Pages

Friday, July 6, 2012

“အနီးမြင် အဝေးထင် တက်တက်စင်အောင်မလွဲဖို့” ဆောင်းပါးရှင် ကျော်သောင်း(ရွှေလုပ်သား)

“အနီးမြင် အဝေးထင် တက်တက်စင်အောင်မလွဲဖို့” 
ဆောင်းပါးရှင် ကျော်သောင်း(ရွှေလုပ်သား)
စစ်တွေမြို့ ဒုက္ခသည်စခန်းတခုမှ တိုင်းရင်းသား ရခိုင်မိသားစုဝင် တစုမြင်ကွင်း
ဒီကနေ့ သတင်းမီဒီယာတွေမှာ ရခိုင်ဒုက္ခ သည်တွေက နိုင်ငံတကာ အလှူတွေကို လက်မခံ ဆိုတဲ့ သတင်းတစ်ပုဒ် တက်လာတယ်။ ကျနော်တို့လည်း ရခိုင် အဓိကရုဏ်း ဒုက္ခသည်တွေ အတွက် တတ်နိုင်သလောက် ကူညီ ထောက်ပံ့နေကြသူတွေ ဖြစ်ကြတာကြောင့် မိတ်ဆွေတစ်ယောက်က အထင်အမြင်တမျိုးနဲ့ မေးလ်နဲ့ လာတာကြောင့်ကျနော်ကြုံခဲ့တာလေးကိုပြောပြ ဖြစ် ပါတယ်။

လမ်းပန်းဆက်သွယ်ရေး အထူးညံ့ဖျင်းပြီး မိုးများတဲ့ ဒီလို ရာသီဥတုမျိုးမှာ ရခိုင်ဒေသကို ရောက်အောင် သွားရောက်ကြတဲ့ ပြည်တွင်း ပြည်ပ ကအလှူရှင် တွေကို အလွန်ပဲ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဆိုးရွားတဲ့ရာသီဥတုကြောင့် လေယာဉ်၊ ကား၊ မော်တော် ဘာမှ ကိုပုံသေတွက်လို့မရတဲ့ ခရီးလမ်းတွေဖြစ်ပါတယ်။ အစားအသောက်နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အိမ်သာနဲ့ ကျမ္မာရေး စောင့်ရှောက်မှုတို့ ဆိုတာလည်း အတော်နုံရှာပါတယ်။

ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ်လျှက် မှာရှိတာကြောင့် မိုးတွင်းကာလတွေမှာ ရက်ပေါင်း များစွာအဆက်မပြတ် မိုးရွာသွန်းခြင်း၊ လေမုန်းတိုင်း ကျရောက်တတ်ခြင်းတို့ကြောင့် မီးဖိုချောင် သုံး အစားအစာတွေ အသုံးအဆောင် အကုန်လုံးကို နွေနှောင်းပိုင်းနဲ့ မိုးဦးကျရာသီတွေမှာ အကုန်စုဆောင်း ထားမှ ထမင်းနပ်မှန်အောင် စားသောက်ရတဲ့ ဒေသဖြစ်ပါတယ်။ ဒီလိုဒေသမျိုးကို ထင်တိုင်းကြဲ စစ်အာဏာရှင်စံနစ်နဲ့ အုပ်ချုပ်လိုက်တော့ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံ ထားရအောင် စုတ်ပြတ်သတ် သွားခဲ့ရပါတယ်။

နကိုကတည်းက ခက်ခက်ခဲခဲ အသက်မွေးဝမ်းကြောင်း ပြုရတဲ့ ဒေသမှာ ရခိုင်ပြည်တွင်းကို နည်းပေါင်းစုံနဲ့ လူဦးရေနဲ့ အခွင့်အရေး အသာစီးရရှိနေတဲ့ ဘင်္ဂါလီလူမျိုးက မီးလောင်တိုက် သွင်းလိုက်တော့ ပြောပြစရာ ဝေါဟာရ နဲ့ နှိုင်းယှဉ်စရာ အသုံးအနှုန်း မရှိတော့ဘူး။

