသိဥာဏ်ဖြင့် စဉ်းစားကြပါ။ အမေစုသည် ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏
“မျိုးချစ် သမီးကောင်း” ဖြစ်ပါစေ။ “မျက်ကန်းမျိုးချစ်” ဖြစ်အောင် မလုပ်ကြပါနှင့်။
ကောင်းကင်သစ် (ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုးစစ်စစ်)
နိုင်ငံသားစီစစ်ရေးကဒ် တွေကို ဖေါဖေါသီသီထုတ်ပေးတဲ့ လ.၀.က မှ မျိုးဖျက်လောက်ကောင်များဆိုတာလဲစစ်တပ်
ReplyDeleteကစစ်ဗိုလ်တွေပဲ.
စစ်ဗိုလ်တွေကိုယ်ကျိုးပဲကြည့်.ဒီကုလားတွေကိုနိုင်ငံထဲ
ဆွဲသွင်းခဲ့တာပဲ..
ထိုက်ထိုက်တန်တန် အရေးယူရအောင်.
အရေးယူရမဲ့သူက.သမတရဲ့စစ်တပ်ဖြစ်နေတယ်.ဘာလုပ်
ကြမှာလဲ.တရားခံဟာ.သန်းရွှေပဲ.သန်းရွှေကို.ခုံရုံးတင်ပီး
သေဒဏ်ပေးပါ..
Oh, Mr President! Are you waiting to all of our peoples die? You should know that problems are not small, now you and your government are only control to my Rakhine for not to fight back Kalar, you are not fair, now how we set back our life, all are already ruined under Kalar attack. If you are really want to protect our land, you must throw them out, otherwise we will lost our land as Saint Martin island, Over the case, very clear that are creating behind someone, in taungoke case that killer are not from local (taungoke) people and your army are not control before happening, So what is your plan? Your plan is disappear our state? Bcz this problem base are your La Wa Ka, take money and issue NRIC to klar, we are very disappointment you junta government ,
ReplyDeleteTaungoke Thar
Government want give Rakhine state to Binglar, firstly Saint Martin Island already lost, now Kalar kill Rakhine and plan to make Kalar land and army are still waiting, so there are no choice fight back them, do not wait to army, now you believe that if Rakhine gather and going to fight Kalar, army will shot to Rakhine , so Thein Sein lair ....
ReplyDeleteလက်နက်ကိုင်ချင်း အတူတူ၊ ဘာလို စစ်တပ်ကိုပဲ အာဏာပေးရပါလိမ့်။ ?????
ReplyDeleteNow Thein Sein say that democrats reform will effect because of Rakhine case, this is lair they do not want to change that is why they creat this problem, very clear.
ReplyDelete