Pages

Friday, August 10, 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း စစ်ကိုင်းမြို့မှ ကျဆုံးသွားခဲ့ကြသူများအတွက် အောက်မေ့ဖွယ် အခမ်းအနား..

၁၉၈၈ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး စတင်ဖြစ်ပွားခဲ့ပြီး  နောက်တရက်ဖြစ်တဲ့ သြဂုတ်လ(၉)ရက်နေ့မှာတော့ စစ်ကိုင်းမြို့မှာ ရဲနှင့်စစ်တပ်က ဆန္ဒပြနေသော လူထုကို ပစ်ခတ်ခဲ့သဖြင့် ရာပေါင်းများစွာ ထိခိုက် ဒဏ်ရာရ ကျဆုံးခဲ့ကြရတာကို အောက်မေ့ အမှတ်ရ သိရှိကြမှာပါ..။

ဒီကနေ့ ၉-၈-၂၀၁၂ ညနေ(၄)နာရီ က စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရားအတွင်းမှာ ၉-၈-၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ၌ ကျဆုံးခဲ့ရသော ရဟန်းရှင် လူပြည်သူအများအား အောက်မေ့သတိရ ဆုတောင်းမေတ္တာ ပို့သခြင်း အထိမ်းအမှတ် အခမ်းအနားအား ပြုလုပ်ခဲ့ရာ စစ်ကိုင်းမြို့သူမြို့သား ဒီမိုကရေစီ ချစ်မြတ်နိုးသူများနှင့် ကျောင်းသားများအပြင် စစ်ကိုင်းမြို့ကို ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအဖွဲ့ ပါဝင်တက်ရောက်၍ မေတ္တာပို့ အမျှဝေပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်..။

ကောင်းမှုတော်ဘုရား ရင်ပြင်တော်ပေါ်တွင် စစ်ကိုင်းမြို့ခံလူထုနှင့် ၈၈မျိုးဆက်ကျောင်းသား  ခေါင်းဆောင်များ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်..။ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များမှ စစ်ကိုင်းမြို့ ဒီမိုကရေစီတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော မြို့ခံနယ်ခံများနှင့် ကျဆုံးသွားခဲ့ကြသူများအား ချီးကျူးဂုဏ်ပြု စကားပြောကြားပြီး စစ်မှန်သော ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဆက်လက်ကြိုးစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံများ  စစ်ကိုင်းမြို့မှ ပြည်သူ့သတင်းထောက် ပေးပို့သည်..

11 comments:

  1. (၈၈)အရေးတော်ပုံကာလအတွင်း စစ်ကိုင်းမှာလူသတ်ပွဲကြီးကား ကြောက်ခမန်းလိလိပါ။
    ကျဆုံးသွားသူတွေထဲမှာ အပြစ်မဲ့ အမျိုးသမီးများ၊ ကလေးများလည်း ပါဝင်ပါတယ်။
    ရဲနဲ့စစ်သားတွေက ထွက်ပြေးသူတွေကို သစ်ပင်ပေါ်ကနေပစ်တယ်။ဘေးကနေပစ်တယ်။လူအုပ်ထဲကို တရစပ်ပစ်ပါတယ်။
    ကျဆုံးသူတွေရဲ့ဓါတ်ပုံတွေ အဲဒီအချိန်က ပြသခဲ့ဘူးပါတယ်။ အဲဒီပုံတွေကို ပြသပြီး အတွေ့အကြုံတွေကို သိရှိသူများနဲ့မေးမြန်ြး့ပီး မှတ်တမ်းတင်ထားသင့်ပါသည်။

    ReplyDelete
  2. သမိုင်းရဲ့လူသတ်တရာခံဘယ်
    သူဆိုဒါတိတိကျကျဒေသအလိုက်
    မှတ်တမ်းတင်ထားသင့်ပါတယ်။
    တော်လှန်ရေးကောင်စီလက်ထက်
    မှယနေ့ခေတ်ထိတိုင်အသက်ပေးလူ
    ရဲဘော်အားလုံးကောင်းရာသဂတိ
    လားပါစေသား။

