မင်္ဂလာဒုံ မြို့ မရပ်ကွက် ပညာဒါနကျောင်းဖွင့်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်၏ လမ်းညွန်မှုနှင့် မင်္ဂလာဒုံမြိုနယ် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ဖြစ်ဖွင့်လှစ်သော ပညာရေးကွန်ယက်၏ (၃၇) ကျောင်းမြောက် ကိုယ်ထူကိုယ်ထ ပညာဒါနကျောင်းကို (၂.၇.၁၂)ရက် တနင်္ဂနွေနေ့က ပညာရေးကွန်ယက်မှ တာဝန်ရှိသူများ၊ ကျောင်းဖြစ် မြောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသူ ကျောင်းသားများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ဖွင့် လှစ်ခဲ့ကြပါသည်။ (၈/၉/၁၀)တန်း ကျောင်းသူ ကျောင်းသား(၇၀) ယောက်ကို စေတနာဆရာ၊ ဆရာမ (၁၄)ယောက်တို့က သင်ကြားပြသပေးမှာ ဖြစ်ပါသည်။
ကျောင်းလိပ်စာ
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၊
ရပ်ကျေးရုံး၊ မြရတုလမ်း၊
မြို့ မရပ်ကွက်၊ မင်္ဂလာဒုံ
Tel: ၀၉ ၅၁၀၄၈၁၁
ပညာရေးကွန်ယက်။
အမျိုးသာဒီမိုကရေစီအဖွဲ့ ချုပ်၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးမြှင့်တင်ရေးမူဒါဒအရ ပညာဒါနကျောင်းတွေ ဖွှုင့်လှစ်တာ ၀မ်းမြောက်စွာကြိုဆိုပါသည်။
ReplyDeleteပြည်သူ့ပါတီ အင်န်အယ်ဒီဟာ ပြည်သူကို အလုပ်အကျွေးပြုတယ် ပြည်သူနဲ့တသားတည်း ရှိနေတယ်။
ဒါကြောင့် ပြည်သူက တစ်ခဲနက်ထောက်ခံတယ်။
အသိညဏ်ဗဟုသုတတွေတိုးပွါးမှကမ္ဘာကြီးသာယာငြိမ်းချမ်းမှာပါ။
ReplyDeleteမင်္ဂလာဒုံမြို့မရပ်ကွက်က NLD အဖွဲ့ကိုလဲ့အားပေးပါတယ်အရမ်းမွန်မြတ်တဲ့ပညာဒါနပေးလူတဲ့အတွက်နောက်ဒီထက်မကဆောင်ရွက်နိုင်ပါစေ။