အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးတင်သွင်းသော အဆိုအပေါ် အမေစု သဘောထား...
သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်က " Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ငှင်းတို့၏ ရွှေ့ ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဒီကနေ့ ဇူလိုင်(၂၅) ရက်နေ့ တွင် သဘောတူလိုက်သည်...
အထက်ပါ အကြောင်းအရာနှင့် ပါတ်သတ်ပြီး အမေစု အင်တာဗျူးတိုလေးကို ဖေ့ဘွတ် သူငယ်ချင်းများကို လက်ဆောင် ပေးလိုပါသည်... စေတနာ ပိုစွာဖြင့် ကျတော့လက်ရာ အမေ့ ဓါတ်ပုံလေးပါ တင်ပြီး လက်ဆောင် အဖြစ်ပေးပါသည်။
NHK အမေး... ဒီကနေ့ ဆွေးနွေးတဲ့ အဆိုအပေါ်မှာ အန်တီသဘောထားလေး သိချင်ပါတယ်...
အဖြေ... အဲ့ဒါ အန်တီတို့ ကတော့ ဖြစ်သင့်တယ်လို့ ထင်တယ်... တကယ် ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေ မှာဆို ဒီလိုပဲ လုပ်ကြတာပဲလေ... အဲ့တော့မှလဲ အစိုးရ အဖွဲ့ဝင်တွေက သန့်သန့်ရှင်းရှင်း နေဖို့ရာ လိုအပ်လာမှာပေါ့... ဥပမာ --- ၀န်ကြီး မဖြစ်ခင်တုန်းက အိမ်တစ်လုံးနဲ့ ၀န်ကြီးဖြစ်ပြီးတော့ အိမ်ဆယ်လုံး ဆိုရင်တော့ ဒါမေးစရာ ဖြစ်မယ်... အဲ့ဒါတွေကို ကာကွယ်ဖို့အတွက် ဒီလို ဥပဒေတွေ ထုတ်ကြတာပဲ...
NHK အမေး... အန်တီကရော အားရရဲ့လား... အဆိုအပေါ်မှာ ... အဖြေ... အင်း... သူ့ရဲ့အဆိုအပေါ်မှာ အားရပါတယ်... ဒါက အဆိုက ရိုးရိုးလေးပဲလေ... နောက်တော့မှ ဒါကို အခြေခံပြီး ဆွေးနွေးရမှာပေါ့... သားတို့ရော သဘောမတူဘူးးးးလား... (သံပြိုင်- တူပါတယ်)...

ပြည်ထောင်စုလွှတ်တော်သို့ အ၀င်တွင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
သတင်း၊ ဓာတ်ပုံ ကိုမောပြေ (Maw Pyay)
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။