Pages

Friday, September 7, 2012

BRAKING NEWS


Breaking News:
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာအမှတ် (၂၉/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်ကြောင်း MWD ရုပ်မြင်သံကြား၏ ယနေ့ည ၈း၀၀ နာရီ သတင်းတွင် ပြောကြားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဦးသိန်းစိုး - ဥက္ကဋ္ဌ
(၂) ဒေါက်တာတင်အောင်အေး - အဖွဲ့ဝင် (၁)
(၃) ဒေါ်ခင်လှမြင့် - အဖွဲ့ဝင် (၂)
(၄) ဦးထွန်းကြည် - အဖွဲ့ဝင် (၃)
(၅) ဦးစိုးသိန်း - အဖွဲ့ဝင် (၄)
(၆) ဦးခင်ထွန်း - အဖွဲ့ဝင် (၅)
(၇) ဦးဆန်းမြင့် - အဖွဲ့ဝင် (၆)
(၈) ဦးမြင့်ကြိုင် - အဖွဲ့ဝင် (၇)
(၉) ဒေါ်မိမိရီ - အဖွဲ့ဝင် (၈)

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဝက်ဘ်ဆိုက်မှာhttp://www.myanmarconstitutionaltribunal.org.mm/ဖြစ်ပါသည်။

source: facebook planet myanmar network 

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။