Pages

Saturday, August 4, 2012

ထူးဆန်းထွေလာ ဟင်္သာတမြို့မှ ဆက်သွယ်ရေးဋ္ဌာန အကြောင်း (တိုင်ကြားစာ)

ဟင်္သာတမြို့  မှာ GSM နှင့် CDMA ဖုန်းများ စကားပြောလျှင် ပြုတ်ကျသွားပြီး အိမ်တွင်း ပြန်ခေါ်တာတောင် ဆက်သွယ်မှု ပြင်ပရောက်နေကြောင်း ဖြေကြားနေခြင်းကိစ္စတွေကို ဟင်္သာတဆက်သွယ်ရေးက မဖြေရှင်းနိုင် ဖြစ်နေပါတယ်..။

ဟင်္သာတမြို့မှ ရဲတွေကိစ္စ၊ သစ်ကိစ္စ၊ ဖဲဝိုင်းကိစ္စ စသည့်တိုင်းတန်းချက်များ အင်တာနက်ပေါ်ပါလာပြီး နောက်နေ့များတွင် ဟင်္သာတမြို့ ပေါ်ရှိ GSMနှင့် CDMA ဖုန်းလိုင်းများမှာ တုံးအပြည့် မိနေပါလျှက်နှင့်  စကားပြောနေရင်းနဲ့ လိုင်းကျကျသွားတဲ့ အဖြစ်များ ကြုံတွေ့နေရပါတယ်..။ ကျွန်တော်တို့လို ဝန်ထမ်းတွေ အနေနဲ့ (မသိရင် အထက်လူကြီးနဲ့ ပြောတဲ့ ၀န်ထမ်းအချို့ အတွက် ရင်လေးစရာပါ) မပြောချင်လို့ ချတယ်ထင်မှီရင် မလွယ်လှပါ..။

တာဝါတိုင်မှာက လိုင်းကောင်းတယ်လေ တာဝါတိုင်ကို ဟင်္သာတမအူပင်လမ်း စရဖ ၀န်းထဲမှာ တစ်တိုင်၊ လယ်တော်ဝန်း ထဲမှာ တစ်တိုင် ခလရ (၁၈)မှာ တစ်တိုင်အသီးသီး ထောင်ထားသော်လည်း စကား တစ်ခါပြောဖို့ အတွက် သုံးခါလေးခါလောက် ပြန်ပြန်ခေါ်ရပါတယ်။ ဟင်္သာတ ဆက်သွယ်ရေး ကြိုးဖုန်းတွေကလည်း တစ်ခါပျက်ပြင်လျှင် ၁၅၀၀နှင့်၂၀၀၀ ကြားပေးရပြီး တစ်လကို ပုံမှန်တစ်ခါတော့ အချိန်မှန်ရင် ပြတ်သွားပါတယ်။ လိုင်းမင်းတွေကလည်း တိုင်းဆက်သွယ်ရေးဌာနက ဗိုလ်မှူးတွေကိုခန့် ထားပါတယ်။ (ဗိုလ်မှူးဆိုတာ စစ်တပ်က ၀န်ထမ်းမဟုတ်ပါဘူး) မနက်မိုးလင်း လိုင်းလိုက်ကတည်းက စမူးနေလို့ပါ ၀န်းထမ်းတွေကို အရက်သောက်ခွင့် ပေးတဲ့ဌာနက ဟင်္သာတ ဆက်သွယ်ရေးဌာန တစ်ခုသာရှိပါတယ်) တစ်ချို့ဖုန်းတွေဆိုရင် အိမ်မှာ တနေ့လုံးလည်း ရှိမနေဘဲ  တစ်လနှစ်လတာ  ခရိးထွက်နေပါလျှက်နဲ့ အဲဒီ့ခရီးထွက်တဲ့ ကာလအတွက် ဖုန်းဘေထွက်လာရင် လူမရှိပဲ ၄သောင်း လောက် ကျနေတတ်ပါတယ်..။

ဖုန်းရုံးကို သွားပြောရင်လည်း ဖုန်းဘေတော့ အခုဆောင်လိုက်ပါ.. AE ကိုပြောပေးမယ် အ၀င်ပိတ်မလား။ အထွက်ပိတ်မလား ပိတ်ရင်အနည်းဆုံး (၆)လပိတ်ရမယ် ဖုန်းဝယ်ထားပြီး ဖုန်းပိတ်ရမယ့် အဖြစ်မျိုးနဲ့ ကြုံနေပါတယ်။ ကွန်ပလိန်းတက်ရင်လည်း စာရွက်ထွက်လာပါတယ်။ အိမ်တခါးတောင် ပိတ်ပြီး ခရီးထွက်နေပါတယ်ဆိုမှ တစ်မိနစ်ခြား၊ နှစ်မိနစ်ခြား ခေါ်ထားတဲ့ နံပါတ်တွေနဲ့ ဖုန်းဘေနဲ့  ကွက်တိကျအောင် ထွက်လာပါတယ်။

ဖုန်းဘေတွက်တဲ့ ကွန်ပျူတာဘဲ ပျက်နေသလား ဘေကိုင်တဲ့ ဌာနကဘဲ လုပ်စားနေသလား ဘယ်လိုဘဲပြောပြော ကွန်ပြူတာ စက်ဘဲထိုးချမှုများ ဟသာင်္တမှာ ဖြစ်ပေါ်နေမှု များဟာ ဧကန်မလွဲ ကြိမ်းသေပါတဲ့ ဆိုတဲ့ အကြောင်းကို ဆက်သွယ်ရေးဝန်ကြီး သိစေရန် ဒီမိုဝေယံမှတဆင့် တင်ပြအပ်ပါတယ်။

ဟင်္သာတနှင်းမောင်...