ကျနော် ဘူသီးတောင်မောင်တောမှာ ၁၉၉၃နဲ့ ၁၉၉၉ ခုနှစ်တွေမှာ အရောင်းအ၀ယ်ကိစ္စတွေနဲ့  အသွားအလာ ရှိနေခဲ့ပါတယ်။ စာရေးခြင်းကို ၀ါသနာပါသူပီပီ ရောက်လေရာဒေသကို အထူးသတိပြုလေ့လာ မှတ်သားပါတယ်။ ကျနော်က ရခိုင်ပြည်နယ် အလယ်ပိုင်း ကျောက်ဖြူ ဇာတိ ဖြစ်လေတော့ ဘူးသီးတောင် မောင်တော ဆိုတာ အသွင်အမြင် လုံးဝ နီးပါး ကွာခြားတဲ့ဒေသလို့ ပြောရပါမယ်။

 မြင်ကွင်းတွေကတော့ ဘူးသီးတောင်မောင်တော မြို့တွေမှာ ရခိုင်လူမျိုးတွေကို လက်ချိုးရေလို့ ရပါတယ်။ ဈေးမှာ တစ်နေ ကုန်ထိုင်နေလို့ရခိုင်နဲ့ ဗမာတစ်ယောက် မြင်ရဖို့ဆိုတာ မလွယ်လောက်အောင်ကို ဘင်္ဂါလီလူဦးရေများ နေပါတယ်။ ဘင်္ဂလားဒေ့ခ်ျကို ရောက်နေတယ်လို့ ပြောလို့တောင်ရမယ် ထင်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ဖက် မှာတည်ရှိတဲ့ မြစ်ချောင်းတွေမှာ ဂျွန်ဆင်(စပိဘုတ်)ဆိုတာ ကုလသမဂ္ဂ အဖွဲ့အစည်း မှာသာရှိပါတယ်။ အဲဒီရေပေါ် လျှပ်ပြေး ရေယာဉ်တွေကို ကုလားဖြူလို့ ခေါ်တဲ့အင်္ဂလိပ်တွေနဲ့ ကုလားမဲလို့ ခေါ်တဲ့ ခေါ်တော(ခ) ဘင်္ဂါလီ ကုလားတွေသာ မောင်းနှင်ကြပါတယ်။
ဇွန်လ ၂၁ရက်နေ့က စစ်တွေမြို့ အင်ဗာလာ ရပ်ကွက်မှ ဘင်္ဂါလီများအား သဲချောင်းရွာသို့ လုံခြုံရေးတပ် အကူအညီဖြင့် ပြောင်းရွှေ့လာစဉ်..
ခြစားမှုစနစ်နဲ့ လည်ပတ်နေတဲ့ စစ်အာဏာရှင်အောက်မှာ ၀န်ထမ်းတွေက ဟောက်စား၊ ခြောက်စား၊ ခိုးစားမှ စားရတဲ့သူတွေပါ။ လမ်းကြောင်းတွေကတော့ - - - နေ၀င်ရီတရော အချိန် မောင်တောက ထွက်တဲ့ကား ဘူသီးတောင်ကို လာတဲ့လမ်းတလျှောက် ဂိတ်တွေ မှာ နယ်စပ်ကဖြတ်ကျော်လာတဲ့ ဘင်္ဂါလီတွေကို ဓါတ်မီးထိုးပြီး ခေါင်းရေတွက်လိုက်တယ်။ ကားခေါင်းခန်း မှာစီးလာတဲ့ ဘင်္ဂါလီ သူဌေးက ကြွပ်ကြွပ်အိပ်နဲ့ ထည့်ပြီးတော့ ငွေတွေကို ပေးလိုက်တယ်။ ဒီလူတွေ ဘူးသီးတောင် သင်္ဘောဆိပ်မှာ တစ်ညအိပ်တယ်။ မနက်မိုးလင်းတော့ စစ်တွေသင်္ဘောပေါ်မှာ ရောက်နေပြီ။ ဘူးသီးတောင် က မနက်ပိုင်းထွက်တဲ့ နှစ်ထပ်သင်္ဘောတွေက ညနေ ၅နာရီလောက်ဆိုရင် စစ်တွေ ဆပ်ရိုးကျချောင်း သင်္ဘောဆိပ်ကို ၀င်တယ်။ နယ်စပ်ကလာတဲ့ ဘင်္ဂါလီတွေကို ဆိပ်ကမ်း ကိုတက်စရာ မလိုပဲ နာဇီရွာကို တစ်ယောက် ကျပ်ငွေ၅၀၀နဲ့ လှေသမ္ဗာန်တွေနဲ့ ပို့ပေးလိုက်တယ်။
ဇွန်လ(၂၃)ရက်နေ့က စစ်တွေမြို့နယ် ဘင်္ဂလီများနေထိုင်ရာ သံတော်လီရွာမှ အကြမ်းဖက် လူသတ်၊ မီးရှို့သူများအား လုံခြုံရေးတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးစဉ်က ဘင်္ဂလီရွာသားများအား တွေ့ရစဉ်
စစ်တွေက တစ်ဆင့် ငါးဖမ်းစက်လှေတွေနဲ့ ဂွ၊ သံတွဲ၊ ကျောက်ဖြူနဲ့ ကျောက်နီမော် ဆိုတဲ့ နေရာတွေကို တဖြည်းဖြည်းခြင်း ပို့ဆောင်ပေးတယ်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအထဲကို နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက် သွားခဲ့ကြတယ်။