    ReplyDelete
  3. ၉ ရက် ၈ လ ဆိုတဲ့နေ့ဟာစစ်ကိုင်းမြို့သူမြို့သားများအတွက်မေ့မရနိုင်တဲ့အမှတ်တရ
    နေ့စွဲတခုပါ။
    ၈၈၈၈ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့နောက်တရက်ဖြစ်တဲ့ သြဂုတ်လ(၉)ရက်နေ့မှာ
    စစ်ကိုင်းမြို့ရှိအမှတ်(၁)ရဲစခန်းကနေပီးဖမ်းထားတဲ့မြို့လူထုခေါင်းဆောင်ဦးတင်ဝင်း နှင့်
    ဆန္ဒပြသူများကိုတွေ့ပေးမည်ဆိုကာဖြားယောင်းချိန်းဆို၍စုရုံးရောက်ရှိလာသောလူထု(ရဲစခန်းအားအန္တရာယ်ပြုရန်အစီအစဉ်လုံးဝမရှိသောလူထု)အားလူမဆန်သည့်အာဏာရှင်
    အစိုးရနှင့်အပေါင်းအပါနောက်လိုက်တို့ကအစီအစဉ်ကျကျအကွက်ချကာရက်ရက်စက်စက်
    ပစ်သတ်ခဲ့သောကြောင့်ဒီမိုကရေစီတိုက်ပွဲဝင်သူစစ်ကိုင်းမြို့သူမြို့သားနယ်သူနယ်သား၊
    သံဃာတော်များ၊ကျောင်းသားများ ရာနှင့်ချီကျဆုံးခဲ့ရသောနေ့တနေ့ဖြစ်ပါသည်။
    ရဲစခန်းဝင်းအတွင်းမှပစ်သတ်နေု၍အသဲအသန်ထွက်ပြေးလာကြသူများကိုဇေယျာလမ်းပေါ်ရှိ
    ပါတီယူနစ်ရုံးနှင့်အခြားလမ်းတလမ်းဖြစ်သောပိုးတန်းလမ်းပေါ်ရှိအပေါင်းအပါအိမ်တခုတို့က
    နေပီးထပ်မံညှပ်ပိတ်ပစ်သတ်ခဲ့ပါသည်။
    မျှောချခဲ့သောအလောင်းများကြောင့်ဧရာဝတီပင်အနီရောင်သမ်းခဲ့ရသောနေ့တနေ့ဖြစ်ခဲ့
    ရပါသည်။ကြံရာမရဖျောက်ဖျက်ခဲ့သောအလောင်းများကြောင့်ရဲစခန်းအနီးမှရေတွင်း
    များအလောင်းများဖြင့်ပြည့်လျှက်ရှိခဲ့သည်မှာစစ်ကိုင်းသားများအတွက်ဘယ်လိုမှမေ့မရ
    နိုင်သည့်ကမ္ဘာမကြေသောနေ့တနေ့ဖြစ်ခဲ့ရပါသည်။
    ယခု ၉-၈-၂၀၁၂ တွင်(၂၄)နှစ်တင်းတင်းပြည့်ခဲ့ရသော်လည်းအိပ်မက်ဆိုးများမပျောက်
    နိုင်ဘဲစစ်ကိုင်းရှိလမ်းများပေါ်မှသွေးညှီနံ့များသည်ယနေ့ထိစွဲကျန်နေဆဲဖြစ်ပါသည်။

    မှတ်ချက်- ထိုစဉ်ကတိုင်းကောင်စီဥက္ကဌမှာသူရကျော်စွာဖြစ်ပီး-ရဲများကို
    ဦးစီးညွှန်ကြားကာရဲများကပစ်ခဲ့ပါသည်။လည်းကောင်းဖြစ်စဉ်တွင်
    ပါဝင်ပစ်ခတ်သောရဲများကိုရာထူးတိုးနယ်ပြောင်းပြုလုပ်ခဲ့ပါသည်။

    စစ်ကိုင်းသားတဦး

    ReplyDelete
  4. အထက်က မျိုးချစ်သူပြောတာ လူသတ်ပွဲရုပ်လုံးပေါ်ပါတယ်။
    ကျနော်က အဲဒီအချိန်က မန္တလေးမှာပါ။
    ရုပ်အလောင်းပုံတွေ မန်းမှာ ပြသထားတာ တွေ့ရပါတယ်။
    သွေးဆာနေသော သူရကျော်စွာက အမိန့်ပေး။ ပြည်သူကို ပစ်သတ်တာ ၆၂-ခုနှစ်ထဲက လက်ယဉ်နေတဲ့ လက်နက်ကိုင်တွေကလဲ ကြက် ငှက်ပစ်သလို လွယ်လွယ်ကူကူ စိတ်ကြိုက်ပစ်သွားတာပါ။လူသားအသက်တွေလို့ ထင်မှတ်ပုံမပေါ်ပါ။
    ဒီလို စစ်ဘီလူးတွေ ခေါင်းထောင်မလာအောင် လုပ်ဘို့ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။

