Pages

Thursday, October 25, 2012

ရသေ့တောင်တွင် စစ်တပ်က ပစ်ခတ်၍ ၂ဦးသေ၊ ၉ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် မူစဲကမ်းအတွင်း ဘင်္ဂလီ မွတ်ဆလင်များနှင့် တိုက်ခိုက်နေကြသော လူအုပ်ထဲကို စစ်တပ်မှ ချိန်ရွယ် ပစ်ခတ် သဖြင့် ရခိုင် ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း လူနာများကို ဆေးရုံသို့ ပို့ဆောင်နေသည့် အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ နှစ်ဦးပွဲချင်းပီ သေပါတယ်။ ၉ ဦးဒဏ်ရာ ရပါတယ်။ အခု လူနာ ၉ ဦးက စစ်တွေ ဆေးရုံကိုေ
ရာက်နေပြီ ဖြစ်ပါတယ်” ဟု အမျိုးသမီးက ပြောသည်။

သေဆုံးသူများမှာ ကျွန်းကြီးကျေးရွာမှ ဦးသိန်းလှမောင်နှင့် နောက်တစ်ဦးမှာ ကံချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

“ အခု ကျွန်မ သိရတာက စစ်တပ်က လမ်းက ဖြတ်ပြီး ပစ်တယ်လို့ ပြောတယ်။ မိုးပေါ်ကို ခြောက်လှန့် ပစ်ခတ်မျိုး မဟုတ်ဘဲ လူအုပ်ထဲကို တည့်တည့်ပစ်တယ်လို့ ပြောပါတယ်။ အခု အခြေအနေက တော်တော်ဆိုးရွားနေပါတယ်” ဟု သူမက ပြောသည်။

ညောင်ပင်ကြီး မွတ်ဆလင် ရွာအနီးတွင် လက်နက်အပြည့်အစုံဖြင့် စောင့်နေသော စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) ညနေက တိုက်ခိုက်ကြရန် စုဝေးနေသော လူအုပ်ကြီးကို ပစ်ခတ်ခဲ့သည်ဟု ပြောသည်။

နောက်ဆုံး အခြေအနေကို မေးကြည့်ရာ အမျိုးသမီးက ဆက်ပြီး “ နောက်ဆုံး အခြေအနေက စစ်တပ်က ခုမိုးပေါ်ကိုထောင် ပစ်တာမရှိဘူး။ လူအုပ်ထဲကို တည့်တည့်ချိန်ပြီး တော့ ရေတွက်မရအောင် ဖြိုပစ်နေပါတယ်။ ဒါတော်တော် ရက်စက်ယုတ်မာတဲ့ ထိန်းသိမ်းမူ တခုဖြစ်နေပါတယ် ” ဟု ပြောသည်။

အဆိုပါဒေသအတွင်း ရခိုင်ရွာများဖြစ်သည့် ဆားပြင်ကြီး၊ ကျွန်းကြီးရွာ၊ ကြက်ရိုးဆိပ်ရွာ၊ ညောင်ပင်လည်၊ ပန် ဇင်းမောင်ရွာ၊ ရွာကြီးမြောက်ရွာ၊ ကန်ချောင်းရွာနှင့် ဘင်္ဂလီရွာများ ဖြစ်သည့် အနောက်ပြင် ရွာနှင့် ညောင်ပင်ကြီး ကျေးရွာတို့ရှိသည် ဟုသိရသည်။

ယခုအခါ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီ မွတ်ဆလင် အဓိဂရုဏ်းမှာ တမြို့နယ်ပီး တမြို့နယ် ကူးစက်ပျံ့ပွားနေပြီး တိုက်ခိုက်မူများ မြို့နယ် တချို့တွင် ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန

2 comments:

  1. စစ်တပ်ကပစ်လိုက်လို့ သေသွားတဲ့ကုလားတော့မရှိဘူး
    လား...စစ်သားကရခိုင်ကိုတော့ပစ်ရဲတယ်...ကုလား
    ကိုတော့မပစ်ရဲဘူးဆိုတဲ့သဘောလား...စစ်တပ်က
    ကုလားတွေကိုနှိမ်နင်းဘို့ သွားတယ်ထင်ပြီးဝမ်းသာနေ
    တာ...အဲဒီရခိုင်ဒေသမှာရခိုင်လူမျိုးမဟုတ်ပဲအခြားလူ
    မျိုးတွေဆိုရင်...ကုလားတွေမျိုလို့ ကုန်တာကြာပေါ့..
    ရခိုင်လူမျိုးတွေကိုကျွန်တော်တို့ အမြဲအားပေးနေပါတယ်..

    ReplyDelete
  2. အမြင်လေးရှင်းရှင်းနဲ့ကြည့်ပေးပါ ဘာကိုလုပ်သင့်တယ် ဘယ်အရာကမလုပ်သင့်ဘူးပေါ့ ရောထွေးမေရင်ခဏ စောင့်ကြည့် သေချာမှလုပ် ဒါကိုဆိုလိုတာပါ သူ့လူကိုယ့် ဘက်သားဆိုတာမျိုးတော့မဖြစ်စေချင်ပါဘူး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။