Pages

Thursday, August 30, 2012

အရူးမီးဝိုင်း (ကဗျာရှင် နေရဲနီ)

အရူးမီးဝိုင်း
(ကဗျာရှင် နေရဲနီ)

လှည်းတန်း သမိုင်း ရွှေဂုံတိုင်
ဂုံးကျော်တံတားကြီးတွေ အပြိုင်အဆိုင်
ရန်ကုန်မြို့ကြီးကို စင်္ကာပူလိုဖြစ်အောင်
လေးလအတွင်းမှာ အပြီးဆောက်မယ်တဲ့
လွန်ခဲ့တဲ့ငါးလလောက်က
နာဂစ်ဥပဒေ နဲ့ ဂီရိရွေးကောက်ပွဲမှာ
သပွတ်အူကြိုတင်မဲတွေနဲ့ အနိုင်ရလာတဲ့
ဝန်ကြီးတပါးကပြောတဲ့စကား
လေးလလွန်လို့ ငါးလထဲရောက်လာတော့
ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့
တစ်နှစ်လောက်တော့ ကြာမှာပေါ့တဲ့
ဒါရိုက်တာမောင်မျိုးမင်း ကတော့
ရင်တွင်းကဖြစ်လာတဲ့စကားနဲ့ပြောလိုက်တာ
ဆောက်တုန်းပါဗျာ တဲ့။
သံတူကြောင်းကွဲ မြန်မာစကားကလဲ
တခါတလေတော့လဲ နားလည်ရအခက်သား။

တံတားဆောက်တဲ့အကြောင်းပြချက်နဲ့
လမ်းတွေတခြမ်းပိတ်ထားတော့
ယာဉ်ကြောတွေက ယခင်ကထက်ပိုလို့ကြပ်
ယာဉ်အဟောင်းနေရာမှာ အစားထိုးလာတဲ့ယာဉ်သစ်တွေကြောင့်လည်း
ယာဉ်ကြောတွေက ကြပ်ပြီးရင်းပိုလို့ကြပ်
လိုရာခရီးကို အချိန်မှီမရာက်နိုင်တဲ့
ခရီးသွားပြည်သူတွေရဲ့အသံက တစတစနဲ့ ပူညံပူညံ။

နေ့ညမပြတ်ယန္တယားသံဆူဆူညံညံကြောင့်
နားမခံနိုင်တဲ့ရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံက ဆူဆူညံညံ
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာဖိတ် ဆိုတဲ့
ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးစိတ်ကူးတွေနဲ့
လက်သင့်ရာဆွမ်းလောင်းပြီး ပြည်တွင်းကုမ္ပဏီကို
ကန်ထရိုက်ပေးလိုက်ပြန်တော့လည်း
အတွေ့အကြုံကမရှိ
စက်ယန္တယားကမပြည့်စုံ
လွဲချော်ခဲ့ရင် ပြန်ပြင်ဖို့မလွယ်တဲ့ ဒီလိုနေရာမျိုးမှာ
တကယ်တတ်တဲ့ အတတ်ပညာရှင်ဆိုတာဝေလာဝေး။

ဒီလိုနဲ့ဘဲ
တနှစ်နဲ့မှ မပြီးခဲ့သည်ရှိသော်
လိုရာခရီးမရောက်နိုင်တဲ့ ပြည်သူတွေရဲ့အသံ
ယာဉ်ကြောကြပ်လို့ စိတ်မရှည်နိုင်တော့တဲ့ယာဉ်မောင်းတို့ရဲ့အသံ
စက်ယန္တယားသံနားမခံနိုင်တော့တဲ့
အနီးအနားရပ်ကွက်ထဲက ပြည်သူတွေရဲ့အသံ
ဝေဖန်သံ
အပြစ်တင်သံ
အစရှိသော အသံမျိုးစုံကြားမှာ
အရူးမီးဝိုင်းဖြစ်တော့မှာပါလား။

နေရဲနီ

ဓာတ်ပုံ မြစ်မခ မီဒီယာ

5 comments:

  1. ကောင်းလိုက်တဲ့ ကဗျာဗျား
    အမှန်အတိုင်း ထိထိမိမိရေးထားတာ
    တစ်နှစ်ကျော်လို့ မှ မပြီးရင် ဆန်ဒ ပြကြရအောင်
    ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ဆိုင်တာ မဟုတ်လား
    ခုတော့ ဒီဝန်ကြီး ဒီပြသာနာနဲ့ လာဘ်ငွေပိုက်ပြီး လစ်သွားပြီ

    ReplyDelete
  2. လာဘ်စားပြီး အနားယူလို.ရရင် ၀န်ကြီးလုပ်ချင်လိုက်တာ။
    တစ်ဝက်ပေးမယ်နော် သမတကြီး။

    ReplyDelete
  3. comment ရေးချင်တယ်ဆိုရင်လဲ သေချာ သိမှ ရေးပါ ငါ့မောင်တို့ရာ...................

    မြို့တွင်းကိစ္စတွေဆိုတာ စည်ပင်နဲ့ပဲ ဆိုင်တာပါ ဟ

    မြို့နယ်ချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ ပြည်နယ်/တိုင်းချင်းဆက်လမ်းတွေကိုပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်တာပါ

    မသိ မတတ် နားမလည်ရင်လဲ အေးအေးဆေးဆေး နေပါ
    သိသလို တတ်သလိုနဲ့တော့ အပုပ်မချနဲ့လေ

    ReplyDelete
  4. Comment ရေးတယ်ဆိုတာ သေချာသိရင်လည်းရေးလို့ရတယ်။

    သေချာမသိပေမဲ့ စိတ်ထဲ သေချာရှိနေတဲ့ ခံစားချက်တွေလည်း ရေးလို့ရပါတယ်။

    Comment ကို ရိုင်းရိုင်းစိုင်းစိုင်းရေးတာမဟုတ်ရင် သိတာရော ရှိတာပါ ရေးလို့ရတဲ့အတွက် . . .
    အေးအေးဆေးဆေးနေပါ . . . လို့

    ဘယ်သူ့မှာမှ ပြောခွင့်မရှိပါဘူး။

    ဆရာကြီးလုပ်ချင်ရင် ပါတီတစ်ခုခု ၀င်လိုက်ပါ။

    ReplyDelete
  5.ေ နာ က် ဆုံး c o m m e n t ကြို က် တ ယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။