နောက်တစ်နည်းက မောင်တောနဲ့ သုံးမိုင်လောက် အကွာမှာရှိတဲ့ ကုလသမဂ္ဂ ရုံးရှိတယ်။ အဲဒီ ကုလ တံဆိပ်တွေ ကပ်ထားတဲ့ ကားနဲ့မောင်တောက ဘင်္ဂါလီတွေကို တင်ပြီးသွားရင် ဂိတ်တွေမှာ စစ်ဆေးမခံရဘူး။ နေ့တိုင်း၊ အချိန်တိုင်း အဲဒီ ကုလသမဂ္ဂကားတွေနဲ့ ဘူးသီးတောင်ကို ပို့နေတယ်။ စပိဘုတ်တွေ၊ နှစ်ထပ် သင်္ဘောတွေနဲ့ ကုလ တံဆိပ်ပါ အင်ဂျီအိုတွေ လက်ဆွဲအိပ်တွေ အထုတ်အပိုးတွေနဲ့ ကုလသမဂ္ဂ ၀န်ထမ်းလိုလို ပုံမှားရိုက်ပြီး ရခိုင်နဲ့ မြန်မာပြည်တွင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ဘင်္ဂါလီတွေကို ပို့ဆောင်ပေးနေတာကို မြင်တွေကြရမှာ ဖြစ်ပါတယ်။

နဂိုကတည်းက မြန်မာစစ်သားတွေကိုကြောက်၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အင်ဂျီအိုတွေရဲ့ လုပ်ရပ်တွေကို ကို ရွံချာစက်ဆုတ် နေခဲ့ရတဲ့ ဒေသခံ ဗမာနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဒီကနေ့ လာလှူပါတယ် ဆိုတဲ့ နိုင်ငံတကာ အလှူတွေကို လက်မခံတာကို လက်မခံရ ကောင်းလားလို့ အပြစ်မြင်လို့ သင့်တော်ပါ့မလား။ ပရော်ဖက်ရှင်နယ် အလှူရှင်တွေ ဘယ်လောက်ရိုးသားမှု ရှိသလဲ။ အင်ဂျီအိုတွေရဲ့ အထာကို ပြည်တွင်း ကလူတွေ မသိတောင် ပြည်ပကလူတွေ သဘောတော့ ပေါက်သင့် ပါတယ်။

