Pages

Friday, July 27, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေ အလှူ ကာတွန်းပြပွဲ (သတင်း၊ ဓာတ်ပုံ)

ကာတွန်းဆရာကြီး ရွှေမင်းသား
ကာတွန်းဆရာ စိုးစံဝင်း
ကာတွန်းဆရာကြီး ဦးဖေသိန်း(ကွယ်လွန်)၏ဇနီး အန်တီနွယ်
ဆရာဦးမိုးသူ(ဘကြီးမိုး)နှင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်
တက်ရောက်လာသော ဆရာကြီးများသို့ ကာတွန်းစာအုပ်များလက်ဆောင်ပေးနေစဉ်
ဆရာကြီးဦးမိုးသူ(ဘကြီးမိုး)မှ ကျေးဇူးတင်စကားပြောကြားစဉ်
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အဖွင့်အမှာစကားပြောကြားစဉ်
ဆရာ၊ဆရာမကြီးများ ကာတွန်းပြပွဲသို့ တက်ရောက်လာကြစဉ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေ အလှူ ကာတွန်းပြပွဲ (သတင်း၊ ဓာတ်ပုံ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရံပုံငွေ အလှူ ကာတွန်းပြပွဲအား ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ လောကနတ် ပန်းချီပြခန်း၌ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။

(ကာတွန်းကွန်ယက်-မြန်မာ)မှ  ကာတွန်းဆရာ (၆၀) ဦး၏ ကာတွန်းပုံပေါင်း (၁၆၆)ပုံအား ခင်းကျင်း ပြသခဲ့ပါသည်..။ အဆိုပါအခမ်းအနားသို့ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ဆရာမောင်မိုးသူ(ဘကြီးမိုး)၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းကိုမောင်မောင်၊ ကာတွန်းဇော်ဝိတ်၊ ကာတွန်းစိုးစံဝင်း၊ ကာတွန်းဝလုံး၊ ကာတွန်းအောက်တိုဘာ အောင်ကြီး အစရှိသည့်နာမည်ကြီး ကာတွန်းဆရာများနှင့် သတင်းမီဒီယာများမှ သတင်းထောက်များ တက်ရောက် ခဲ့ကြပါသည်။ 

ဖွင့်ပွဲ အခမ်းအနား၌ သတင်းဆရာကြီး ဟံသာဝတီဦးဝင်းတင်မှ အမှာစကား ပြောကြားခဲ့ပြီး ကာတွန်းဆရာကြီး ဦးဖေသိန်း(ကွယ်လွန်)၏ဇနီး ဒေါ်နွယ်မှ ဆရာကြီးဦးဖေသိန်း၏ ကာတွန်းစာအုပ် ရောင်းရသော အမြတ်ငွေ(၂၀)ရာခိုင်နှုန်းအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှုဒါန်းခဲ့ကြောင်း သိရှိရပါသည်။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

1 comment:

  1. နှစ်ပေါင်း(၅၀)လောက် ပြောသံတောင် မကြားရလောက်အောင် ဖျောက်ဖျက်ခံထားရတဲ့ အမေဒေါ်ခင်ကြည်ကို ဂုဏ်ပြုကြတာ ၀မ်းသာစရာပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။