ဇူလိုင် ၁၂ရက်နေ့က လွှတ်တော် အစည်းအဝေး တက်ရောက်လာတဲ့ ဘုန်းနှင့်ကံနှင့် သဇင်နီ အမေစု
ဘုန်းနှင့် ကံနှင့် သဇင်နီ (၂)(ကဗျာရှင် နေရဲနီ)
ဘုန်းကံဟူသည်
ပိင်္ဂ္ဂုတ္တရလုလင်သည်
ဥဒုမ္ဗရ ဒေဝီ၏ ဘုန်းကံအရှိန်အဝါကို
မခံနိုင်သောကြောင့်
လမ်းခရီး၌ပင် စွန့်ခွာပစ်သွားခဲ့၏။
(မဟောသဓာဇာတ် ဘုန်းရှိဘုန်းမဲ့ ပြဿနာ)
ဘုန်းကံတို့၏ အရှိန်အဝါ
မင်းတုန်းမင်းနှင့် ငပိုက်ကြီး
မြင်ကွန်း မြင်းခုန်တိုင် အရေးတွင်
မြင်းကွန်းမင်းသား ညီနောင်တို့သည် ငပိုက်ကြီးဆိုသူအား
ခမည်းတော် မင်းတုန်းမင်းအား လုပ်ကြံရန် တာဝန်ထား၏။
မင်းတုန်းမင်းအား ငပိုက်ကြီးသည်
တစ်ယောက်ချင်း တွေ့သော်ငြားလည်း
ဓားကိုင်လျက်က ကြောက်ဒူးတုန်နေ၏
"ဟဲ့ ငပိုက်ကြီး ဓားကြီးနဲ့ ဘယ်လဲ"
"မှန်ပါ သားတော်နှစ်ပါးက လွှတ်လိုက်လို့ပါ"
"ဒါဆို ငါ့သစ္စာခံစမ်း"
"မှန်ပါ"
" ငါ့ကိုဘေးလွတ်ရာကို ကျောပိုးပြီးပို့စမ်း"
"မှန်ပါ"
မင်းတုန်းမင်းအား လွတ်ရာပို့ပြီး
သားတော်များနှင့် ပြန်တွေ့လေသောအခါ
"ငပိုက်ကြီး ခမည်းတော်တွေ့ခဲ့လား"
"မှန်ပါ တွေ့ခဲ့ ပါတယ်"
"ကိစ္စပြီးခဲ့ပြီလား"
"ဘေးလွတ်ရာကို ကျောပိုးပြီး ပို့ခဲ့ကြောင်းပါ"
"လာခဲ့ နင့်ခေါင်း" ဟူ၍ သျှောင်ကိုဆွဲပြီး ဓားဖြင့်ပိုင်းရာ တစ်ချက်တည်းဖြင့် ပြတ်လေ၏။
(အိုးဝေ ဦးညိုမြ၏ ကုန်းဘောင်ရှာပုံတော်မှ)
ဘုန်းနှင့် ကံနှင့် သဇင်နီ
သဇင်နီဘုန်း မိုးသို့ချုန်း
မြန်မာပြည်ကို လာသမျှ နိုငံတကာကခေါင်းဆောင်တွေ
အမေစုနဲ့တွေ့ပြီးမှ ပြန်လေ့ရှိတယ်
ဥရောပတခွင် လှည့်လည်စဉ်
နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ကို ကြိုသလိုမျိုး
ကြိုဆိုဧည့်ခံခဲ့ကြတယ်။
ချီလေတဲ့ ချီလေ
တို့အမေ သဇင်နီ
နေပြည်တော်ကို ချီမယ်ဆိုတော့
ကောလဟာလ သတင်းစကား
ဟိုပုဂ္ဂိုလ်ကြီး မာလကဈာန်ကြွလို့
သေရွာလားသတဲ့။
အတွင်းသိ တစ်ယောက်က မဟုတ်ရပါဘူးဆိုပြီး
ချက်ချင်းဘဲ ဖြေရှင်းချက် ပေးသတဲ့။
တို့အမေ သဇင်နီ
နေပြည်တော်ကို အမတ်အပေါင်းနဲ့
တကယ်ချီတော့
အရင်က နံပါတ် ၂
ရုတ်တရက်လေမိပြီး စင်္ကာပူကို ဆေးကုသွားရသတဲ့
တို့အမေသဇင်နီကတော့
ပြည်သူ့မေတ္တာအနန္တနဲ့
ဗေဒါပျံအံကိုခဲ
ပန်းပန်လျှက်ဘဲ။
နေရဲနီ
ဘုန်းနှင့်ကံနှင့် သဇင်နီအပိုင်း(၁) ပြန်ဖတ်လိုလျှင်



နံပါတ်-၂ ခေါင်းဆောင်ဟောင်းကြီးသည် အမေစု နေပြည်တော် လွှတ်တော်နယ်မြေကို ခြေချပြီဟု ကြားသိလိုက်သည်နှင့်တပြိုင်နက် သွေးတိုးတက်ပြီး မတ်တပ်က လဲကျသွားပါသည်။
ReplyDeleteဘုန်းကံကြီးမားသူတို့ကို ကိုယ်ကျင့်တရားအားနည်းပြီး ဘုန်းကံမဲ့သူတို့ ခံနိုင်ရည် မရှိပါ။
စစ်အာဏာရှင်ကြီးများက အမျက်မာန်ရှပြီး အဆိုပါ လေဖြတ်သတင်းဖော်ပြသော ဂျာနယ်နှစ်စောင်ကို ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။
မြန်မြန်သေစမ်းပါ.
ReplyDeleteဒီလိုခွေးမျိုးတွေလူ့လောကမှာမရှိသင့်တာကြာပီ.
စင်္ကာပူရေ.သေဆေးသာအလုံးတစ်ရာလောက်
ထိုးသွင်းပေးလိုက်ပါ...
He respect to Chinese monk, kill Myanmar monk, He heard about Daw Su fashion show in Nay Pyi Taw parliament , now he is plan to go hell ..
ReplyDeleteအခြေအမြစ်မရှိ ပေါက်လို့ပဲစား ငါ့စကားနွားရပြောတတ်တဲ့ တကယ့်မိုးလုံးပြည့်မုသာဝါဒီ၊ တကယ့်အောက်တန်းစား မြန်မာအိပ်စပက်ဆိုက်က စကားလုံးတွေနဲ့ လာပြီး မန့်မနေပါနဲ့လေ။
ReplyDeleteအဲ့ဒီဆိုက်ကို မျက်စိလည်လမ်းမှားပြီး ရောက်သွားဖူးတယ်။ တကယ်အံ့သြစရာကောင်းလောက်အောင် လံကြုပ်ဇာတ်လမ်းအသီးသီး ဖန်တီးထားလိုက်ကြတာများ လက်ဖျားခါလောက်အောင် သောက်တလွဲ လုပ်နိုင်ကြပါပေတယ်။ ဒီအရည်အချင်းတွေ ဒီနေရာမှာ အသုံးမချပဲ ၀တ္တုတွေ၊ ဇာတ်ညွှန်းတွေ၊ ထိုးဇာတ်တွေမှာ အသုံးချလိုက်ရင် အောင်စကာဆုတောင် ရမလားပဲ။