သမ္မတ ဦးသိန်းစိန် နှင့် ဗီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း
သီးသန့် တွေ့ဆုံမေးမြန်းခန်း (ရခိုင်ပြည်နယ် အရေးအခင်း)
တွေ့ဆုံမေးမြန်းသည့်နေ့ - ၂၀၁၂ သြဂုတ် (၁၃) ရက်
အသံလွှင့်သည့်နေ့ - ၂၀၁၂ သြဂုတ် (၁၄) ရက်၊ ဗီအိုအေ မြန်မာပိုင်း ညနေ (၆)နာရီ နှင့် ည (၉) နာရီ
ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြစ်မှုတစ်ခုကို အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း ရေး ကိစ္စသာဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုပဲ၊ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ် ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေးတို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာ ကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ ဗီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက် ရှိနေချိန်မှာ သမ္မတဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ မေးမြန်းချက် အပိုင်းကို နားဆင်ပါ။
ဦးသန်းလွင်ထွန်း ။ ။ အခုရက်ပိုင်းတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ နိုင်ငံတကာကနေ မီးမောင်း ထိုးပြီးတော့ ပြောပြလာတဲ့ အရေးကြီးကိစ္စတစ်ခုက ရခိုင်ပြည် ရိုဟင်ဂျာကိစ္စပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော် မရှင်အစည်းအဝေးပွဲတွေလုပ်တော့မယ်။ ကုလသမဂ္ဂအစည်းဝေးတွေလုပ်မယ်။ နိုင်ငံတကာ အစ္စလမ်မစ်ကောင်စီ (Organization of Islamic Council) အစည်းအဝေးတွေလုပ် တော့မယ်ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက် ခြမ်းမှာရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူစလင်တွေအကြောင်း ပါရှိလာပါလိမ့်မယ်။ သူတို့ကို မြန်မာနိုင်ငံက အများ စုက လူအခွင့်ရေး ချိုးဖောက်မူတွေရှိနေတယ်လို့ စွပ်စွဲမူတွေရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံကနေ ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာ သေးခင်ကပဲ တူရကီနိုင်ငံခြားရေး ၀န်ကြီးက အကူအညီတွေပေးသွားတာတွေရှိနေတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာကနေပြီးတော့ လူအခွင့်ရေးဆိုပြီး ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မူ တွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေကြားနေရပါတယ်။ အဲကိစ္စနဲ့ ပတ် သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။
သမ္မတဦးသိန်းစိန် ။ ။ ဒီဟာလေးလဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်း ကြောင်းကို ချီတက်နေတဲ့နေရာမှာ မမျှော်လင့်ပဲ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။ ဒီရခိုင်မှာ ဖြစ်ပျက်တဲ့ကိစ္စက လည်း တကယ်တော့ ဒီလူတစ်စုက နေပြီးတော့ ခုနကလိုဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက် တဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုချင်းက ကြီးထွားလာတာ။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ဖြတ်တဲ့အဆင့်ရောက်လာတယ်။ နောက်တစ်ခါ ဆိုး တာက ခုနကလို တစ်ဘက်နဲ့တစ်ဘက် မီးရှို့တယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက်ကလည်း မီးရှို့ တစ်ခါဆိုရင် ကိုယ်အိမ်ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ရာဇာဝတ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်ဖြစ်တဲ့အတွက် လူအုပ်စုအထိ ကူးစက်သွားပြီး တော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ အဲမှာနေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူးပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လဲ မတွေ့ခဲ့ရပါဘူး။
ကျွန်တော်ပြောချင်တာက ဒီလိုဖြစ်ပျက် မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေဖြစ်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တကယ့် တကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့စာရင် အင်မတန့်အင်မတန်မှ နည်းပါတယ်။ သေဆုံး တာဆိုရင်လည်း ရာဂဏန်းတောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာဆိုရင်လည်း တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အိမ်တွေကို တစ်ဖက်နဲ့တစ်ဖက် မီးရှို့ကြတဲ့အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါးလောက် မီးလောင်တဲ့အတွက် ဒီအိမ်တွေမှာနေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေဆိုကြပါစို့။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြတာပေါ့ ။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက်လောက်ရှိလဲဆိုတော ဒီကနေ့ ခြောက်သောင်းလောက်ရှိတယ်။ ခြောက်သောင်းလောက်ရှိတဲ့အတွက် ကျွန်တော်တို့က အခု နှစ်ဖက်ပေါ့ တစ်ဖက်က လည်း ဆိုကြပါစို့ ရခိုင်တိုင်းရင်းသားဒုက္ခသည် တစ်ဖက်ကလည်း ဘင်္ဂါလီ ဒုက္ခသည် အခုဆိုရင် စခန်း (၅၃) ခုဖွင့်ပြီးတော့မှ ဒီကနေ့ သူတို့ကို ကူညီတဲ့လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ် ငန်းတွေ ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေလုပ်နေရပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က ဒီမြန်မာနိုင်ငံမှာရှိ နေတဲ့ UN အေဂျင်စီကအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်း ပြီး ပွင့်လင်းမြင်သာမူရှိအောင် လုပ်နေပါတယ်။ ပထမအဆင့်ကတော့ စားဖို့အတွက်ပေါ့။ စားဖို့အတွက်ကလည်း လူ ခြောက်သောင်းလောက်ကို ကျွေးရပြုရတဲ့အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ချည့်ပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ UN အဖွဲ့စည်းတွေ အန်ဂျီအိုတွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော်တို့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ တစ်အချက်က စားဖို့အတွက်၊ ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေရပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေဘာ တွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင်သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေးဘာပေးနဲ့ နှစ်ဖက်စလုံးကို