Pages
Friday, August 10, 2012
ဟသာၤတေရၾကီးမႈ မြင်ကွင်းများနှင့် ဟင်္သာတ စည်ပင်ဋ္ဌာနအကြောင်း တိုင်ကြားစာ..
ကြံ့ဖွံ့အမတ် ဦးဋ္ဌေးဦးရဲ့ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့တွင် ၈-၈-၂၀၁၂ ညတွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ဥယျာဉ်မြောက်ရပ်ကွက် မန်းဘခိုင်လမ်းရှိ ပဒေသာဈေးကြီး၊ ဌေးဝင်းဈေး၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊ တို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ၊ ဈေးသူဈေးသားများ သွားရေးလာရေး ရောင်းရေးဝယ်ရေး အလွန်ဒုက္ခ ရောက်လျှက် ရှိကြပါသည်။
ဟသာင်္တရေကြီးမှုနှင့် စည်ပင်ဗိုလ်ကြီးခင်မောင်မြင့်အကြောင်း အသံဖိုင်
 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  ဦးဘရဲဘုရား ကမ်းနဖူးသည် စိုးရိမ်ရေမှတ် အနေအထားသို့ ပုံတွင်ပြထားသည့် အတိုင်းရောက်ရှိနေပါတယ်..။ အဆိုပါ  ကမ်းအနီးမှာ စည်ပင်မှ စားသောက်ဆိုင်များကို ဆောက်လုပ်ခွင့် ထားသောကြောင့် နောင်အခါ စားကြွင်းစားကျန်များ စွန့်ပစ်ပါက ကြွက်တွင်းများဖြစ်ပြီး တာကျိုးသည့် အထိဖြစ်နိုင်ပါသည်။
 ဘုရားဘေးတွင်လည်း ဆည်မြောင်းဌာနက  ဦးဋ္ဌေးဦး လက်ထက်ကတည်းက မြို့ပေါ်မှာ အတင်း အလှူငွေကောက်ပြီး ဟင်္သာတတာဘောင်ကို ပြုလုပ်ထားသော်လည်း တာကြီးမှာတစ်ခြမ်း နိမ့်နေတဲ့ အတွက်ကြောင့် ဒေါက်တွေ ထောက်ထားရပါတယ်..။  စည်ပင်ဌာနမှလည်း မိမိတို့ဌာန ဈေးကောက်ရရင်ပြီးရော ကြိုက်တဲ့နေရာမှာ ကြိုက်သလို စည်းကမ်းမဲ့ ဈေးဆိုင်တွေထွက်လို့ ရတယ်ဟု (6.8.12က ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ လုပ်တဲ့ အစည်းအဝေးတစ်ခုမှာ စည်ပင်အမှူဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့် ထပြောတဲ့ စကားလေးတစ်ခွန်းကို တင်ပြလိုက်ပါတယ်။ ဒီလိုသာကျွန်တော်တို့ ဌာနကို အင်တာနက်များမှာ တင်နေရင် ရုံးအလုပ်ကောင်းကောင်း လုပ်ရမှာ မဟုတ်ဘူးတဲ့) အဲဒီစကားကို သေချာနားထောင်ကြည့်ပါ သူအလုပ် မလုပ်ပါဘူး ပြောလိုက်တာနဲ့ အတူတူပါပဲ သူအလုပ်လုပ်လုပ်ရင် ဘယ်ထဲပါပါ မှုစရာမလိုပါဘူး။
 စည်ပင်ကခင်းထားတဲ့ လမ်းတွေ တစ်နှစ်တစ်ခါ ပြင်ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေတွေကုန်တယ် အဆင့်ဆင့် စားတာ လမ်းတွေလည်း မကောင်းဘူး ကတ္တရာက ပါးပါးဘဲပါတာ။ ကျန်တာကျောက်စလစ်။ သဲ ဒါတွေအပေါ်က အုပ်တာ ဗိုလ်ချုပ်လမ်းဆို ပျက်နေပြီ လမ်းတွေပျက်တယ် ဆိုတော့ အခုလိုတင်တော့လည်း မိုးရေနဲ့ကတ္တရာက ဘယ်ကပ်မလဲပြောပါတယ်။ နွေထဲက ကောင်းအောင်ပြင်ပေါ့ ဟင်္သာတက လမ်းတွေတော့ မသိဘူး လမ်းခင်းတဲ့ဌာနကလူတွေတော့ ကားတွေ နှစ်စီး၊ သုံးစီး ရန်ကုန်မှာလဲ တိုက်ခန်းတွေ ကားဆိုတာ(ရုံးကပေးတဲ့ ကားမပါဘူးနော်) အထက်က လူကြီးတွေကတော့ မတွေးဝံ့ စရာဘဲဗျာ.... ဒီလို ဟသာင်္မှ မြို့နဲ့မတူအောင် ပျက်ဆီးနေတဲ့ လမ်းတွေနဲ့ ငွေသာယူပြီး အလုပ်မလုပ်တဲ့ စည်ပင်အမှူဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့် အကြောင်းကို သက်ဆိုင်ရာမှ သိစေရန် တင်ပြလိုက်ပါတယ်..။
ဟသာၤတ ဗန္ဒို..