ထူးခြားချက်။ ။ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် မြို့တိုင်းတွင် ဘင်္ဂါလီလူမျိုးများ ရှိကြသော်လည်း အမ်းမြို့နှင့် မာန်အောင်မြို့တို့တွင် မည်သည့် ဘင်္ဂါလီလူမျိုးကိုမှ အခြေချ နေထိုင်ခွင့် ယနေ့တိုင်မပြုပါ။

၂၀၁၂ ဇူလိုင် ၅ ကျော်သောင်း 
ရင်းမြစ် http://goldenworkers.blogspot.jp/2012/07/blog-post_05.html
ဓာတ်ပုံများ... ဒီမိုဝေယံ သတင်းထောက် (ခေတ္တစစ်တွေ)

14 comments:

  1. ဘင်္ဂါလီတွေကို ဒီလိုသာ ဖွင့်ပေးထားလို့ကတော့ ကျနော်တို့နိုင်ငံ မကြာမီ သူတို့တွေနဲ့ ပြည့်နှက်သွားပါတော့မယ်။
    နောက်ထပ်ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်လေးသိန်းကျော်ကို လက်ခံဘို့လဲ ဒု နိုင်ငံခြားရေးဝန်ကြီးက ကတိပြုခဲ့တယ်လို့ သိရပါတယ်။
    စီမံချက်နဲ့သူတို့ လူဦးရေ လွှမ်းမိုးပြီး အစ္စလာမ်မစ်နိုင်ငံထူထောင်ဘို့ လုပ်နေတယ်ထင်ပါတယ်။
    အိန္ဒိယလို နိုင်ငံကြီးတောင် ဘင်္ဂလားနယ်စပ်ကို သံဆူးကြိုးခတ်ပြီး စက်သေနတ်တပ်ဆင်ထားတဲ့ မျှော်စင်ကြီးတွေ၊ အမြဲတမ်း ကင်းလှည့်နေတဲ့ စစ်သားတွေနဲ့ ခိုးဝင်လာသူတွေကို ပစ်သတ်နေတာပါ။
    မြန်မာပြည် ထင်တိုင်းကြဲစစ်အာဏာရှင်တွေလုပ်ပုံနဲ့တော့ ရင်လေးစရာ ကောင်းလှပါတယ်။

    ReplyDelete
  2. Any kind of Kalar can not come to Taunggok also, no kalar in my home town Taunggok .

    ReplyDelete
  3. မောင်မောင်July 7, 2012 at 1:54 AM

    မှန်ပါတယ်၊ဆောင်းပါးရှင်ရေးထားတာတွေကရောက်ဖူးသူတိုင်းသိကြပါတယ်။ပြောခွင့်မရလို့ ငြိမ်နေကြရတာပါ။အခုတော့ပြောနိုင်ခွင့်လေးတွေရှိလာပြီ၊ဆောင်းပါးရှင်ထည့်မရေးသေးတာတွေလည်းအများကြီးကျန်ပါသေးတယ်။သွားကြည့်လိုက်ရင်ဒီထက်ဆိုးတာတွေအများကြီးပါ။ngoတွေမကောင်းသလို၊သူတို့ ၀န်ထမ်း(မြန်မာနိုင်ငံသားဆို တာတွေက ပိုဆိုးနေတာ)တွေအကြောင်းပါသိလာပါလိမ့်မယ်။အစိုးရ၀န်ထမ်းလာဘ်စားတာက၊မလောက်ငှလို့ ပါလို့ပြောရင်လူကြားကောင်းပါသေးတယ်။ngoတွေငွေရှာတာကတော့၊အလှူရှင်တွေကိုစော်ကားနေသလိုဘဲ။သူတို့စားလို့ကျန်တာလေးလာပေးတာကို၊လက်ခံရလောက်အောင်၊ရခိုင်သားတွေမအပါဘူး။နောက်ပြီး၊အရင်က ရခိုင်တွေကိုလာပြီးကူညီတာမရှိခဲ့ပါဘူး။ဒါလည်းအမှန်ပါဘဲ။အလိုတော်ပြည့်ဆရာတော်ကိုထောက်ခံသလို။ဆောင်းပါးရှင်ကိုလည်းချီးကြူးပါတယ်ဆက်ရေးပါဗျာ။

    ReplyDelete
  4. bu dah har kalar gyi par.

