ရွှေပြည်သာ ရေဘေးဒုက္ခသည်များအား NLD ပါတီက ဆန် လှူဒါန်း၊ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု ပြည်သူများက ဆုတောင်းပေး
ကိုရဲ
ရန်ကုန် သြဂုတ် ၁၃
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံနေသော ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်၁၅ရပ်ကွက်ရှိ ရေဘေးဒုက္ခသည်မိသားစုများထံသို့ သြဂုတ် ၁၃ ရက်က ရွေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက ဆန်နှင့် အခြားစားသောက်ကုန်များ လှူဒါန်းကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် အမှတ် ၁၂ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အိမ်တစ်အိမ်လျှင် ဆန် လေးပြည်နှုန်းဖြင့် ရေဘေးသင့်အိမ်ခြေ ၈၀ ကျော်အား အိမ်တိုင်ရာရောက် လှူဒါန်းခဲ့ကြသည်။ ယခင်အပါတ်များကလည်း လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက အခြားရပ်ကွက်ရှိ ရေဘေးဒုက္ခသည် မိသားစုများအား ယခုကဲ့သို့ ဆန်လှူဒါန်းခဲ့ပြီး ပါတီဝင်များအနေဖြင့် အခြားသော နေရာများသို့လည်း ဆက်လက်လှူဒါန်းဦးမည်ဖြစ်ကြောင်း သိရသည်။
ဆန်လာလှူတယ်ဆိုလို့ ထွက်လာကြတဲ့ ရေဘေးသင့်ပြည်သူအချို့ .... ။ ဒါပေမဲ့ အိမ်ပေါ်မှာပဲ အေးအေး ဆေးဆေး နေခိုင်းခဲ့ပြီး NLD ပါတီဝင်တွေက ကိုယ်တိုင်ကိုယ်ကျ အိမ်အရောက် လှူဒါန်းခဲ့ပါတယ်..။
ဆန်သွားလှူတဲ့ ရွှေပြည်သာ ၁၂ ရပ်ကွက်က NLD ပါတီဝင်များ...။
အဆိုပါရပ်ကွက်အတွင်းတွင် ရေကြီးရေလျှံနေမှုကြောင့် သက်ကြီးရွယ်အိုများမှာ ရပ်ကွက်အနီးရှိ ဆိုင်များသို့ သွားရောက်ရန်ပင် ခက်ခဲနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆန်လာရောက် လှူဒါန်းခြင်းအတွက် ၀မ်းသာကျေးဇူးတင်ကာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ ဟုဆုတောင်းပေးကြသည်။
သတင်း၊ ဓာတ်ပုံများ ကိုရဲ..






အန်အယ်ဒီဆိုတာ ဗိုလ်သန်းရွှေနဲ့ စစ်အာဏာရှင်ကြီးတွေက နလံမထူနိုင်အောင် အနိုင်ကျင့် ထောင်းထုပြီး ချေမှုန်းခြင်းကို ၂၃-နှစ် ခါးစည်းပြီး ခံခဲ့ရသောပါတီပါ။
ReplyDeleteဒါပေမဲ့ စစ်မှန်သော မူဝါဒ၊ဇွဲလုံ့လ ခံနိုင်ရည်ကိုတော့ လက်နက်ကြီး ငယ်တို့ဖြင့် ဖြိုခွင်းလို့ မရခဲ့ပါ။
ပြည်သူနဲ့တစ်သားတည်းရှိပြီး ပြည်သူက
ပေါက်ဖွါးလာသော ပါတီမို့ ပြည်သူရှိနေသမျှ ပါတီရှိနေမယ်။
ပြည်သူဒုက္ခရောက်ချိန်မှာ ရှိသမျှလေးထဲက ပြည်သူကို မျှဝေကူညီနေတာ အမေစုနဲ့ပါတီရဲ့စေတနာပါ။
right..
ReplyDeleteThat's Peoples' NLD. Cheers.....
ReplyDeleteဒီမိုဝေယံက သီတင်းအတက်နည်းတယ်။သီတင်းများများတင်စေခြင်ပါတယ်။
ReplyDeleteThank you so much on behalf of those effected people.
ReplyDeleteCheers NLD!
သာဓု သာဓု သာဓု
ReplyDelete့ပြည်သူတွေ ဒုက္ခ ရောက်နေတာ ကို ဥပက္ခာ ပြု နေနိုင်လွန်းတဲ့ ဦးသိန်းစိန် အစိုးရ ကို စိတ်ပျက်မိတယ်
ReplyDeleteမြန်မာပြည်မှာကယ်ဆယ်ရေး
ReplyDeleteဆိုဒါအချိန်နှင့်တပြေးညီအမြန်
ဆုံးလုပ်ရတယ်ဆိုဒါမသိသေးပါ။
အဓိကအခြေခံကတော့လူသား
ခြင်းကိုယ်ခြင်းစာနာစိတ်နည်းလွန်း
လို့ပါ။
မိရိုးဖာလာဗုဒ္ဓဘာသာတွေများလို့ပါ။