41 comments:
  1. အဲဒီလို အကျင့်ပျက်နေတာက ထိပ်ပိုင်းက စပြီး မိုးမလုံလို့ ပိုင်ဆိုင်မှုစာရင်းကြေညာဘို့ လွှတ်တော်မှာ အဆိုတင်တာကို ပယ်ချလိုက်ကြတာပေါ့။
    တစ်တိုင်းပြည်လုံးကို မင်းမူပြီး ထင်သလို ကိုယ်ကျိုးရှာနေတာကလည်း စစ်ဗိုလ်တွေနဲ့ ဘောင်းဘီချွတ်တွေပါဘဲ။
    ဓမ္မာရုံလူကြီးတောင်မှ ဘောင်းဘီချွတ်မှခန့်ရတဲ့ ခေတ်၊စနစ်ကြီးက လွတ်အောင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြဘို့ လိုပါသေးတယ်။
    ReplyDelete
  2. ထပ်ပြီးတော့ ပြောရပါဦးမယ်၊ ဟင်္သာတစည်ပင်ကတော့ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပါပဲ၊ အဆွေတော် လဘ္ကရည်ဆိုင်က စည်ပင်ကို ဘယ်လောက်တောင်ပိုင်သလဲ မသိဘူးဗျာ။ လူသွားပလက်ဖောင်းပေါ် အခိုင်အမာသံဖရိန်နဲ့ဆောက်ပြီး ခုံတွေချရောင်းတာတော့ လွန်တာပေါ့။ လမ်းကလည်းကျဉ်းကျဉ်း လူတွေကလမ်းပေါ်ကလျောက်တော့ ကားတွေ ဆိုင်ကယ်တွေ စက်ဘီးဆိုက္ကားတွေနဲ့ ရုပ်ရှက်ခပ်ကုန်တော့ ဗျ အဆွေတော်ဆိုင်ရှေ့ ကဆိုင်ကယ်တွေပိတ်နေလို့ တိုင်းကိုတိုင်တာလာစစ်တယ်လာစစ်တဲ့ နေရာမှာ ဆိုင်ကယ်တွေရပ်ထားတာကိုဓါတ်ပုံအရင်၇ိုက်တယ်(ပြီးတော့ ခဏဖယ်ခိုင်းပြီးဓါတ်ပုံရိုက်တယ် သူတို့ ရှင်းလိုက်တယ်ဆိုတဲ့ သဘောပေါ့ ပြီးတာနဲ့ပုံမှန်အတိုင်းပြန်ထားတယ်စည်ပင်ဌာန နားဦးရွှေ ဒွေးလမ်းမှာလဲစစ ဖွင့် လျင်စည်ပင်ကို၁၀၀၀၀၀ ပေးရပြီးနောက်မှတစ်လကို ၂၀၀၀ ပေးရသောဆိုင်များအများအပြားဖြစ်လာပါတယ်
    ဟင်္သာတဗန်ဒို နောက်လည်းဆက်တင်ပါအုံးမယ်
    ReplyDelete
    Replies
    1. မြန်မာနိုင်ငံမှာလူဦးရေအထူထပ်ဆုံးဖြစ်တဲ့ကျုပ်တို့ဟင်္သာတမှာမင်းတို့လိုကလောင်သွေးနေတဲ့အဆိုးမြင်လူတစ်စုကြောင့်ဝန်ထမ်းကောင်းတွေဆုံးရှုံးရတော့မယ်ထင်ပါ့။ငါလည်းဝန်ထမ်းဟောင်းတစ်ယောက်ပါကွာ။အောက်ခြေသိမ်းလုပ်ရတဲ့သူတ်ု့ဘဝ။သူများတွေအမြင်မကြည်တဲ့စည်ပင်ဝန်ထမ်းဘဝကိုကိုယ်ချင်းစာမိပါတယ်။မင်းတို့အိမ်ရှေ့မင်းတို့မြက်ပေါက်ဘူးလို့လားရေမြောင်းဖောက်ဖူးလို့လားဟိုးအရင်မြူနီစပယ်ခေတ်ကငါတို့ကိုယ့်အိမ်ရှေ့ကိုယ်မြက်ပေါက်မြောင်းဖောက်ခဲ့ရတာ။
      Delete
  3. ဗန်ဒို မင်းမနေ့ စည်ပင်ရုံးထဲ သွားတာဒါကြောင့် ကို
    ကောင်းတယ် များများတင် ကျေးဇူးဘဲ
    ReplyDelete
  4. ဟင်္သာတမြို့ ပေါ်ကလမ်းတွေကောင်းစေချင်တယ် မြို့ ကို မြို့ နဲ့ တူစေချင်တယ် အခု စည်ပင်
    က ၇သမျှအိတ်ထဲထည့်နေတော့ မြို့ ကမြို့ နဲ့ ကို
    မတူပါဘူး အုပ်ချုပ်ေ၇းပိုင်းကလည်း စည်ပင်ညွန်
    မှူးကို မပြောနိုင်ဘူး လားဒါမှမဟုတ်ပေါင်းစား
    နေလားမသိဘူးဗျာ
    ReplyDelete
  5. အိအိနွယ်August 10, 2012 at 4:59 PM
    ပေါင်းလည်းစားတယ် ဗိုလ်ကြီးခင်မောင်မြင့်  ယောက်ဖ
    ကသူရရွှေမန်းလူဆိုတော့ အုပ်ချုပ်ရေးမှူးအဆင့် သာရှိ
    တဲ့ ဦးလှဝေက မင်းလုပ်လိုက်ဒါလောက်ဘဲပြောတာပေါ့ 
    သောက်တာကျတော့ မပျက်ဘူး သူလစာကဘယ်လောက်ရလဲတော့ မသိဘူးဂေါက်ကွင်း
    မှာ18ကျင်းပါတ်လည်ရိုက်တဲ့ လောင်းကြေးကပိုမြင့် နေတယ် ရောက်တာလဲကြာနေပြီ ဗိုက်မ၀သေးလို့ လားဗျာ အမှိုက်တွေဘဲကျန်တော့ တယ်စားစရာ အိအိနွယ်
    ReplyDelete
    Replies
    1. ခင်ဗျားကြည့်ရတာ golf carry လား golf ကွင်းကသန့်ရှင်းရေးလား။golf carry တွေလည်းအင်တာနက်သုံးနိုင်နေပြီနော်မြန်မာပြည်တောင်တော်တော်တိုးတက်နေပြီဘဲ။
      Delete
  6. မြန်မာပြည်တွင် မြို့အင်္ဂါရပ်နဲ့ညီတာတစ်မြို့မှမရှိ
    ReplyDelete
    Replies
    1. ရွာသားမင်းအမြင်ကောင်းတယ်ကွ
      Delete
  7. မြို့အင်္ဂါရပ်နဲ့ညီအောင်အလုပ်လုပ်သောစည်ပင် လာဘ်မစါးသောဌာန ပိုင်ဆိုင်မှုကိုခြပြရဲသောလူကြီးများ မြန်မာပြည်တွင် ရှိလာအောင် ရှိလာအောင် အင်း:-) :-) :-)
    ReplyDelete
  8. ၀န်းထမ်းတစ်ဦးAugust 11, 2012 at 9:58 PM
    စည်ပင်က၀န်ထမ်းတစ်ဦးပါတစ်နှစ်တစ်နှစ်သားသမီး2ယောက်ကိုတနေ့ ထဲမွေးနေ့ လုပ်ပေးတာကလည်းနှစ်တိုင်းပါဘဲ
    လုပ်လို့ ကိုမပြီးတော့ ဘူး ကိုဝန်ထမ်းတွေပြေလည်လားမပြေလည်လားမတွေးဘူးသူလို့ ရနေတယ်လားထင်နေလား
    ReplyDelete
    Replies
    1. ခွေးတွေထဲမှာ အစာကျွေးတဲ့ လက်ကြို ပန်ကိုက်တဲ့ခွေး ဒီတစ်ကောင်ဘဲမြင်ဖူးသေးတယ်။မွေးနေ့လက်ဆောင်ပေးခြင်းသည်းခံပါဆိုတာကိုမင်းမဖတ်လိုက်ဖူးလားငါတော့အဲ့ဒါကိုဖတ်လိုက်မိလို့မပေးဘူးကွ။
      Delete
  9. ဟင်္သာတ......ဟင်္သာတနဲ့ခဏခဏအော်နေတာငါတို့မြို့သိက္ခာကျတယ်ကွမကျေနပ်ရင်ဖြစ်ချင်တာတွေကိုကိုယ်တိုင်သွားပြီးဆွေးနွေးကြပါလား။မင်းတို့ပြောတဲ့ဘုရားဈေးဆိုင်ခန်းတွေကဂေါပကအဖွဲ့ကဆောက်တာကွစည်ပင်နဲ့မဆိုင်ဘူး။သေချာစုံစမ်းပြီးမှရေးကွ။ငါတို့ရဲ့ဦးပါရဲဘုရားလည်းအရင်ဂေါပကလူကြီးဦးအေးမောင်လေးလက်ထက်ကနဲ့ဘာမှမဆိုင်တော့ဘူး။ယောင်္ကျားကောင်းဆိုတာပြဿနာကိုထိပ်တိုက်ရင်ဆိုင်ရဲရတယ်ကွပုဆိုးခြုံထဲကနေလက်သီးထောင်ပြနေတာကယောင်္ကျားကောင်းတွေရဲ့အလုပ်မဟုတ်ဘူး။