    ReplyDelete
    Replies
    1. မရေးတက်ရင်မရေးပါနဲ့ ဟိုမရောက်ဒီမရောက်နဲ့ကွာ

      Delete
  5. You means Buddha is Kalar Gyi? If you say so Kalar must eat pork? Bcz Buddha eat pork!! That is totally different do not compare with Buddha , Kalar is Kalar , Khotoe is Khotoe, Bingarli is Bingarli , if you want to say that you ask all of your Kalar for eat pork first..

    ReplyDelete
  6. That's right!!
    We agree with you.
    Buddha is Buddha and kalar is kalar.
    No need to compare.

    ReplyDelete
  7. ချင်းလေး..{ sizang } 1.အာဖကန်နစ်စတန်.နိုင်ငံက.မူလဘာသာ.buddha.2.တူရကီနိုင်ငံ.မူလဘာသာ.ခရစ်ယာန်.3.အင်ဒိုနီးရှားနိုင်ငံ.မူလဘာသာ.buddha.4.မလေးရှားနိုင်ငံမူလဘာသာ.buddha.5.ပါကစ်စတန်နိုင်ငံမူလဘာသာ. hindu.6.bangaladeshနိုင်ငံမူလဘာသာ.hindu.{ 7 } ?????????စီမံချက်နဲ့ သူတို့ လူဦးရေလွမ်းမိုးပြီး.မူစလင်နိုင်ငံထူထောင်ဖို့ပ်နေတယ်ထင်တယ်.မြင်တယ်ဆိုတဲ့.မျိုးချစ်သူရဲကောင်းအပေါင်းတို့ အားလေးစားလျှက်.အနောက်ဘက်တံတိုင်းရွှေရခိုင်ရေးအတွက်စိတ်ပူမာန်ထွက်ဖြစ်နေကြသောအမျိုးသားကောင်း.အမျိုးသမီးကောင်းများ..အားလုံး.အားလုံးပေါ့ဗျာ.လေးစားပါကြောင်းးး

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ya. ka lar gyi bu dah har pork eat pyi ma la ki ya tar naw.

    ReplyDelete
  10. you will like it.

    ReplyDelete
  11. ယခုဆောင်းပါးရေးတဲ့သူဟာလည်း ရခိုင်အမျိုးသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်တယ်ဆိုတာကို သိရပါတယ် သို့သော် နိုင်ငံရေးလိုလို အလုပ်သမားလိုလို လုပ်ရင်း အလုပ်သမားရေးလုပ်တာဟာ စီးပွါးဖြစ်လုပ်ငန်းတခုအဖြစ်သိမြင်လာကာ ဘန်ကောက်ပတ်ဝန်းကျင် ဧရိယာမှာ သင့်မြတ်သူမရှိသလောက်နှင့် ရိုးသားသော မြန်မာအလုပ်သမားများအပေါ် အမြတ်ထုတ်ကာ လုပ်စားနေသူဖြစ်ပါတယ် သူနှင့် ရေရှည်လက်တွဲလုပ်ကိုင်လို့ မရသူဖြစ်ပါတယ် ရိုးသားသူတဦးတယောက်မဟုတ်တာကို သူနှင့် အရင်းနှီးဆုံး ဆက်ဆံဘူးသူတိုင်းအသိဆုံးဖြစ်ပါတယ်