ဆောက်ပေးနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ခုနကလို မသင့်တင့်လို့ အုပ်စု ချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေပြီးတော့ ဒီလိုကျွန်တော်တို့ အိမ်တွေ မီးလောင်မှုတွေ ဒုက်္ခသည်အဖြစ်တွေရောက်လာတာ ပါ။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ် တာတို့ ဒါတွေဟာ ကျွန်တော်တို့ကြားရတော့ တော်တော်လေးစိတ် မကောင်းဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာဖြစ်ပျက်တာ တွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက် တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာမူရှိအောင် ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူစလင်နိုင်ငံက အကြီး အကဲတွေပေါ့ ဟိုတလောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာပါတယ်။ နောက်တစ်ခါ တူရကီ ၀န်ကြီး ချုပ်ရဲ့အမျိုးသမီးလဲပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ရှိပါတယ်။ ကျွန်တော်နဲ့ လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲပို့ပေးပါ တယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင်သွားပြီးတော့ ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ဘာတွေ ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခသည်တွေကို သွားပြီး တွေ့သလို တစ်ဖက်ကလည်း ရခိုင်ဒုက္ခ သည်တွေကို တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူစလင်ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓဘာသာ ကိုးကွယ် တဲ့သူတွေ သွားတဲ့လူကိုယ်တိုင်က မူစလင်ဘာသာဝင်ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ လေးလေးစား စားတွေ့တာပြုတာတို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ရှိပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်း အတွင်းမှာ အင်ဒိုနီးရှားကနေပြီးတော့ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း ဥက္ကဌ မစ္စတာကာလာဆိုတာ ဟိုတုန်း က ဒုသမ္မတပါပဲ။ ဟိုတုန်းတည်းက ဒုသမ္မတတုန်းက ကျွန်တော် အင်ဒိုနီးရှားသွားလည်ပတ်ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့အတွက်ကြောင့် ကျွန်တော်ဝမ်းသာသွားတယ်။ ဒါကြောင့်မို့လို့ သူ့လည်းရှင်းပြတယ်။ သူသွားချင်တယ်ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက်လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံစွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေသာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင်လုပ်နေတာတွေရှိပါတယ်။
ကျွန်တော်ပြောချင်တာက ဒီလိုဖြစ်ပျက် မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေဖြစ်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တကယ့် တကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့စာရင် အင်မတန့်အင်မတန်မှ နည်းပါတယ်။ သေဆုံး တာဆိုရင်လည်း ရာဂဏန်းတောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာဆိုရင်လည်း တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အိမ်တွေကို တစ်ဖက်နဲ့တစ်ဖက် မီးရှို့ကြတဲ့အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါးလောက် မီးလောင်တဲ့အတွက် ဒီအိမ်တွေမှာနေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေဆိုကြပါစို့။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြတာပေါ့ ။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက်လောက်ရှိလဲဆိုတော ဒီကနေ့ ခြောက်သောင်းလောက်ရှိတယ်။ ခြောက်သောင်းလောက်ရှိတဲ့အတွက် ကျွန်တော်တို့က အခု နှစ်ဖက်ပေါ့ တစ်ဖက်က လည်း ဆိုကြပါစို့ ရခိုင်တိုင်းရင်းသားဒုက္ခသည် တစ်ဖက်ကလည်း ဘင်္ဂါလီ ဒုက္ခသည် အခုဆိုရင် စခန်း (၅၃) ခုဖွင့်ပြီးတော့မှ ဒီကနေ့ သူတို့ကို ကူညီတဲ့လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ် ငန်းတွေ ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေလုပ်နေရပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က ဒီမြန်မာနိုင်ငံမှာရှိ နေတဲ့ UN အေဂျင်စီကအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်း ပြီး ပွင့်လင်းမြင်သာမူရှိအောင် လုပ်နေပါတယ်။ ပထမအဆင့်ကတော့ စားဖို့အတွက်ပေါ့။ စားဖို့အတွက်ကလည်း လူ ခြောက်သောင်းလောက်ကို ကျွေးရပြုရတဲ့အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ချည့်ပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ UN အဖွဲ့စည်းတွေ အန်ဂျီအိုတွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော်တို့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ တစ်အချက်က စားဖို့အတွက်၊ ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေရပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေဘာ တွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင်သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေးဘာပေးနဲ့ နှစ်ဖက်စလုံးကို ဆောက်ပေးနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ခုနကလို မသင့်တင့်လို့ အုပ်စု ချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေပြီးတော့ ဒီလိုကျွန်တော်တို့ အိမ်တွေ မီးလောင်မှုတွေ ဒုက်္ခသည်အဖြစ်တွေရောက်လာတာ ပါ။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ် တာတို့ ဒါတွေဟာ ကျွန်တော်တို့ကြားရတော့ တော်တော်လေးစိတ် မကောင်းဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာဖြစ်ပျက်တာ တွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက် တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာမူရှိအောင် ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူစလင်နိုင်ငံက အကြီး အကဲတွေပေါ့ ဟိုတလောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာပါတယ်။ နောက်တစ်ခါ တူရကီ ၀န်ကြီး ချုပ်ရဲ့အမျိုးသမီးလဲပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ရှိပါတယ်။ ကျွန်တော်နဲ့ လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲပို့ပေးပါ တယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင်သွားပြီးတော့ ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ဘာတွေ ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခသည်တွေကို သွားပြီး တွေ့သလို တစ်ဖက်ကလည်း ရခိုင်ဒုက္ခ သည်တွေကို တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူစလင်ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓဘာသာ ကိုးကွယ် တဲ့သူတွေ သွားတဲ့လူကိုယ်တိုင်က မူစလင်ဘာသာဝင်ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ လေးလေးစား စားတွေ့တာပြုတာတို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ရှိပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်း အတွင်းမှာ အင်ဒိုနီးရှားကနေပြီးတော့ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း ဥက္ကဌ မစ္စတာကာလာဆိုတာ ဟိုတုန်း က ဒုသမ္မတပါပဲ။ ဟိုတုန်းတည်းက ဒုသမ္မတတုန်းက ကျွန်တော် အင်ဒိုနီးရှားသွားလည်ပတ်ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့အတွက်ကြောင့် ကျွန်တော်ဝမ်းသာသွားတယ်။ ဒါကြောင့်မို့လို့ သူ့လည်းရှင်းပြတယ်။ သူသွားချင်တယ်ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက်လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံစွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေသာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင်လုပ်နေတာတွေရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ သူတို့တောင်းဆိုနေတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမူ တွေ လုပ်ပေးဖို့ဆိုတာရော ဖြစ်လာနိုင်မလားခင်ဗျာ။
သမ္မတဦးသိန်းစိန် ။ ။ တစ်ခုကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမှာ Press Conference တစ်ခုလည်း လုပ်လိုက်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ ကျွန်တော်တို့အကုန်ဖိတ်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေ NGO တွေ ပြီးရင်၊ အဲဒီမှာ တိုက်ဆိုင်မူလို့ပြောရ ပါ့မယ့်။ မြန်မာနိုင်ငံရဲ့လူအခွင့်ရေးကိစ္စလုပ်နေတဲ့ မစ္စတာကင်းတာနားကလည်း ရောက်နေတယ်။ ရောက်နေတော့ သူ့လည်း ကျွန်တော်တို့ ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင်တက်တယ်။ နောက်နေ့မှာ On Ground ကိုပြတယ်။ ဒီကိစ္စ ဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာဖြစ်ပျက်တဲ့ ကိစ္စလေးတစ်ခုပဲ ဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာ လည်း မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူစလင်တွေအများကြီးနေတယ်။ ရှိတယ်။ ဗုဒ္ဓဘာသာဝင် တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူတွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာမရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေးတစ်ခုမှာပဲဖြစ်တာပါ။ ဒါ ကျွန်တော်တို့ ပြည်တွင်းရေးကိစ္စ သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော်တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလည်း ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ဒါလဲကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်တဲ့ လူအခွင့်ရေးကော်မရှင် ဖွဲ့ထားတာရှိပါတယ်။ လူအခွင့်ရေးကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေးပါ လို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့အတွက်ကြောင့် ပြည်ပကနေပြီးတော့ အင်တာနေရှင် နယ် issue တစ်ခုလို စစ်မယ်ပြုမယ်ဆိုရင်တော့ ဒါတွေကိုဒီမှာလာပြီးမလုပ်သင့်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ် ပြည်တွင်းရေးကိစ္စလည်း ဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ကျွန်တော်တို့လုပ်နေတာဖြစ်တဲ့အတွက် ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလိုစစ်မယ်ပြုမယ်ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ သမ္မတကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေးကိစ္စ မဟုတ်ဘူး။ အဓိကရုဏ်း မဟုတ်ဘူးဆိုပေမယ့် ဒေသတွင်းမှာနေနေတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာက ကျွန်တော်တို့လည်း ငြင်းလို့မရတဲ့ ကိစ္စပါ။ အဲလို မုန်းတီးမှုဆိုတဲ့ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမလာ အောင် အတူယှဉ်တွဲပြီးနေနိုင်အောင် သမ္မတကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်းမူတွေလုပ်သွား ဖို့ ရှိပါသလဲ။
သမ္မတဦးသိန်းစိန် ။ ။ မှန်ပါတယ်။ ဒီကိစ္စက ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စပါပဲ။ အခုချိန်မှာ Tension က အတော်လေးမြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်းသားပါတီ တွေရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီအကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ ကမ္ဘာမှာလဲ လူအခွင့်ရေးဆိုတဲ့ ကိစ္စကို ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံးလူသားဆိုတဲ့အမြင်နဲ့ မြင် ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလိုမထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်းပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါ တယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာ အောင် လုပ်ပေးပါဆိုပြီးတော့ အချိန်ယူပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ငြင်းလို့မရအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုတာ ကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေးထားတာတွေရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင် ၁၉၄၈ခုနှစ် မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ဆိုပြီးတော့ ခေါ်ပြုလာကြ တာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့ နေနေကြတာပေါ့။ ၁၉၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက် လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုန ကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသားဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီး တော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့်တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာ အောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့လုပ်သွားရမှာဖြစ်တယ်။ အခုက ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက် ပိုင်းမှာ ဘင်္ဂါလီတွေနဲ့ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ် တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေ ထက် လက်ရှိလူက ပေါက်ဖွားတဲ့နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေကမရှိသလောက်နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေကပေါက်ဖွား မူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စုဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို ထောက်ပံ့ပေးဖို့ ရံပုံ ငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံကနေပြီး တော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စမျိုး၊ နိုင်ငံတော်အစိုးရဆီကနေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာ သွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ကောင်းတာပေါ့။ ဒါ သမ္မတကြီးတို့လည်း ကြေနပ်စရာဖြစ်ပါလိမ့် မယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက်ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေ တဲ့ ဆော်သြော်ပေးနေတဲ့ အဖွဲ့အစည်းတွေကို တဆင့်ထောက်ပံ့ပေးလိုက်တဲ့အနေအထားမျိုးကိုရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။
သမ္မတဦးသိန်းစိန် ။ ။ စိုးရိမ်ပါတယ်ခင်ဗျ ကျွန်တော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြော နေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ်ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ကူညီပါ လက်တွေ့ခုနကလို ဒုက္ခခံစားနေတဲ့ သူတွေကို ထိထိရောက်ရောက်နဲ့ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ဟာတွေကို ထိထိ ရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူ တို့နဲ့တွေ့တိုင်းတွေ့တိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပါတယ်။ မသက်ဆိုင်တဲ့သူတွေဆီကိုရောက်သွားမှာလည်း ကျွန်တော်တို့စိုးရိမ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒေသတွင်းက အခြေနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာ တွေရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်းမီဒီယာတွေက အမျိုးသားရေး စိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကိုအကြောင်းပြုပြီး တော်တော်လေး ပြင်းပြင်းထန်ထန်ဖော်ပြတာတွေတွေ့ခဲ့ ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်ရေးကိုအခြေခံပြီး ဖော်ပြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်ကကျူးကျော်လာတဲ့သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ပုံစံမျိုး စွပ်စွဲခံရတာ တွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သမ်္မတကြီးအနေနဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို တစ်စုံတရာများ စိတ် အနှောက်ယှက်ဖြစ်ခဲ့တာတွေရှိခဲ့လားခင်ဗျ။
သမ္မတဦးသိန်းစိန် ။ ။ ကျွန်တော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှု တွေ ဒီလောက်ထိကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေရှိသလို တစ်ဖက်က ခုနလို မွတ်စလင်ဘာသာ ကိုးကွယ်တဲ့သူတွေကို နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေအင်တာနက်သတင်းတွေ ကျွန်တော်တို့အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ တော်တော်လေး စိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့ ကျွန်တော်တို့သံရုံးတွေထဲက အီဂျစ်မှာရှိ နေတဲ့သံရုံးဆိုရင် ဆန္ဒလာပြတာတွေ ရှိခဲ့ပါတယ်။ သာမာန်ဆန္ဒပြတာတော့ လူ့အခွင့်ရေးပါပဲ။ ပြဿနာမရှိပါဘူး။ သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေဘာတွေ ဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါ အဲဒီမှာရှိတဲ့ မိသားစုတွေသံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့သက်ဆိုင်ရာနိုင်ငံ အကြီးကဲတွေဆီ ကိုယ်တိုင်စာရေးပါတယ် ကုလသမဂ္ဂ မစ္စတာ ဘန်ကီမွန်းထံကိုလည်း ကျွန်တော် စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလိုဒီလို ဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး၊ တပြည်လုံးမှာဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ နေရာလေး တစ်နေရာမှာ ကွက်ပြီးဖြစ်တဲ့ကိစ္စဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားကသမ္မတကလည်း ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျွန်တော်စာရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုလည်း ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာ သိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြဿနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေးစိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ်၊ သို့သော်လည်း နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်းစာနာမှုအမြင် နဲ့မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒါတွေကို သူတို့ သိလာတဲ့ ဒီလိုအမြင်ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပက အမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုး တွေမဖြစ်ရအောင် ခုနကလိုကျွန်တော်တို့ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော်ဖိတ်ထားပါတယ်။ လာပါ။ ခင်ဗျားတို့လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ ကျွန်တော်တို့စိတ်ထဲမှာရှိပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ရဲ့ပြောကြားချက်တွေဟာ သဘာဝကျပါတယ်။ မျှတပါတယ်။ သမ္မတကြီးကို လေးစားပါတယ်။
ReplyDeletei agree
ReplyDeleteအရည်အချင်းရှိသော လေးစါးရသောသမ္မတတစ်ဦးပါ။
ReplyDeleteThank you Mr. president, but be careful their plan of Muslim domination in Myanmar and other pats of the world.