    ReplyDelete
  10. ကိုနှင်းမောင်August 12, 2012 at 9:09 PM
    အဘကောင်းဆိုတာအဘတို့ ကောင်စားနေတာကိုဆိုလိုတာလား လိုအပ်တာတွေကိုဆွေးနွေးရမယ်တဲ့ လားဗျာ
    ဆွေးနွေးမှ လုပ်မှာလား မြို့ ကောင်းစားရေး ခင်္ငဗျားတို့ 
    စည်ပင်သာယာဆောင်ပုဒ် ကို့ မေ့ သွားပြီလား မသိတာလား ကိုနှင်းမောင် ဟင်္သာတ
    ReplyDelete
  11. အကကောင်းပြောတဲ့ ဈေးဆိုင်ခန်းတွေကဘုရားဈေးဆိုင်ခန်းတွေကဂေါပကအဖွဲ့ကဆောက်တာကွစည်ပင်နဲ့မဆိုင်ဘူး ဆိုရင် ကျွန်တော်တိုဆိုင်ရှင်တွေကဘုရားလဲပေးရတယ် စည်ပင်ဈေးကောက်လဲပေးရတယ် စည်ပင်နဲ့ မဆိုင်လျင်ဖင်္ယ မပေးနဲ့ လေဗျာ ဘာလိုပြောနေတာလဲdvb ထဲပါတုန်းက စည်ပင်နဲ့ မဆိုင်လျင်ဘာလို့ ဖယ်ပေးလဲ
    ReplyDelete
  12. စာရင်းစစ်August 12, 2012 at 9:24 PM
    ခွေးထဲမှာ အစာကျွေးတဲ့ သူကိုပြန်ကိုက်တဲ့ ခွေးဒီတကောင်မဟုတ်ဘူးနောက်အများကြီးလာမယ်စည်ပင်ရုံးထဲကကိစတွေကိုစာရင်းနဲ့ အင်းဘယ်နျစ်ခုနျစ်ကဘယ်လောက်ရတာဘယ်လောက်ဘဲတိုင်ကိုတင်တာ မကြာမှိ လာမည်မျှော် ခင်ဗျားတို့ ဝန်းထမ်းတွေကိုတိုင်တင်မှာနော်
    ReplyDelete
  13. ဆားပုလင်း နှင်းမောင် (အစစ်)August 12, 2012 at 10:38 PM
    စည်ပင်ဌာနတစ်ခုတည်းတင်မကဘူး ကျန်တဲ့ ဟင်္သာတမြို့ရဲ့ ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှု ဖြစ်တဲ့ အိမ်၊ ခြံမြေ၊ ကား၊ လုပ်ငန်းနှင့် ဂေါက်ရိုက်ရင်း ညှိနေတဲ့ (Small)ကောင်မလေးများ၏ နာမည်စာရင်းများ မကြာမှီ အချိန်အတွင်း ဌာနအလိုက်တင်ပြဖို့ စီစဉ်နေပါတယ် စောင့်မျှော်ကြည့်ရှုကြပါ။
    ReplyDelete
  14. ၀န်ထမ်းတစ်ဦးAugust 13, 2012 at 12:29 PM
    ကျွေးတဲ့ လက်ကိုပြန်ကိုက်တဲ့ ခွေးတဲ့  တော်တော်တ၇ား၇ဖို့ကောင်းတယ် သူလုပ်စားတာတွေတိုင်မှာဆိုးလို့ ငါတို့ ကို လဒ်ထိုးတာများ မပြောချင်ဘူး မွေးနေ့ ပွဲမှာလက်ဆောင်ပေးခြင်းသည်းခံပါတဲ့ မပါသွား၇င်မျက်နှာကတမျိုး ခင်မောင်မြင့် ၇ဲ လုပ်၇ပ်တွေမကြာခင်တင်ပြမယ်
    ReplyDelete
