7.7.2012 နေ့ စနေနေ့ နံနက် ၉း၀၀ ကနေ စတင်ဖွင့်လှစ်လိုက်တဲ့ All Burma Federation of Student Unions (ABFSU) 7 July နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းတွင် ကျင်းပနိုင်ခဲ့ပါသည်။
ယင်းအခန်းအနားသို့ မြောက်ဒဂုံမြို့နယ်၊ မကွေးပရိယတ္တိ ကျောင်းတိုက်ဆရာတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူငယ်များ၊ ၈၈ မျိုးဆက် ကျောင်းသား၊ ကျောင်းသူများ၊ ဗကသ ကျောင်းသား၊ကျောင်းသူများ၊ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်နှင့် ဓာတ်ပုံဆရာ ကိုအောင်ကို (မိုးသွန်း)၊ မီဒီယာ ဂျာနယ်လစ်များ စုစုပေါင်း တရာကျော်ခန့် တတ်ရောက်ကြပါသည်။
ပွဲမြင်ကွင်းကတော့ မိုးတွေကရွာ၊ ပိတ်ပင်တားမြစ်မှုတွေ ကြားမှ ထီးတွေနဲ့ ကိုယ်စီ ၈၈ မျိုးဆက်ရုံးအတွင်း မဆန့်တော့လို့ လမ်းပေါ်ထိ စည်ကားစွာ ကျင်းပနိုင်ခဲ့ပါသည်။ သို့ပေမယ့် ပွဲမတိုင်ခင် ဇူလိုင် ၆.ရက်နေ့ည ၉း၄၅ က ရန်ကုန်တိုင်းမှ ဗကသအဖွဲ့ဝင်များဖြစ်သော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း မဖြိုးဖြိုးအောင်တို့အား စစ်ဆေးရန်အတွက် ခေတ္တခဏဆိုပြီး အာဏာပိုင်အဖွဲ့အစည်းများက ခေါ်ယူ ဖမ်းဆီးသွားခဲ့ကြောင်း ဗကသအဖွဲ့ကျောင်းသားခေါင်းဆောင် ဥက္ကဋ္ဌ ကိုကျော်ကိုကိုမှ ယင်းအခမ်းအနားပွဲတွင် ပြောကြားခဲ့ပါသည်။
ထိုကဲ့သို့ အလားတူ မနေ့ညက နယ်မြို့တွေက အဖမ်းခံရတဲ့ ဗကသကျောင်းသားတွေကတော့ မန္တလေးတိုင်းမှ ကိုအောင်မှိုင်းဆန်း၊ ကိုအောင်ကျော်မိုး၊ ကိုသန်းထိုက်၊ကိုမင်းခန့်၊ စစ်ကိုင်းတိုင်း ရွှေဘိုမှ ကိုပြည့်ဖြိုးကျော်တို့ယောက်ကျားလေး ၄ ဦးနှင့် မိန်းကလေးတစ်ဦး စုစုပေါင်း ငါးဦး။ မြင်းခြံ (၇) ဦး၊ မုံရွာ (၄) ဦး။ လားရှိုး (၄) ဦး ဗကသ ကျောင်းသားများကို စစ်ဆေးရန်အတွက် ခဏဆိုကာ ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း ရန်ကုန်မှ ဗကသကျောင်းသား လူငယ်တဦးမှ အတည်ပြူ ပြောဆိုခဲ့ပါသည်။ ဖမ်းဆီးထိန်းသိမ်းထားသူ ဗကသကျောင်းသား ခေါင်းဆောင်များအားလည်း ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များအား တောင်းဆိုပါသည်..။

သတင်း၊ ဓာတ်ပုံများ ညီငယ်လင်းဆက် ပေးပို့သည်...။





No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။