ဇူလိုင်လ ၈ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အင်တိုင်းလေးအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တင် ရုံးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ လုပ်အားပေး နေတဲ့အကြောင်း ဟွန်း(လော်စပီကာ) ဖွင့်ပြီး ဟောပြောပွဲ ပြုလုပ်မရစေရန် နှောင့်ယှက်ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မည့် သူများထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေစည်းရုံးရေးမှူး ပါဝင်နေသည်ဟု သိရှိရသဖြင့် (၇.၇.၂၀၁၂)နေ့က မနှောင့်ယှက်ပါရန် ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးငြိမ်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းမှ မနှောင့်ယှက်ရန် ပြောထားမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့မှာတော့ နှောင့်ယှက်ခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့ နှောင့်ယှက် ဟန့်တားခြင်း ပြုရန်အတွက် အင်တိုင်းလေးကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုး(ဘ)ဦးသောင်း ထံသို့ ကြံ့ခိုင်ရေးပါတီမှ ကိုတင်မြင့်(ဘ) ဦးမြငြိမ်းနှင့် ကိုမောင်ဝင်း(ဘ) ဦးခင်မောင်တို့နှစ်ဦးမှ စက်ဖွင့်ခွင့်အတွက် သွားရောက်တောင်းခံရာ အချိန်(၁)နာရီသာ ဖွင့်ခွင့်ပြုခဲ့သည်ဟု သိရပါသည်။
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနေ့တွင် ကြံခိုင်ရေးပါတီမှ အသံချဲ့စက်ဖြင့် ကျေးရွာလုပ်အားပေး နေတဲ့အကြောင်း ပြောနေပါသဖြင့် ခရိုင်ရဲမှူးကြီး ဦးမြင့်ထူးထံသို့ တိုင်ကြားခဲ့ပါသည်။ ထိုအခါ ရဲမှူးကြီးမှ မိမိသည် ကသာဘက်တွင် ခရီးလွန်နေသည်က တစ်ကြောင်း၊ မှုခင်းမဟုတ်သဖြင့် ကော်မရှင်သို့သာ ဆက်လက်တိုင်ကြားရန်လပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခင်ဦးမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မရှင်ဥက္ကဌထံသို့ တိုင်ကြားသော်လည်း အကြောင်းမထူးသဖြင့် ခရိုင်ကော်မရှင်အုပ်ချုပ်ရေးမှူး ဦးလှဦးထံသို့ ထပ်မံတိုင်ကြား ခဲ့ပါသည်။ အဆိုပါ နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ဆိုင်ရာကော်မရှင် အဆင့်ဆင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ ဆက်လက် တင်ပြသွားမည်ဟု သိရပါသည်။
ကျွန်ုပ်တို့ ဖြစ်လိုသည်မှာ အထက်တွင် မည်မျှပူးပေါင်း ဆောင်ရွက်နေသည် ဆိာသော်လည်း အောက်ခြေအဆင့် ရပ်ကျေး၊ ရွာများတွင် ကြံ့ခိုင်ရေးပါတီဝင်များ၏ ယခုကဲ့သို့ မလိုလားအပ်သော လုပ်ရပ်များကြောင့် သမ္မတကြီးဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌကြီး ဦးသူရရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းစဉ် ပျောက်ဆုံးမည်ကို တွေးကြောက်မိပါသည်။ သို့ဖြစ်ပါသဖြင့် သမ္မတကြီးတို့မှ ယခုကဲ့သို့သော နှောင့်ယှက်မှုမျိုး မဖြစ်ပေါ်စေရန် အောက်ခြေ အဆင့်ဆင့်သို့ ညွှန်ကြားလွှာများဖြင့် တားမြစ်ပေးသင့်ပါကြောင်း အသိပေးအပ်ပါသညါ။



ကြံ့ဖွတ်တွေရဲ့ ညစ်ပတ်နည်းတွေကလဲ စုံလှပါပေ့ဗျာ။
ReplyDeleteဥာဏ်များလိုက်ပုံကလဲ ဘင်္ဂါလီတွေကတောင် အကိုကြီးခေါ်လောက်ပါပေရဲ့.