  15. မြို့ သီကာကျ ရအောင် ဟင်္သာတမြို့ မှာ အကျင့်ပျက်ဝန်ထမ်းရယ် ခေတ်ပျက်သူဌေးရယ်လူလိမ် ရယ်ပဲရှိတယ် ကောင်းစေချင်လို့ မီဒီယာကနေတင်ပြတာ မင်းတို့ အကျင့်ပျက်တွေ မကြိုက်တာတော့မတတ်နိုင်ဘူး
    ReplyDelete
  16. အဝေးရောက်ဗန်ဒို့သူငယ်ချင်းများAugust 13, 2012 at 6:16 PM
    တိုင်တာလည်းတိုင်တာပေါ့ ဒီလိုမျိုးသူများနံမည်သုံးပြီးတိုင်တာတော့ဘယ်ကောင်းမလဲဗျာ.သူများနံမည်ထည့်မယ့်အစား တခြားနံမည်စဉ်းစားထည့်ပေါ့ စဉ်းစားလို့မှမရရင်ကိုယ့်နံမည်ကိုယ်ထည့်ပေါ့ဗျာ အခုတော့ကျနော်တို့ သူငယ်ချင်းဗန်ဒိုဆိုတဲ့ နံမည်ကြီးနဲ့ လုပ်တော့ဘယ်ကောင်းမလဲဗျာ...
    ReplyDelete
  17. ဟုတ်တယ် ဗန်ဒို န့မည်ကြီးနဲ့ မကောင်းဘူး ဒါပေမယ့် 
    သူမတင်ဘူးလို့ ဘယ်သူအာမခံ သလဲ တင်တယ်လို့ လဲဘယ်သူအာမခံသလဲမောင်လေးတို့ သူငယ်ချင်းဗန်ဒို ကတော့ ကောင်တဲ့ ထဲတော့ မပါဘူး ဟင်္သာတ သီးလေးသီးလာတုန်းကသူ ဘာလုပ်လိုက်သလဲ
    ဆိုတာ မင်တို့ မသိလို့ ပါမြို့ သိက္ခာကျတယ် ကွဲအကြီးလည်းတန်တယ် သူလုပ်လိုက်လို့ ပွဲပျက်သွားတာ သူဘာလုပ်သလဲဆိုတာမေးကြည့် ကြပါ မောင်လေးတို
    ReplyDelete
  18. ဟင်္သာသူတစ်ဦးAugust 13, 2012 at 9:22 PM
    ဟုတ်တယ် အဝေရောက်သူငယ်ချင်းတွေက ဗန်ဒို
    အကြောင်းမသိလို့ ပါ မြို့ ခံ သူငယ်ချင်းတွေကျတော့ သိတယ် ရှောင်ကျတယ် အမပြောသလိုကောင်းတဲ့ ထဲမှာမပါဘူး သီးလေးသီးလာတုန်းကကိစ ညီမသိတယ် ၀တ်ထားတဲ့ ရင်ထိုးနှင်အင်္ငကျီမှားမနာ ထင်ရာဆိုင်အရှက်မရှိ လုပ်လိုက်တာ
    ReplyDelete
  19. ကိုနှင်းမောင်ပါ
    ဂေါက်ကွင်းမှာ ဌာနဆိုင်ရာဝန်ထမ်း တွေအိမ်ကသားမ
    ယားတွေမသိအောင်KTV နှင့်  ကယ်ဒီsmall လေးတွေနဲ့ ကဲတာလေးတွေသူတို့ အချင်းချင်းရိုက်ထားတဲ့ ခွေလေး မကြာမှီလာမည်မျော် အသံပါပါတယ်နော် လူမစုံသေးလို့ ပါ တိကျမှတင်ပါမယ်
    ဌာနဆိုင်ရာ အိမ်တွေလည်းအိမ်တစ်လုံးဆောက်တာဘယ်လောက်ကုန်တာအအစတင်ပါမယ်စောင့် ကြည့် ပါ
    ReplyDelete
  20. အေ)းရောက်သူငယ်ချင်းများAugust 13, 2012 at 10:04 PM
    သူငယ်ချင်းရာ ငါတို့ ရှိပါတယ်ကွ ဘာလို့ မင်းအကောင့် နံမယ်ပြောင်းရတာလဲ ငါတို့  ဘာဘလောမလို့  ကိုထွဋ်ဆိုမှမှတ်မိတယ်ကွ
    ReplyDelete
  21. ကိုဂွ (စာလုံး)August 14, 2012 at 6:46 PM
    ဆောက်မှတ်မရှိတဲ့ ကောင် ဗန်ဒို မင်းကို လွှဲချတာ မင်းနံမည် အတပ်ခံရတာ နဲတောင်နဲသေးတယ်......
