Pages

Friday, August 17, 2012

မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ ပါရမီယာဉ်လိုင်း (ပေးစာ)

မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်ရဲ့ ပါရမီယာဉ်လိုင်း (ပေးစာ)
၁၇၆-ယဉ်လိုင်းသည် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်အောက်မှ ပြေးဆွဲနေသော ပါရမီယာဉ်လိုင်းဖြစ်ပါသည်။ ၁၇၆-ယဉ်လိုင်းသည် တောင်ဒဂုံမြို့မှ လှိုင်သာယာသို့ ပြေးဆွဲနေသော ယဉ်လိုင်းဖြစ်ပါသည်။ ထို ၁၇၆-ယဉ် လိုင်းထဲမှ ၂/ဂ ၈၃၃၆ ယဉ်အမှတ်နဲ့ ပြေးဆွဲနေသော ပါရမီယဉ်သည် တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊သစ်ဆိုင်ကွေ့မှတ်တိုင်၌် ၁၅-၈-၂၀၁၂ ညဦးပိုင်း ၉း၀၀ အချိန်ခန့်တွင် အုပ်စုဖွဲ့ ၍ ရမ်းကားမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ တောင်ဒဂုံမြို့နယ်၊ပြည်ထောင်စုလမ်းနှင့် စည်ပင်လမ်းဆုံ၊ သစ်ဆိုင်ကွေ့မှတ်တိုင်၌ မောင်နေ၀င်း နှင့် မောင်ညီထွေးဝင်းတို့အား အဆိုပါ ၁၇၆-ယဉ်လိုင်းမှ ယဉ်နောက်လိုက် နှစ်ဦး၊ အပေါင်းဖော် သုံးဦးတို့က အုပ်စုဖွဲ့၍ ဒုတ်နှင့် ၀ိုင်းရိုက်ခဲ့ကြပါသည်။ ပြည်ထောင်စု လမ်းမကြီးဘေးမှကပ်၍ စက်ဘီးနင်းလာသော မောင်နေ၀င်းအား အဆိုပါ ၁၇၆ - ယဉ်မှ ထိလုနီးပါး ပွတ်ဆွဲသွားပါသည်။ ထို့ကြောင့် ရှေ့ဆက်၍ နင်းလို့မရ၊ အောက်သို့လည်း ချရခတ်တဲ့ အနေထားကြောင့် နှုတ်ဖြင့်ဆဲဆိုသည်ကို အဆိုပါ ၁၇၆ ယဉ်လိုင်းမှ ကားရပ်၍ ယာဉ်နောက်လိုက် နှစ်ဦး၊ အပေါင်းဖော်သုံးဦးတို့က အုပ်စုဖွဲ့၍ဒုတ်နှင့် ၀ိုင်းရိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။

` မောင်နေ၀င်းမှ သူ့၏ညီ၊ မောင်ညီထွေးဝင် (ခ) သားငယ်ကို လှမ်းအကူညီ တောင်းပါသည်။ မောင်ညီထွေးဝင်း (ခ) သားငယ်မှ ပြေးလာရာကို အဆိုပါ ၁၇၆ - ယာဉ်နောက်လိုက်များက ၀ိုင်းရိုက် လိုက်သောကြောင့် ဦးခေါင်းကွဲသွားခဲ့ပါသည်။ ယင်းအချိန်တွင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ထွက်လာရာ အဆိုပါကားမှာ မောင်း ပြေးသွားပါသည်။ ယင်းသို့ မောင်းပြေးစဉ် ယာဉ်မောင်းသူမှ ရပ်ကွက်သားများကို' မင်းတို့ရပ်ကွက်ကို မီးလာရှို့ ပစ်မယ်'ဟု ကြိမ်းမောင်း ခြိမ်းခြောက်သွားခဲ့ပါသည်။ ဤသို့ဖြစ်ပွားခဲ့သည်မှာ တစ်ကြိမ်တစ်ခါလည်း မဟုတ် တော့ပါ။ လှိုင်သာယာမှာဖြစ်လိုက်၊ ဒဂုံတောင်မှာဖြစ်လိုက်နှင့် အကြိမ်ရေ စိတ်လာခဲ့သည်ဟုလည်း အဆိုပါ ၁၇၆- ယဉ်လိုင်းကို အမြဲလို စီးနင်းနေသော ခရီးသည်များကလည်း ပြောဆိုနေကြပါသည်။ အရိုက်ခံရသူ မောင် ညီထွေးဝင်း (ခ) သားငယ် ဆိုသူသည် အရိုက်ခံရသည့် ဒဏ်ရာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အနီးရှိ ရပ်ကွက်သူ၊ရပ်ကွက်သားများမှ အရေးပေါ် ပို့ဆောင်ပေးခဲ့ရပါသည်။  အရိုက်ခံရသူ မောင်ညီထွေးဝင်း (ခ) သား ငယ်သည် ဦးခေါင်းနောက် အရိုက်ခံရတာ ပြင်းထန် လွန်းသောကြောင့် (၃) ချက်ချုပ်ခံထားရသည်ဟု သိရှိရပါ သည်။ အရိုက်ခံရသည် ဒဏ်ရာမှာ အတွင်းသို့ နက်သွားသည်ဟုလည်း ဆေးရုံမှပြောဆိုပါသည်။