သင်တန်းတွေများ သေချာပေးထားသလား မသိ။
ကျွှန်တော်ကဘယ်ဘက်မှပါလို့ ပြောတာမဟုတ်ဖူး။ကျွှန်တော့်သိတဲ့ရွာခံကပြောတာကတော့nldကစပြီးမခံချင်အောင်လုပ်တယ်ပြောတယ်။စပြီးလုပ်တဲ့သူကမှားတယ်လို့ ပြောချင်တယ်။နိုင်ငံရေးကိုသိက္ခာရှိစွာလုပ်ကြပါလား။မဲတုံးကလဲဖရောင်းမသုပ်ဘဲသုပ်တယ်ပြောတာတော့မကောင်းပါဗူးဗျာခုလိုပြောတော့လဲတစ်ဖက်ကိုပါတယ်ထင်အုံးမယ်။ထင်လဲမှားနေတာကိုတော့ပြောရမှာဘဲ
ReplyDeleteအင်တိုင်းလေးကျေးရွာအုပ်စုမှ ရွာသစ်ကုန်းကျေးရွာဆိုတာ ကြံ့ခိုင်ရေးရွာတစ်ရွာဖြစ်ပါတယ်ခင်ဗျာ၊ NLDက စပြီးမခံချင်အောင်လုပ်တယ်ဆိုသောအပိုင်းမှာ အလိုအလျောက်ကို NLD ကို အမြင်မကြည်လင်နေတဲ့သူတွေ ပြောနေတဲ့အပြောဖြစ်ပါလိမ့်မယ်ခင်ဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ယခုဖြစ်စဉ်မှာ ကျွန်တော်က ပါဝင်လိုက်ပါသွားခဲ့သူတစ်ယောက်ဖြစ်နေလို့ပါပဲ၊ အဆိုပါ လုပ်အားပေးလုပ်ငန်းတွင်လည်း ကလေးငယ်များ မနိုင်ဝန်ထမ်းရွက်နေသည်ကို အမှန်တကယ် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပါကြောင်း၊ (သာမန်ပြည်သူတစ်ဦး)
ReplyDeleteအမလေးကွာ။ အတိုင်အကျောကလည်း ထူလိုက်တာ...ပုရွက်ဆိတ်ကိုက်လဲ တိုင်၊ ယင်ကောင်အုံလည်း တိုင်တယ်.....စိတ်ညစ်စရာကြီး
ReplyDeleteတိုင် တိုင်
ReplyDeleteတဖက်နှင့်တဖက်ပြေပြေလည်လည်ဆက်ဆံဒါတော့အကောင်းဆုံးဘဲ့လေ။
ReplyDeleteတကယ်နှောက်ယှက်တာမှန်ရင်လဲအမေစုနှင့်သမ္မတကြီးနှင့်တိုင်းပြည်ကောင်းအောင်အစွမ်းကုန်ကျိုးစားနေချိန်မို့သီးခံကြပါ။
အင် ..အရင်ကတော့ လုပ်တိုင်းခံရ ခံရတိုင်းလဲ
ReplyDeleteဘယ်သူမှမသိ.. ခုကြတော့ ပြည်သူတွေကလဲ
မျက်မုန်းကြိုးနေတာ တမင်လုပ်ယူ နေတာမှ
မဟုတ်ပဲ...ကျွန်တော့်အမြင်တော့ လုပ်အားပေး
မှာ အကျီင်္မှာ တံဆိပ်တပ်ထားသူတွေ အလုပ်ချိန်
ကြတော့ တယောလေးထိုး အလုပ်ပြီးရင်တော့
ဘီလူးဆိုင်းတီး တဲ့ဟာလေးတွေ မရှိသင့်တော့
ဘူးထင်တာပဲ။။အဲ့ သူတို.ကိုယ်တိုင် ၀င်လုပ်ရင်
တော့ကောင်းတာပေါ့ဗျာ။။နာလည်မှုလေး
တွေ တိုးတက်လာဖို. အရမ်းလိုနေသေးတယ်။
ဗမာကွ..တောင်ကျောင်းဘုန်းကြီးနဲ့ မြောက်ကျောင်းဘုန်း ကြီးတွေကို ကျောင်းသားတွေက ၀ိုင်းမြှောက်ပေးကြလို့..ဘုန်းကြီးတွေ..ဆွမ်းခံကြွရင်း....... အပြေးပြိုင်ခဲ့ကြသေးတာဘဲ....အခုလဲ..NLD နဲ့ ကြံ့ဖွံ့တို့ ကို ၀ိုင်းမြှောက်ကြတော့လဲ..ဖြစ်ပေတော့မပေါ့....
ReplyDeleteအဖြစ်မှန်တင်ပြကြတာဘုန်းကြီးနှင့်ဥပမာ
Deleteပေးပြီးမခြိမ်းခြောက်ပါနှင့် အတွင်းစိတ်
အရေးကြီးတယ် ။
မတရားလို့မတရားတဲ့အကြောင်းပြောတာဒါကို
ReplyDeleteဘာသာရေးနှင့်ဝင်ဥပမာဝင်မပေးပါနှင့်။