ReplyDeleteမေး ခွန်း တ ချို့ ပြန် ပြင် ပါ လီး သန်း လွင် ထွန်း ရဲ့ မျောက် ရုပ် ရဲ့ တ ယောက် ခြင်း ထိုး မ လား လီး ပဲ့
ReplyDeleteသမတကြီးခင်ဗျား
ReplyDeleteအခု အင်တာဗျူးနဲ့တော့မဆိုင်ပါဘူး။ အရှေ့က ရိုဟင်ဂျာ အင်တာဗျူးနဲ့ ပါက်သက်လို့ ပြောလိုပါတယ်။ သမတကြီး ဒီ comment ကိုတွေ့ နိုင်သည်ဖြစ်စေ မတွေ့ နိုင်သည်ဖြစ်စေပေါ့။
ဒီ ဆော်ဒီ အခြေစိုက် OIC ဆိုတာဟာ အစ္စလာမ်ဘာသာ ပြန့်ပွားရေး အစ္စလာမ် နိုင်ငံ၊ အစ္စလာမ် ဒေသများ ပိုမို ကျယ်ပြန့်လာစေရေး အတွက် ဖွဲ့ထားတဲ့ အဖွဲ့သက်သက်မျှသာဖြစ်ပါတယ်။ ငွေကြေးတောင့်တင်းပါတယ်။ လူအခွင့်အရေးဆိုတာ ကို ခြုံပြီး အင်အားနည်းတဲ့ နိုင်ငံလေး များ ကို စိုးမိုးဖို့ ကြိုးစားလိုတဲ့ အဖွဲ့ဖြစ်ပါတယ်။ အပေါ်ယံက တော့ သာမန် NATO လို ASEAN လို အဖွဲ့ မျိုးပုံစံ ယူထားပေမယ့် သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ အစ္စလာမ်နယ်မြေချဲ့ထွင်ရေးပါပဲ။ ဒါပေမယ့် ဒီအဖွဲ့က တာဝန်ရှိသူတွေဟာ မုတ်ဆိတ် တကားကားနဲ့ မဟုတ်ပါဘူး။ အနောက်တိုင်းဝတ်စုံ ဖြစ်ဖြစ် အာရပ်အဝတ်အစားဖြစ်ဖြစ် သပ်သပ်ရပ်ရပ်ဝတ်စားပါတယ်။ လူမြင်ကောင်းအောင်နေပါတယ်။ လူပိန်းကြိုက် သကာရည်ဖုံး အပြောလေးတွေလည်း ပြောတတ်ကြပါတယ်။ ပညာလည်းတတ်ကြပါတယ်။ ယနေ့ ကမ္ဘာမှာ အစ္စလာမ်ဘာသာကို ပြန့်ပွါးအောင်လုပ်နေကြရာမှာ အကြမ်းဖက်ဆိုသူတွေက လူတွေကို အကြောက်တရားနဲ့ လုပ်ပါတယ်။ ဗုံးခွဲတယ်၊ သတ်တယ်၊ ရုပ်ပျက်ဆင်းပျက်လုပ်တယ်။ အစ္စလာမ်ဘာသာဝင်တွေကို ကြောက်အောင်လုပ်တယ်။ ဒီ OIC ကတော့ ကောင်းကောင်းမွန်မွန်ဝတ်စားတယ်။ ငွေပုံအောသုံးတယ်၊ စကားလှလှ သုံးတယ်၊ အချိုသပ်တဲ့နည်း၊ ဖိအားပေးတဲ့နည်းသုံးတယ်။ တကယ်တမ်း လေ့လာကြည့်ရင် အားကြီးတဲ့ နိုင်ငံဆို သူတို့ သိပ်မလုပ်ရဲပါဘူး။ တရုတ်မှာ ဟန်တွေနဲ့ မွတ်စလင်မျိုးနွယ် Uyghur တွေနဲ့ ဖြစ်ကြတုံးက တရုတ်က ပြတ်ပြတ်သားသား ဟန်ဖက်က ရပ်တည်တယ်။ OIC ဘာသံမှ သိပ်မထွက်နိုင်ခဲ့ပါဘူး။ တရုတ်က စစ်ရေးကော၊ ဓန ပါတောင့်တယ်။ အခု မြန်မာပြည်ကို ကျတော့ UN မှာ တင်ဖို့လုပ်တယ်။ ဒါကိုကြည့်ချင်းအားဖြင့် မြန်မာပြည်ဟာသေးတယ်၊ ဓန မရှိဘူး ဆိုတာသိလို့ လုပ်တာဖြစ်နိုင်သလို၊ သမတကြီးတို့ ဘက်မှ သူတို့ ရဲ့ pressure ကို လိုသည်ထက်ပို ပြီး response လုပ်နေလို့လည်းဖြစ်နိုင်ပါတယ်။ သမတကြီးတို့ အနေနဲ့ တကယ် တမ်းယူရမည့်အားသည် ပြည်တွင်းအားသာဖြစ်ပါတယ်။ လူထုအားသာဖြစ်ပါတယ်။ သမတကြီးနှင့် ကြံ့ခိုင်ရေးပါတီ အပေါ် ယခင်က ပြည်သူများမှ မယုံ ကြည့် ခဲ့လင့်ကစား နိုင်ငံကိုထိပါးမည့် ကိစ္စများတွင် ပြည်သူစစ်စစ်များကတော့ သမတကြီး တို့ အစိုးရနှင့်တသားတည်းရပ်တည်ပါလိမ့်မယ်။ ငွေမျက်နှာကို ကြည့် ပြီး လူ့အခွင့်အရေး အရေခြုံ ကာ ရန်သူကို မျက်စ ပစ်ပြနေသူ အချို့ ကတော့ အမြဲတမ်း ရှိနေမှာ ဖြစ်ပေမယ့် မပြောပလောက်တဲ့ ပမာဏဖြစ်လို့ ထည့်တွက်စရာမလိုပါဘူး။ လူ့ အခွင့်အရေးဆိုတာ အလွန်လှသလောက် အလွန်ရှုပ်ထွေးပါတယ်။ တကယ်တမ်းက ကြိုက်တဲ့ နိုင်ငံပြောင်းပါ.. လူဆိုတိုင်း အခွင့်အရေးအပြည့်မရပါဘူး။ သူတို့ နိုင်ငံသားနဲ့ တန်းတူ မရပါဘူး။ ယနေ့ အင်တာနက်ခေတ်ကြီးမှာ လေ့လာကြည့်ရင်သိနိုင်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ရထား သူ နှင့်နိုင်ငံသားနှင့်တောင် အခွင့်အရေးမတူပါဘူး။ ဘီဘီစီ အခြေ စိုက်ရာ ဗြိတိန်နိုင်ငံမှာ ဆိုရင်လည်း နိုင်ငံသားနဲ့ ပါတ်သက် လာရင် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါတောင် သူတို့ ဟာ နေထိုင်ခွင့် မပေးသင့်တဲ့ လူတွေကို နေထိုင်ခွင့်ပေးမိ၊ နိုင်ငံသားမပေးသင့်တဲ့ လူတွေကို နိုင်ငံသားပေးမိတဲ့ အတွက် ယနေ့ အခါမှာ UK မှာ Sxxxxa ဘာသာရေး ဥပဒေ ရှိရမယ် ဘာညာဆိုပြီး အကြပ်ကိုင် တောင်းဆိုတာ၊ အကြမ်းဖက်သမားမှန်းသိသိကြီးနဲ့ နိုင်ငံကနေ နှင်ထုတ်လို့ မရတာ စသည်ဖြင့် ကိုယ့်ကြိုးနဲ့ ကိုယ့်လည်ပင်းကို ပတ်မိနေပါတယ်။ အချုပ်ဆိုရမယ်ဆိုရင် လူ့ အခွင့်အရေးဆိုတာ ဟာ ကောင်းတာမှန်ပေမယ့် နေရာတကာ သုံးလို့ မရတဲ့ one size fits all မဟုတ်ကြောင်းနဲ့ သူ့နေရာ သူ့ဒေသ လူတွေရဲ့ အကျင့် အနေ အထိုင်ပေါ်မှာသာ လျှော်ညီအောင် ကျင့်သုံးသင့်ပါကြောင့် သမတကြီး တွေ့ တွေ့ မတွေ့တွေ့ အကြံပေးလိုက်ရပါတယ်။
ငြိမ်းချမ်းစွာ အတူနေထိုင်ဖို့? ကိုယ့်ခြံထဲကို နောက်ဖေးပေါက်က ကျော်ဝင်လာပြီး ကိုယ့်မိန်းမကို ကြံနေတဲ့ မုတ်ဆိတ်ကို မင်းတို့ပဲ နွားနို့နဲ့ ကြက်ဥ ဒေါ်လာ နဲ့သာ ဝယ်တိုက်လိုက်ကြပေတော့ VOA ဝိုင်းတော်သားတို့ရေ.......
ReplyDeleteVoa ကို အ ရင် က ယုံ တယ် အခု မ ယုံ ဘူး လီး voa ရှေ့ တ မျိုး နောက် တ မျိုး လီး............
ReplyDelete..