    ReplyDelete
  12. ထိုဆောင်းပါးရှင်မှာ BAT ဟုခေါ်တွင်သော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့တွင် တာဝန်ခံ ဒါရိုက်တာ တာဝန်ယူထားသော ရခိုင်အမျိုးသားတစ်ဦးဖြစ်ပါသည်။ယခုအခါတွင် ဘန်ကောက်မြန်မာသံရုံးမှ ငွေကြေးကူညီထောက်ပံ့ပေးသဖြင့် သူတစ်ဦးတည်းရှိသော အဖွဲ့ကို MAT ဟု အမည်ပြောင်းခဲ့သူဖြစ်သည်။ သူကိုယ်တိုင်က NGO များကို မကောင်းပြောနေသော်လည်း သူကိုယ်တိုင် NGO ပိုက်ဆံကို စားနေသူဖြစ်ပါသည်။ သတင်းထောက်လုပ်စားနေသူဖြစ်ပါသည်။ မြန်မာရွှေပြောင်းအလုပ်သမားယာယီပါတ်စပို့ ရုံးခွဲဖွင့်ကာ လုပ်စားနေသူဖြစ်ပါသည်။ ဆောင်းပါးရှင်ကိုယ်တိုင် မည်သူတစ်ဦးတစ်ယောက်ကို ကူညီခဲ့ဘူးပါသလဲ သူကိုယ်တိုင်သည်ပင်လျှင် သူများကို ကြွေးဘို့နေနေသာသာ သူများထံမှ ပြန်စားသူဖြစ်ပါသည်။ လူရှေ့တွင်တော့ အပြောကောင်း အဟောကောင်း နှင့် လုပ်စားနေသူဖြစ်ပါသည်။ အဆိုပါဆောင်းပါးရှင်မှာ ရခိုင်လူမျိုးဖြစ်ပါလျှက်နှင့် သူကောင်းစားမည်ဆိုလျှင် ရခိုင်လူမျိုးကိုပင်မပြောနှင့် သူ့အဖေကိုတောင် နင်းချရန် ၀န်မလေးဘူးဟုပြောခဲ့ဘူးသည်ကို ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးများက လုံးဝကျေနပ်ခြင်းမရှိဘဲ ဒေါသဖြစ်နေလျှက်ရှိကြသည်။ ဒေါ်အောင်ဆန်းစုကြည်လို သူမျိုးကိုပင်လျှင် ဘန်ကောက်ကိုလာစဉ်အခါက သူနှင့် သီးသန့်တွေ့ဆုံခွင့်မရခြင်း အင်တာဗျူးမရခြင်းတို့ကြောင့် အခဲမကြေခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချခဲ့သူ ဖြစ်ပေသည်။ ဆောင်းပါးရှင်သည်ပင်လျှင် ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံရောက်ရှိလာခြင်းမှာ လူအများအစဉ်အလာအရ အခမဲ့လုပ်ကိုင်စားသောက်လာသော အများပိုင်အင်းကို လေလံဆွဲသဖြင့် တစ်ရွာလုံးနှင့်တစ်ယောက် တရားရုံးတွင် အမှုရင်ဆိုင်ပြီး ၀န်ထမ်းများအား လာဘ်ငွေထိုးပြီး အမှုနိုင်အောင် လုပ်ဆောင်ခဲ့ပြီး အမှုရှုံးသောအခါတွင် ကုန်ကျခဲ့သောငွေများကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသဖြင့် ထိုင်းနိုင်ငံဘန်ကောက်သို့ ရောက်ရှိလာခဲ့ပြီး အခြားရခိုင်လူမျိုးတစ်ဦး၏ အကူအညီဖြင့် ဖယောင်းမိုလုပ်ကိုင်ရင်း နိုင်ငံရေးလောကသို့ ကိုမြင့်ဝေ ကိုဌေးဝင်းတို့နှင့် ဆက်စပ်ပြီး ၀င်ရောက်လာကာ သတင်းအဖြစ်နှင့် သတင်းများရေးကာ ပိုက်ဆံရှာဖွေသော အလုပ်၊ အလုပ်သမားရေး ပိုက်ဆံရှာကာ ကရင်ဗမာကပြားမ (မြန်မာနိုင်ငံ ရန်ကုန်တွင် လင်ရှိ) မိန်းမတစ်ဦးနှင့် ခိုးပေါင်းနေထိုင်ပြီး လူအများရှေ့တွင် ဇနီးမယားတစ်ဦး အဖြစ်မပြောဘဲ ပေါင်းသင်းနေထိုင်သူဖြစ်ပါသည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။