    အစထဲက ငါပြောသားပဲ ညီလေး..အဲဒီကောင်နဲ့ မပေါင်းနဲ့ ဆိုတာ..အခုမင်းခံလိုက်ရပြီမဟုတ်လား...မင်းဒီအတိုင်းငြိမ်ခံနေရလားကွ...တိုင်စာမှာ အသံဖိုင်ပါတာ ဘယ်သူ့ အသံလဲဆိုတာ မင်းကူးပြီးရှင်းမပြရဲ ဘူးလား...အဲဒီအသံဖိုင်က အသံပိုင်ရှင် က မြင့်မြင့်ကြည် ထမင်းဆိုင် က ကျော်စွာ ရဲ့ အသံဆိုတာလေ... နောကိDVB မှာ လဲ ပါတယ် ဆိုတာလေ
    ReplyDelete
  22. ခွေးနှစ်ကောင်ကိုက်တာ ကြည့်ကောင်းသူAugust 14, 2012 at 7:12 PM
    ဟေ့ကောင်တွေ ကြားနေတာမကောင်းဘူးကွာ ....အချင်းချင်း လင်မယား တွေလို ပေါင်းသင်းနေပြီး အခုမှ ဘယ်လိုဖြစ်ကြတာလဲကွာ..အေးအေးကောင်းတယ် ကောင်းတယ် မင်းတို့ တွေ မတည့် မှ ဟင်္သာတ သတင်းတွေ ဘယ်အကောင်တွေ တင်လဲဆိုတာ သိရတာ ၀မ်းသာတာကွာ ချချ ကြည့်လို့ ကောင်းတယ်...ဟင်္သာတမြို့  မှာ သတင်းသမား များများထွက်လေ ကောင်းလေပဲ
    ReplyDelete
  23. ရှင်တို့ ဟာကလဲ...ဋ္ဌာန ဆိုင်ရာတိုင်တာ နဲနဲ ....
    တယောက်နဲ့ တယောက် ဆောက်တင်းချတာက များများ..အားအားယားယား ဘလော့မှာ တက် ဆောက်တင်းတွေချနေကြတယ်...ကျမတို့ က ဘယ်ဟာကို အာရုံကျ ရမှာလဲ ရှင်တို့ ချင်းချင်း အပုပ်ချနေတာ ကို စောင့်နေရမှာလား.....
    ReplyDelete
  24. ဘာဘူ အိုအေစစ်August 14, 2012 at 7:52 PM
    ဟေ့ကောင်..ဗန်ဒို မင်းလူပေါင်းမှားတာလား လူမှားပေါင်းနေတာလား.. ဟေ NLD လိုလို ၈၈ လိုလို သတင်းမီဒီယာ သမားလိုလို ဗကသ လိုလို ဘာမှ ဆောက်ဖြစ်မရှိတဲ့ ကောင် ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် သောက်သောက်စားစား နေစမ်းပါကွာ အလကား ဘာမှ ဆောက်ရေ ဆောက်ဖက် ရတာ မဟုတ်ပဲ ကိုယ့်စီးပွားအပျက်ခံလို့ ...ဆုံနေကျ အရက်ဆိုင်ပဲကောင်းတယ်ကွာ...