အဆိုပါ အရိုက်ခံရသော အကိုဖြစ်သူ မောင်နေ၀င်းနှင့် ညီငယ်ဖြစ်သူ မောင်ညီထွေးဝင်း (ခ) သားငယ် တို့သည် လက်ရှိအချိန်တွင် စံပြဆေးရုံ၌ ဆေးကုသမှုကို ခံယူနေသည်ဟု ထပ်မံသတင်းရရှိပါသည်။ မောင်ညီ ထွေးဝင်း (ခ) သားငယ်သည် Rolling Stone ဆံပင်ညှပ်ဆိုင်မှ အလုပ်သမားတစ်ဦးဖြစ်ပြီး NLD အဖွဲ့ဝင် လူငယ်တစ်ဦး ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ပေးပို့သူ လင်းဆက်.. 
ဓာတ်ပုံ ဒီမိုကောင်းကင်..

13 comments:

  1. ဘယ်လို ဖြေရှင်းပေးကြမှာလဲ.... စစ်အုပ်စုပိုင် စီးပွားရေးအဖွဲ့ ကြီးရေ ....

    ReplyDelete
  2. ကိုစပ်စုAugust 18, 2012 at 1:07 AM

    တစ်လောက သင်္ဃန်းကျွန်းမှာ ဖြစ်တဲ့ ကိစ္စဘယ်လို ပြီးသွားသလဲ မရှင်းပါ။
    အခုထပ်ဖြစ်ပြီဆိုတော့ နောင်...
    ဘယ်လိုရှင်းကြမှာတုံး။
    ဦးပိုင်မှ လူကြီးမင်းများ ခင်ဗျားတို့ဝါးနေတာတွေ
    လျှော့ပြီး ကိုယ့်ဝန်ထမ်းတွေကို စီမံခန့်ခွဲဖို့ လုပ်ကြပါအုံး။

    ReplyDelete
  3. သင်္ဃန်းကျွန်းကိစွတုန်းက ဦးပိုင်မှ ဗိုလ်မှုးကြီးကပြောပါတယ် သူ့ဝန်ထမ်းတွေဟာ
    စည်းကမ်းအတိအကျ လိုက်နာပါတယ်တဲ့
    မှန်ပါတယ်ဗျာ....သူ့စည်းကမ်းလဲကြည့်ပါအုံး
    ယာဉ်စည်းကမ်း...no need
    လမ်းစည်းကမ်း....လည့်မကြည့်
    ဘာဖြစ်ဖြစ်....အဘဆီလစ်ခဲ့
    မင်းတို့ရှေ့အဘခံ....ဒို့ဦးပိုင်ရွှေပန်းပန်...ဘာရွှေပန်းလဲမသိဘူးနော်.? ကြောက်စရာl

    ReplyDelete
  4. ပါ ရ မီ မင်း တို့ လွန် နေ ပြီ နော်

    ReplyDelete
  5. သစ္စာစောင့်သိ ၊ ပြည်သူကို ရိုသေတာ ၊ ပါရမီပါတဲ့၊ အလကားကောင်းတွေပါ။ စတေ ကာဆိုင်က ဈေးကွက်တင်ထားတဲ့စာတွေကို လိုက်ကပ်ထားတာ။ ဒီကောင်တွေ ဘာသိတတ် တာမှတ်လို့၊ ကျွေးတဲ့လက်ကို ပြန်ကိုက်တာ ချီး စားတဲ့ခွေတောင် မကိုက်ဘူး။ ဒီပါရမီကကောင်တွေ ဘယ်သူအားကိုးနဲ့ မိုက်နေ တာလည်း မသိဘူး။ ပြည်သူတွေကို စော်ကားတာတွေများ နေပီ။ မကြာသေးဘူး။ သင်္ဃန်းကျွန်း ၊ ဘ၀မြင့် မှတ်တိုင်မှာလည်း ရပ်ကွက်ထဲက ပြည်သူတွေ နဲ့ ရန်ဖြစ်သေးတယ်။ အခုလည်း ဘာမှ မပါတဲ့ သူတို့ညီလောက်အရွယ်လေးတွေကို သံဒုတ်နဲ့ ရိုက်တယ်။