    ReplyDelete
  5. အထက်က မျိုးချစ်သူပြောတာ လူသတ်ပွဲရုပ်လုံးပေါ်ပါတယ်။
    ကျနော်က အဲဒီအချိန်က မန္တလေးမှာပါ။
    ရုပ်အလောင်းပုံတွေ မန်းမှာ ပြသထားတာ တွေ့ရပါတယ်။
    သွေးဆာနေသော သူရကျော်စွာက အမိန့်ပေး။ ပြည်သူကို ပစ်သတ်တာ ၆၂-ခုနှစ်ထဲက လက်ယဉ်နေတဲ့ လက်နက်ကိုင်တွေကလဲ ကြက် ငှက်ပစ်သလို လွယ်လွယ်ကူကူ စိတ်ကြိုက်ပစ်သွားတာပါ။လူသားအသက်တွေလို့ ထင်မှတ်ပုံမပေါ်ပါ။
    ဒီလို စစ်ဘီလူးတွေ ခေါင်းထောင်မလာအောင် လုပ်ဘို့ ပြည်သူတိုင်းမှာ တာဝန်ရှိပါတယ်။

    ReplyDelete
  6. အဲ ဒီ တုန်းက +လူ သတ် ပွဲ ကို ဓါတ်ပုံ နဲ့ တ ကွ ခူ ချိန် မှာ မှတ် တမ်း တင် ထား သင့် တယ်။ နောင် ဆို ပျောက် ပျက်/ ဖျောက် ဖျက် ပြ စ် နိုင် တယ်။ပဲ ခူး မှာ လဲ လူ သတ် ပြွဲဖစ် တယ်။ အဲ ဒီ တုန်း က အေး သောင် ဘဲ။

    ReplyDelete
  7. အထက်ပါအဖြစ်အပျက်တွင်အဓိကဖြစ်သောစစ်ဘီလူးသို့မဟုတ်အာဏာရှင်လက်ပါးစေတပ်ဖြစ်သောစစ်ကိုင်းမြို့ရှိတပ်မ၃၃ရဲ့ခေါင်းဆောင်များ၏လူမဆန်မှုများပင်ဖြစ်ပေသည်။လက်နက်ခြင်းပြိုင်ဆိုင်သောတိုက်ပွဲများတွင်အရေးနိမ့်သလောက်လက်နက်မဲ့ပြည်သူများကိုမူလက်နက်အားကိုးနှင့်အနိုင်အထက်ပြကာသတ်ဖြတ်ပြနေကြသည်ကို၎င်းတို့၏စစ်ဗျူဟာအောင်မြင်သည်ဟုယနေ့ထက်တိုင်မှတ်ယူနေကြသည်။အထက်အထက်မှပုဂ္ဂိုလ်များကလည်းကောင်းချီးပေးကာဒီပဲယင်းအရေးကိုစစ်ကိုင်းတိုင်းတွင်ဖန်တီးပေးခဲ့ပါသည်အခြားခြားသောကိစ္စများတွင်လည်းယခုထက်ထိစစ်ကိုင်းဒေသကြီးအာဏာပိုင်ကိုအထူးအခွင့်အရေးပေးကာပြည်သူလူထုအားတရားမဲ့စွာပြုလုပ်နေခြငါးအပေါ်မသိကျိုးကျွန်ပြုကာအားပေးနေသလိုပြည်သူများခံစားနေရပါသည်။အာဏာရှင်အပေါင်းရပ်တန်းကရပ်သင့်ပါပြီဟုအချိန်မီသတိပေးလိုက်ပါသည်။

    ReplyDelete
  8. I would like to request all who knew the situation well to come out and make a comprehensive record for it for historical purposes.

    Those incidents should not be forgotten in our history.

    ReplyDelete
  9. Yes, I know that the killing was ordered by Thura Kyaw Swar of Sagain BSPP dog.
    BSPP*= Burma Socialist Program Party.

    The soldiers even shot at a 70-old year old lady who begged not to shoot her. But the soldier shot her into her mouth.

    ReplyDelete
  10. အဲ့ဒီသူရကျော်စွာက ပြင်ဦးလွင်က နှီးဘုရားမှာဘုရားလူကြီးလုပ်နေတယ်လို့ အရင်ကသိရတယ် အခုရှိသေးလားတော့မသိဘူး သူ့ရဲ့သွားရာလမ်းကတော့ တစ်လမ်းပဲရှိမှာပါ။

    ReplyDelete
  11. I would suggest to dig up the story and filed a lawsuit to those concerned at Sagaing by the now so-called democrats.

    The current constitution did not forbid the filing of lawsuit during BSPP times.

    Pls do it to respect those died in vain. Pleaseeeeeeeeeeeeee!

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။