....................လီး
လှံနှစ်စင်း ကြက်ခြေခတ်နဲ့ အနောက်တံခါးမှုးတို့ရေ
ReplyDeleteမင်းတို့နောင်တော်တွေရဲ့ မှတ်ပူံတင်ပေါ်က လတ်မှတ်
တစ်ချက်တိုင်းအတွက် ဒို့ညီနောင်ရခိုင်တိုင်းရင်းသားတွေ
ရဲ့အသက်တစ်သက်နှုံန်း ပေးဆပ်ခဲ့ရပြီ.....ဒီသွေးကြွေးအ
တွက် ပေးဆပ်ဖို့တာဝန်အရှိဆုံးကတော့.......
ko demo,
ReplyDeleteCheck this out clip I found on the net.
Well prepared.One guy dictated how to shout and fabricated message to get attention from the world especially muslim world.Watch out ko demo.Hope this may help to educate each others for informational purpose.
http://www.youtube.com/watch?v=ChZwrFFDpsw&feature=player_embedded
သန်းလွင်ထွန်း (VOA) လို ကုလားထွန်းခင်၊ ကုလား ၀ါကာအူးဒင်း တို့ကို ရိုဟင်ဂျာ လူမျိုး ဆိုပြီး စင်မြင့်ပေါ် ပွဲထုတ်ပေးတဲ့ ကုလားကျွန်ကို ဘာမှ စောက်ဖက် လုပ်ပြီး ရှင်းပြနေစရာ မလိုပါဘူး။
ReplyDelete၇ခိုင်က ခေါ်တောတွေအတွက် နိုင်ငံတကာ မွတ်စလင်တွေက လှုတဲ့ အလှုငွေတွေကို ဖြတ်စားနေတဲ့ ကုလားထွန်းခင် တို့ဆီက ပြန်ပီး ဝေစု ခွဲဖို့ တ၇ုတ် သန်းလွင်ထွန်း (VOA) တို့လို လောက်ကောင်တွေက ကုလားထွန်းခင် တို့ကို စင်တင်ပေးနေတာ။
ReplyDeleteVOA က ကိုသန်းလွင်ထွန်း သတင်းသမား သိက္ခာမဲ့တာကိုတော့ သိပြီးသားပဲ။ ဒါပေမယ့် ဒီလောက် မျက် နှာပြောင်မယ်လို့တော့ မထင်မိဘူး။
သမ္မတဦးသိန်းစိန် ကိုမေးတဲ့ မေးခွန်းတစ်ခုကို အောက်မှာ လေ့လာကြည့်ပါ။
"မေး။ ။ ဒေသတွင်းကအခြေနေနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေ ရဲ့ဖော်ပြ မှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ ရှိနေပါ တယ်။ ပြည်တွင်း မီဒီယာတွေက အမျိုး သားရေးစိတ်ဓာတ်အမျိုးသားရေး အခြေခံတွေကို အကြောင်းပြုပြီးတော်တော်လေးပြင်းပြင်း ထန် ထန် ဖော်ပြ တာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်အရေးကို အခြေ ခံပြီး ဖော်ပြတယ်ဆိုတော့နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်က ကျူးကျော်လာ
တဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သမ္မတကြီး အနေနဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို တစ်စုံတရာများ စိတ်အနှောက်ယှက်ဖြစ်ခဲ့တာတွေ ရှိခဲ့လား ခင် ဗျ။"
လူ့အခွင့်အရေးကို အခြေခံပြီး ရိုဟင်ဂျာတွေဖက်က ဖော်ပြခဲ့တယ်ဆိုတော့ "ရခိုင်တွေက လူမဟုတ်ဘဲ တိရစ္ဆာန်တွေ" ကျနေတာပဲ။
တစ်ခုပဲ ထောက်ပြပါမယ်။ သန်းလွင်ထွန်း ကိုယ်တိုင် အင်တာဗျူးလုပ်ခဲ့တာ ဝါကာအူဒင်ပါ။ ဘယ် သတင်း ဌာနကများ ရိုဟင်ဂျာကိစ္စ ပြဿနာတက်နေတဲ့အချိန်မှာ ရခိုင်လူကြီးတစ်ဦးကို အင်တာဗျူးတာ လုပ်ဖူးပါ သ လဲ။ အထူးသဖြင့် သန်းလွင်ထွန်းရဲ့ ဗွီအိုအေ ပေါ့။ လူအုပ်ထဲကို ရဲက သေနတ်နဲ့ပစ်တယ်လို့ အင်္ဂလိပ်ပိုင်း သတင်းမှာရေးပြီး ဗမာပိုင်းမှာ မဖော်ပြခဲ့သော သတင်း၊ အဲ့ဒီသတင်းမှာ ဆန္ဒပြနေတဲ့ ရိုဟင်ဂျာလို့ရေးထားပြီး ဆူးလေက ဆန္ဒပြ မွတ်စလင်တွေပုံကို ထည့် သုံးထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ လုပ်ရပ်က လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ပြီး လူ့အခွင့် အရေးအတွက် သတင်းသမားကျင့်ဝတ်ကို ချိုးဖောက်လိုက်တာတဲ့လား။