    ReplyDelete
  6. ဦးပိုင်ကကောင်တွေကဘာအဆင့်ရှိလို့လဲ။ ခွေးလောက်
    တောင်အသိဥာင်္ဏမရှိတဲ့ကောင်တွေ။ ပါရမီယာဉ်လိုင်းမှာ
    မောင်းနေတဲ့ကောင်တွေက ခွေးရူး ခွေးဝဲစား နဲ့ ဖာသည်မဆက်ပြီးမွေးလာတဲ့ကောင်တွေ မဲမဲမြင်ရင်
    ကိုက်မယ်ဆိုတာဘဲသိတယ်။ ယာဉ်စည်းကမ်းထိမ်းသိန်း
    ရေးဆိုတာလည်း ဘယ်ရောက်နေကြသလဲမသိဘူး။ အိပ်
    နေကြတယ်နဲ့တူတယ်။ ပါရမီယာဉ်လိုင်းနဲ့ ပတ်သက်လာ
    ရင်သူတို့နဲ့မဆိုင်သလိုဘဲ။ ပထွေးတွေကိုကြောက်နေရ
    တယ်လေ ။ ပါရမီက ကောင်တွေက မီးပွိုင့်မီးနီလည်း
    ဖြတ်မောင်း လုပ်ချင်သလိုလုပ်နေကြတာ။ မြန်မာပြည်မှာ
    စည်းကမ်းအပျက်ဆုံးစာရင်းမှာ ဗန္ဓုလ သယ်ယူပို့ဆောင်
    ရေး ကထိပ်ဆုးကနေရာယူထားတာတွေ့ရတယ်။

    ReplyDelete
  7. ဥပဒေရဲ့ အထက်မှာ ဦးပိုင်ရှိကြောင်း သက်သေပြလိုက်
    တာဘဲ။

    ReplyDelete
  8. ကိုစပ်စုAugust 20, 2012 at 11:04 PM

    ပါရမီ လိုင်းတွေပေါ်ကာစက..
    နာမည်ကောင်းတွေ ရခဲ့ပါတယ်
    အခြား ယာဉ်တလိုင်းတွေနဲ့စာရင်
    ဆက်ဆံရေး၊ ၀န်ဆောင်မှု၊ အထူးသဖြင့်
    ယာဉ်နောက်လိုက်တွေရဲ့ ယာဉ်ကျေးသိမ်မွေ့မှု
    စသည်ဖြင့် အတော်လေး နာမည်ကြီးတယ်..
    ကျွန်တော်တို့ လို နေ့စဉ် Bus နဲ့ ခရီးသွားနေသူတွေ
    အတွက် ကျေနပ်စရာပါ။
    အဲဒီကောင်းမွန်တဲ့ အချက်တွေ ဘာကြောင့်..
    ဘယ်အတွက်... ပျက်ဆီးသွားရပါသလဲ။

    ReplyDelete
  9. လူလိုနားမလည်တဲ့ကောင်တွေကြောင်ကောင်းကောင်းမွန်မွန်မောင်းစားတဲ့ကောင်တွေဒုက္ခရောက်တယ်ထိရောက်စွာအရေးယူပေပါ ပါရမီ ယာဉ်လိုင်း ဦးပိုင်အတွက်ဒီလိုကောင်တွေဖယ်ထုတ်လိုက်ပါ

    ReplyDelete
  10. ဦးပိုင်ပါဆိုနေမှ ဦးတဲ့သူ ပိုင်တာလေ

    ReplyDelete
  11. မစိုးရိမ်ကြပါနဲ့နောက်ဆိုဆရာဝန်နဲ့သူနာပြုပါတင်ပေးထားမယ်ပါရမီကကောင်တွေကိုမောင်ရင်တို့ဝိုင်းသာရိုက်

    ReplyDelete
  12. ရိုက် မယ် လီး ပါး ရ မီ

    ReplyDelete
  13. ဟုတ်ပါတယ် ..ဦးပိုင် ယာဉ်လိုင်းတွေ လွန်နေတာ ကြာပါပြီ
    ကိုယ်တွေ့ ခံစားခဲ့ရဖူးပါတယ် ....
    ဦးပိုင် မှာတက္ကစီ မောင်းဖူးတဲ့ ဒရိုင်ဘာ တစ်ယောက်ကပြောပြဖူးပါတယ် ... ဦးပိုင် ယာဉ်လိုင်းက ဒရိုင်ဘာတွေ ... နောက်လိုက်တွေကို မှာထားပုံ က... မင်းတို့ တစ်ခုခု ဖြစ်ရင် ထွတ်သာပြေး ..ကြာရင် အရေးယူလို့ မရတော့ဘူး ဆိုပြီး မှာတယ်လို့  သိရပါတယ်
    ဆက်ဆံရေးလဲ ညံ့ ဖျင်းပါတယ် လူကိုလူလို မဆက်ဆံ တဲ့အပြင် ရိုင်းစိုင်း မောက်မာ လွန်းတာကြောင့် စီးကိုမစီးတော့တာကြာပါပြီ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။