Pages

Monday, October 29, 2012

စစ်တွေတက္ကသို်လ် ပထမနေ့ စာမေးပွဲ ပဋိပက္ခမရှိခဲ့


ယနေ့ စစ်တွေ တက္ကသိုလ် တွင် စတင်ကျင်းပသောစာမေးပွဲအား စစ်တွေ တက္ကသိုလ် ကျောင်းသူ ၊ကျောင်းသားများ လာရောက်ဖြေဆိုခဲ့ကြပြီး အနှောက်အယှက် မရှိ အေးချမ်းစွာ ဖြေဆိုင်နိုင်ခဲ့ကြသည်။ စစ်တွေတက္ကသိုလ်အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးအင်အားကို လည်း တိုးမြှင့်ထားသည်။ "အခုခြေအနေတွေက လုံခြုံရေးပေးထားတာတွေ့တဲ့အတိုင်း ပဲလေ ကျောင်း သားတွေကတော့

အေးအေးဆေးဆေးပါပဲအခုလိုလုံခြုံရေးအတိုင်းဆို ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း စာမေး ပွဲအေးဆေးဖြေနိုင်မှာပါ " ဟု စစ်တွေတက္ကသိုလ် ဆရာတစ်ဦးကပြောကြားသည်။


စစ်တွေတက္ကသိုလ် သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ဘင်္ဂါလီ အများစုနေထိုင် ရာ နေအိမ်အများ စုရှိ သော်လည်း ပဋိပက္ခ တစ်စုံတစ်ရာ မရှိခဲ့ကြောင်းသိရသည်။ စစ်တွေမြို့ ပေါ်တွင် လည်း ဒေသခံ များသည် ပုံမှန်အခြေအနေအတို်င်း သွားလာလှုပ်ရှားနေသည်ကို တွေ့ရှိရသည်။ လွန်ခဲ့သော ရက်ပိုင်း အတွင်းက ရခိုင်ပြည်နယ် မင်းပြား ပေါက်တော ကျောက်တော်ဒေသများတွင် ပဋိပက္ခများ တစ်ကျော့ပြန် ဖြစ် ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။


(ဓါတ်ပုံ- တက္ကသိုလ် စာမေးပွဲ လာရောက်ဖြေဆိုသော ကျောင်းသူကျောင်းသားများ )
သတင်း... Messenger News Journal


No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။