16 comments:

  1. ဆရာကြီးဦးဌေးဦး ဦးဆောင်ဦးရွက်လုပ်နေတဲ့မြို့ဘဲဗျာ ဂလောက်တော့ ရှိမှာပေါ့ ။

    ReplyDelete
  2. ဆက်သွယ်ရေးဌါနကတော့တပြည်လုံး
    လိုလိုဒီလိုဖြစ်နေပြီလွတ်တော်မှာတင်
    ပြပြီးထိထိရောက်ရောက်အရေးယူသင့်
    ပြီ လူတွေရဲ့ကိုယ်ပိုင်အခွင့်အရေးတဦးနှင့်
    တဦးဖုန်းပြောစကားတွေကိုခိုးယူပြီးအပြင်
    မှာပြန်ရောင်းစားနေဒါလူ့အခွင်အရေးကို
    ချိုးဖေါက်တာဘဲ့ထိထိရောက်ရောက်အရေး
    ယူသင့်ပါတယ်။

    ReplyDelete
  3. မီးရှို့ပစ်လိုက်ကွာ
    သုံးစားလို့မရတဲ့ရုံးကို

    ReplyDelete
  4. ဘာကြောင့်ဖြစ်၇တယ်ဆိုတာသေသေချာချာ
    လေ့လာကွာ ၀န်ထမ်းတွေတော့မထိခိုက်နဲ့ 

    ReplyDelete
  5. ကိုတိတ်August 8, 2012 at 1:22 PM

    ဘယ်သူကအလကားနေပြတ်စေချင်မှာလဲ
    ၁၉၈၅ ကတည်းကတည်ဆောက်ထားတဲ့ 
    တယ်လီဖုန်းကြိုးတွေ
    ပြန်လည်ပြုပြင်မှမပေးတော့ဖြစ်မှာပေါ့

    ReplyDelete
  6. ဟုတ်တယ်။ဟိုနေ့က ကျွန်တော် Hinthadaကအသိတစ်ယောက် နဲ့ဖုန်းပြောတာ ခနခန လိုင်းပြတ်ပြတ်သွားတယ်။

    ReplyDelete
  7. ဟင်္သတမြို့ ဆက်သွယ်ရေးအတွက်အဝေးဆက်ကြောင်းရဘို့ ရန်ကုန်ကနေဆက်ထားတဲ့မိုက္ကရိုဆက်ကြောင်းတလျောက်ရေကြီးနေတဲ့ရေပြင်တွေကိုဖြတ်တဲ့အခါ ရေဒီယိုလှိုင်းတွေ ရိုက်ပြန်မှုများပြီးချို့ယွင်းရတာပါ။

    ReplyDelete
  8. GSM လိုင်းအတွက် INTERNET လျောက်တာ ၁၇၀၀၀ ပေးရမယ်တဲ့ဗျာ ၁၄၀၀၀ ဆိုရင်လိုင်က ခဏခဏ ပြတ်မယ်ပြောတယ် လိုင်းကလျောက်ပြီးရင် ပြတ်တပ်လား တရားဝင်ကြငြှာတာက ၁၀၀၀၀ လားလို့ အဲဒါလည်း ဟင်္သာတ ကဆက်သွယ်ရေးပါပဲဗျာ

    ReplyDelete
  9. မေမူ်းခင်August 18, 2012 at 3:40 AM

    ဟင်္သာတကလူတွေကသူများအကြောင်းပဲလိုက်စပ်စုတယ်နော် သတင်းထောက်အလုပ်ပဲလုပ်နေကြတာလား

    ReplyDelete
  10. ဟင်္သာသားမှန်ရင်ဆောက်ကျင့်ကောင်းတဲ့ကောင်တယောက်မှမရှိဘူးကိုယ်အတွက်ဘဲကြည့်တဲ့ကောင်တွေ

    ReplyDelete
  11. မှန်လိုက်တဲ့ ပါ ပါ ကြီး ပဲ အမှန်တွေ မတင် ပါနဲ့

    ReplyDelete
  12. ပြင်ဦးလွင်မှာလည် ဒီလိုပါပဲ ဒီဒေါ့လွှတ်တော်ကိုတင်ပြတာအကောင်းဆုံးပါပဲ

    ReplyDelete
  13. ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။