    ReplyDelete
  25. အမှန်တရားကိုလိုလားသူAugust 15, 2012 at 1:01 AM
    မင်းတို့ ရမ်းမပြောနဲ နော် ဗန်ဒိုဖေးဘုတ်ထဲကဟာတွေကိုဝင်ကြည့် ပြီးမှပြောကျဟေ ပေါက်ကရတွေချည်းဘဲ ဘာတွေရေးထားမှန်းမသိဘူးငါသိသလောက်ကတော့ ဗန်ဒိုမှားတာကွ သူမေးကြည့် ပါလား
    ReplyDelete
  26. သူငယ်ချင်းAugust 15, 2012 at 1:09 AM
    ဗန်ဒို သူဖေးဘုတ်မှာပေါက်ကရတွေ တင်ပြိးလန့် နေလို့ 
    သူန့မည်ကိုပြောင်းပြီး KO Htoot လို့ ပြောင်းထားတယ်
    ဗန်ဒိုက မှားတာကွ ပါမဲ့ ပါကို့ သူငယ်ချင်းဘက်ကပါမှာပေါ့  ဒါပေ မယ့် သူကမှမဟုတ်တာဗန်ဒိုဘဲသိမယ် ကျန့် တဲ့ သူတွေရမ်းမပြောပါနဲ့ မသိဘဲနဲ့ ကိုမဟုတ်မကြောက်နဲ့ ပေါ့  ကိုမဟုတ်ဘနြဲ့ ဘာလို့ ကြောက်နေတာလဲ စဉ်းစားစရာဘဲ
    ReplyDelete
  27. မေမျိုးချစ်August 18, 2012 at 3:25 AM
    ရေးတဲ့သူကတော်တော်သစ္စာမရှိတဲ့သူလို့ထင်တယ်ကိုယ့်မြို့သားချင်း တောင်သစ္စာမရှိမှတော့ဒီလူဟာဘယ်လိုလူစားလဲဆိုတာစဉ်းစားကြည့်ပါ မှန်တဲ့အတိုင်းပြောရရင်ဦးဌေးဦးလောက်ဟသာင်္တပေါ်မှာသံယောဇဉ်ထားတာမြို့သားတွေအသိဆုံးဖြစ်မှာပါ သေးသေးလေးကိုအကြီးကြီချဲ့မယ်ဆိုရင်လည်းစဉ်းစားပေါ့
    ReplyDelete
  28. မေမိုးခင်August 18, 2012 at 3:32 AM
    ကိုယ်လုပ်တုန်းကလုပ်ပြီးမှဟိုလွှဲချဒီလွှဲချနဲ့ယောင်္ကျားမဟုတ်ဘူးလား ဗနဒိုဆိုရင်တော့အကျင့်က သူငယ်ချင်းတွေအသိဆုံးဖြစ်မှာပါ မီးသတ်လုပ်မှာလား သတင်းထောက်လုပ်မှာလားစဉ်းစားပေါ့
    ReplyDelete
  29. အော် ဟင်္သတာစည်ပင် ဟင်္သာတစည်ပင်
    ၁၇-၈-၂၀၁၂၊ မနေ့ကပေါ့၊ ဦးရွှေဒွေးလမ်းက ဆိုင်တွေကို ရုံးကိုခေါ်တယ်တဲ့၊ ခင်ဗျားတို့ထဲမှာ ဆိုင်စဖွင့်တုန်း ကျွန်တော်တို့ စည်ပင်ကိုပိုက်ဆံ တစ်သိန်းပေးရတဲ့သူ တလကိုပုံမှန် နှစ်ထောင်ပေးရတဲ့သူပါလားတဲ့၊ မေးပါတယ်၊ အားလုံးက မပါပါဘူးတဲ့၊ (ဘယ်ပါမလဲ တကယ်ပေးရတဲ့ ဆိုင်တွေမှ ခေါ်တဲ့အထဲမပါတာ) ကဲမပါဘူးဆိုရင် ဒီစာရွက်ပေါ်မှာ လက်မှတ်ကလေးထိုးပေးပါတဲ့ ကျွန်တော်တို့က တိုင်းကိုတင်ရမှာ မို့လို့တဲ့၊ ကျွန်တော်တို့ကို အင်တာနက်ပေါ်မှာ မဟုတ်တမ်းတရားတွေလျောက်ရေးနေတော့ ခုလိုခေါ်မေးပြီး လက်မှတ်ထိုး တိုင်းကိုတင်ရတာတဲ့။
    ကဲ မဟုတ်တာတွေရေးတယ်ပြောလို့ ပြောလိုက်ဦးမယ်၊ ရုံးရဲ့မျက်စောင်းထိုးက ဆိုင်တွေပါရဲ့လား။ တကယ်ပေးခဲ့ရတဲ့ဆိုင်ကို လက်ဆွဲခေါ်ပြရမလား ဒါမှမဟုတ် ပိုက်ဆံပေး ပေးတဲ့ကြားလူရဲ့နာမည်ကို ဖော်ထုတ်ပြရမလား ဆိုတာ.....
