Pages

Friday, July 6, 2012

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသားကြီး ဂျက်ကီချန်း၏ မြန်မာပြည် ခရီးစဉ်..

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်) သံတမန် နာမည်ကျော်မင်းသား ဂျက်ကီချန်းသည် ၄င်းတည်းခိုရာ မန္တလေးစီဒိုးနားဟိုတယ်မှ ယနေ့(ဇူလိုင် ၆ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးအမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းသို့ ထွက်ခွာလာသည်။ မန္တလေးတောင်ခြေ အောင်မြေသာဇံမြို့နယ် ဘုန်းတော်တိုးရပ်ကွက်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာကျောင်းသို့ ၈ နာရီ ၄၀ မိနစ်တွင် ရောက်ရှိသည်။

မီဒီယာသမားများနှင့် ဂျက်ကီချန်းအား ကြည့်ချင်သော အားပေးသူ ပရိသတ်များအား ကျောင်းဝင်းအတွင်းသို့ ၀င်ခွင့်မပြုဘဲ လုံခြုံရေးတင်းကြပ်စွာချထားပြီး မီဒီယာသမားများအား သီးသန့်ဓာတ်ပုံရိုက်ခွင့်ရရန် စီစဉ်ပေးမည်ဟု တာဝန်ရှိသူများက ပြောကြောင်း 7Day News ဂျာနယ်သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း ကိုတွေ့ရစဉ်။

7Day News ဂျာနယ် 

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။