ယနေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ (UNHCR) ရုံးရှေ့မှာ ပြုလုပ်တဲ့ အွန်လိုင်းဖေ့စ်ဘွတ်ပေါ်မှာ စုစည်းမိတဲ့ မျိုးချစ်မြန်မာများရဲ့ သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာဘင်္ဂါလီအပေါ် ထားတဲ့သဘောထားအား ထောက်ခံပွဲနှင့် ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်ကြောင်း ကန့်ကွက်ဆန္ဒပြထုတ်ဖော်ပွဲ..။
ဓာတ်ပုံ AP
(ဆန္ဒထုတ်ဖော်ပွဲသို့ စမ်းချောင်းမြို့နယ်.. ရဲစခန်းမှ တာဝန်ရှိသူများမှ လာရောက်တားမြစ်စဉ်..။ ဆန္ဒပြပွဲအတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံချိန် ၅ရက်မပြည့်ခင် ခွင့်ပြုချက်မကျမှီ လာရောက် ဆန္ဒပြတဲ့အတွက် လာရောက်တားမြစ်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်..။ ဆန္ဒပြဲပွဲအား ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်..)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့် အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင် လူငယ် ၂၀ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရခြင်း အကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေး ပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီး ပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ချ ဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူ တိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများ အားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ် လုပ်ဆောင် ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။
ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။ ၎င်းတို့မှာ မည်သည့်အဖွဲ့အစည်းလက်အောက်ခံမှမဟုတ်ဘဲ အွန်လိုင်းပေါ်တွင် စုစည်းမိသော လူငယ်များဖြစ်ကြောင်း သိရသည်။
သတင်း 7Day News Journal



PP (plant protection၊ သီးနှံကာကွယ်ရေး) က ဗိုလ်ပြုတ်တစ်ယောက်တော့ ဘွဲ့ မရဘဲ Manager ၇ာထူး ယူပြီး၊ PP ၇ဲ့  guest house ကို အိမ်အဖြစ် အပိုင်းသိမ်းပြီး၊၊ အိမ် ရှေ့ မှာ ကား workshop ထောင်းပြီး၊ taxi ကားမြောက်များစွာပိုင်ဆိုင်ပြီး တော် တော် ထော နေတယ်ဆိုပဲ၊ အထက်လူကြီးများ မသိဟန်ဆောင်နေပါသည်။ စားဖော်စားဖက်မလို့ ထင်ပါသည်။
ReplyDeleteအဲဒီအဖွဲ့ ကိုလေးစားထောက်ခံတယ်
ReplyDeleteအင်္ဂလိပ်စာသားပိုစတာတွေဓါတ်ပုံထဲ
မှာကောင်းကောင်းမမြင်ရဘူး
မီဒီယာသမားတွေဒီတခါပိုစတာမြင်
အောင်ရိုက်ပေးပါ
မလေးသံရုံးနဲ့ အီရန်သံရုံးရှေ့ သွား
လုပ်ကြပါအုံး
အမှန်တရားဘက်ကရပ်တယ်ဆိုတာမွန်မြတ်တဲ့အလုပ်မို့လို့ဂုဏ်ယူပါတယ်တို့ဗမာတို့ရေ၊ဒါဒီမိုအရေစီဘဲလေ၊တစ်ပါးသူကိုထိခိုက်နစ်နာဒေလိုတဲ့စိတ်တော့မရှိစေချင်ဘူး၊ကျွနုပ်မှာလည်းမရှိပါ၊ရိုဟင်ဂျာတွေရဲ့လုပ်ရပ်ဟာကိုလိုနီဆန်လွန်းတယ်၊နိုင်ငံတကာမှာဖြန့်ကျက်နယ်ချဲ့ပြီးနေချင်နေတယ်၊ကြာလာရင်၇ိုဟင်ဂျာတွေရဲ့နိုင်ငံတွေများလာမှာပေါ့။ ၈၈ G(Dawei)
ReplyDelete