ဘီဘီစီဆိုတဲ့ သတင်းဌာနဆိုရင် ၇ခိုင်အရေးအခင်း ဓါတ်ပုံတွေမှာ ဝါးချွန်တွေကိုင်နေတဲ့ ရခိုင်လူမျိုးပုံတွေ ကို "ရည်ရွယ်ချက်ရှိရှိ" ဖော်ပြထားပြီး ငေးမောငိုင်ရီနေတဲ့ ရခိုင်သက်ကြီးရွယ်အိုတွေရဲ့ ပုံတွေကို မဖော်ပြခဲ့ တာ မီးဟုန်းဟုန်းတောက်နေပြီး လက်သီးလက်မောင်းတန်း အကြမ်းဖက်ပြနေတဲ့ ဘင်္ဂါလီရိုဟင်ဂျာတွေရဲ့ ဓါတ်ပုံတွေကို "လုံးဝ" မဖော်ပြခဲ့တာ သတင်းသမားကျင့်ဝတ်တဲ့လား။ လူ့အခွင့်အရေး ရှုထောင့်က ကြည့်တာတဲ့လား။
ဒီဗွီဘီဆိုရင် ပြောမနေပါနဲ့တော့။ နိုင်ငံတစ်ခုရဲ့ ဥပဒေအရာဖြစ်တဲ့ကိစ္စရပ်ကို အေးချမ်းနိုင်ဆိုတဲ့ လူက ရိုဟင်ဂျာတွေဟာ နိုင်ငံသား ဖြစ်သင့်ကြောင်း ပြင်းပြင်းထန်ထန်ယုံကြည်ပါတယ် ဆိုပြီး ဗြောင်ပြော တဲ့ အဆင့်ရောက်လာရပြီ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကို အဓိကရုန်း တစ်ခုပဲ လို့ ရေးတဲ့ ဒီဗွီဘီ၊ မင်းကိုနိုင် ကို အဓိကရုန်းလှုံ့ဆော်သူ အကြမ်းဖက်သမားလို ပုံဖော်တဲ့ ဒီဗွီဘီက ရော လူ့အခွင့်အရေး ရှုထောင့် ကနေ ရေး ပြလိုက်တာတဲ့လား။
ပရော်ဖက်ရှင်နယ်လ်ဆိုတာ ပရို ပီသရတယ်။ ပရိုတွေ လိုက်နာရမှာက Professional Ethics ပဲ။ မင်းတို့ သတင်း သမားမဟုတ်ဘဲ သောမတ်စ်ကန်တားနားရဲ့ နောက်လိုက်တွေဆို တစ်မျိုးနားလည်ပေးလိုက်မယ် သန်းလွင် ထွန်း၊ အေးချမ်းနိုင်နဲ့ အောင်ဇော်တို့ အဖွဲ့တွေရေ။ ခင်ဗျားတို့ဟာ သတင်းသမားတွေဆို။ သတင်းဆိုတာ အမှန်အတိုင်း အပိုအလိုမရှိ အတိအကျ ရေးနိုင်မှ သတင်းတန်ဖိုး စစ်မှန်တယ်။ နှမ်းဖြူး တာတွေ၊ ဇာချဲ့တာတွေ ကိုယ်ထင်ရာ ရမ်းတုတ်တာတွေ ထည့်ရေးလို့မရပါဘူး။
သတင်းသမားရှုထောင့်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှုထောင့်မတူပါဘူး။ သတင်းသမားဟာ ပရော်ဖက်ရှင်နယ်လ်ဖြစ်တယ်။ သူ့စည်းကမ်းရှိတယ်။ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီးဖော်ပြ လိုက် တယ် ဆိုကတည်းက Very contradictory ပါပဲ။ ဒီစကားဟာ သူတို့ ဇာတ်ရုပ်ကို ဖော်ပြလိုက်တာပါပဲ။ သူ တို့ အစိုးရနဲ့ တည့်ရင် အစိုးရကောင်းကြောင်း ပေါ်လစီချမှတ်ပြီး ဖော်ပြပေးမယ်။ အစိုးရနဲ့ မတည့်ရင် ဘာ လုပ်လုပ်မကောင်းဘူးဆိုတဲ့ ပေါ်လစီနဲ့ ရေးမယ်ဆိုတဲ့ သဘောပါပဲ။
တစ်ကယ့််တစ်ကယ် သတင်းသမားတွေအလုပ်က ကောင်းကောင်း၊ မကောင်းကောင်း "အရှိကို အရှိ အ တိုင်း" ရေးရမှာ မဟုတ်လား။ ဒီချုပ်မို့ ပိုပိုသာသာလေး ဖေးမ ပေးပြီး ကြံ့ဖွံ့မို့ ခပ်ဖိဖိရေးမယ်ဆိုတာမျိုးတွေ လုပ်သင့်ပါ့မလား။
ပြည်ပမီဒီယာတွေဆီက လူတွေဆီမှာ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ် လုံးဝမရှိတာက ထပ်မံပေါ်လွင် လာ တယ်လို့ပဲ ဆိုပါရစေတော့။
နေ့ တိုင်း ဆဲ မယ် လီး သန်း လွင် ထွန်း လာ ဆဲ မယ်
ReplyDelete