    မြို့သားတစ်ဦး
    ReplyDelete
  30. ဘန်ဒိုမင်းကိုဘာဘူပြောတာနည်းသေးတယ်
    ReplyDelete
  31. ကို နှင်းမောင်August 20, 2012 at 11:21 PM
    မကြာ မှိ ဂေါက်ကလပ်မှာ ပျော်ပါးခဲ့ တယ် ထာနဆိုင်ရာ
    လူကြီးများ ၏ အသံရော.ရုပ်ရော။သိချင်းသိဆိုပုံရော
    ဘာသီချင်းဆိုနေတာရော ကိုတိတိကျကျလေး အင်တာနက်ပေါ်တင်ပါအုံးမယ် စောင့် နေပါ မိမိကားကို
    မမြင်အောင် ချောင်ထဲဖုန်းတာကအစပါမယ် စည်ပင်ပြီးရင်
    ထပ်ထပ်လာမယ် ဌာနပေါင်းစုံတင်မှာ နော် ဖြည်းဖြည်းပေါ့  နှလုံးဆေးလေးဘာလေးကြိုသောက်ထားအုံး
    ReplyDelete
  32. ဒေါတ်တာ သန့် စင် ရှေ့ နားက ဒေါ်ရှမ်းခေါက်ဆွဲဆိုင်ဆိုရင် ၀က်ကြီး ကနေလုပ်ပေးတာ စစ ချင်း 80000ပေးရတယ်
    ပြီးမှတလတခါလစာပေးရတာအဲဒီနားဆိုရင်ရှုပ်ခတ်နေတာဘဲ ညဘက်လူအိပ်တဲ့ ဆိုင်ခန်းတွေတောင်ရျိသေး
    ReplyDelete
  33. ကိုနှင်းမောင်August 21, 2012 at 7:25 AM
    ဟင်္သာစည်ပင် ကိုနားမလည်ဘူး မီးဖိုချောင်ပြင်မှာကျ
    တော့ ရပ်ကွက်ထောက်ခံစာ စည်ပင်မှာအခွန်ဆောင်ရတယ် ကောလိပ်ဘက်က ချစ်သူ
    တွေတွေ့ ဖို့ ဆောက်ထားတဲ့  တဲ လေးတွေ အလုံပိတ်အခန်းလေးတွေတစ်ဆိုင်ကို အခန်3း0 လောက်ကျတော့ မတင်ဘဲဆောက်ခွင့် ပေးထားတယ်အဲဒါလေးတွေလေးရိုက်ပြိးတင်ပါ့ မယ် စားသောက်ဆိုင်လိုင်စင်ရျိတာနဲ့ လုပ်ချင်တိုင်လုပ်လို့ 
    ရလား ဦးစီအရာရျိဦးတင်မောင်ဌေး စားချက်တွေလည်းတင်ပြပါမယ်
    ReplyDelete
  34. နှင်းမောင်မင်းကစောက်ရှုးဘဲ့ မင်းကော့ ktv မသွားဘူးလား ကော်လိပ်က အခနးမှ မင်ညီးအရှိလိုလား မင်းခြောက်တိုင် ကြောက်ရအောင်ဝန်ထမ်းတွေ့လည်းသွေးမနဲ့သေးဘူး သွားတော့ရောဘာဖြစ်လည်း ကိုယ်ပိုက်ဆံနဲ့ကိုယ်သွားတာလီးဖြစ်လား ဒီနေလည်းသွားအုံးမှ မင်းညီမစောင့်ခိုင်းထား
    ReplyDelete
  35. ဆားပု လင်း နှင်း မောင် တော့ မ ဟု တ် ဘူး ချီး ထုပ် နှင်း မောင် ပဲ ဖြစ် မယ် နဲ့ တူ တယ် အား အား ယား ယား တန် ဖိုး မရှိ တဲ့ သူ ပဲ ဖြစ် မယ် အစတည်း က ကိုယ့် နာ မည် ကိုယ် မ တင် ဘဲနဲ့ သူ များ လွှဲ ချ ပြှီး ခု မှသွေး ရှုးသွေး တန်းဖြစ် နေ တယ်
    ReplyDelete
  36. ဟေ့ ကောင်တွေ့ ငါဆိုတဲ့ နှင်းမောင်က မင်းတို့ စည်ပင်လောက်တော့  အပျော့ လေးဘဲ ခုတင်တာကငါမဟုတ်ဘူးကွ ငါတင်ရင်မင်းတို့ ကြည့် ပါလား တိုင်းရဲမင်းကြီးအကြောင်းတောင် တင်တာ ငါက၀န်ထမ်းဘဲ လက်ရျှိလဲတာဝန်ထမ်းဆောင်နေတယ်
    မင်းတို့ စည်ပင်က၀န်ထမ်းတွေကိုယ်တိုင်လာပြောထားတယ်
    ReplyDelete
  37. မင်းတို့ စည်ပင်ဖေါက်ထားတဲ့ မီးပွိုင်ကအပေါက်ကြီးလေတင်လိုက်ပြိ နော်
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။