အမေသိပါစေ အမေကြားပါစေ
(ကဗျာရှင် မေ)
တက္ကသိုလ် ရိပ်သာလမ်း
ခြံအမှတ်၅၄တဲ့
အမေ့ရဲ့သမိုင်းဝင်
ဒီစံအိမ်
မော်ကွန်းတင်မဲ့
နှစ်ရှည်အကျဉ်းထောင်တခုကိုလေ
ဖျက်ဆီးလိုသူတဦး ဦးအောင်ဆန်းဦးတဲ့
အမွေဆိုင်တရားစွဲ လျှောက်လဲခဲ့စဉ်က
အမေ့သားသမီးစုံညီ ပွက်ပွက်စီလို့
အမေ့အိမ်ကိုကာကွယ်
ညီညွတ်ခဲ့ကြတာလေ။
ဒီလိုပဲအမေ
လက်ပံတောင်းတောင်အရေးတဲ့
လည်ပြန်ကြည့်ပါဦးအမေ
အမေ့သားသမီးတွေ
ဒီရေဒီမြေဒီသာသနာကိုကာကွယ်ဖို့
အစွမ်းကုန်ကြိုးပမ်း
ဖမ်းသူတွေလဲဖမ်း လဲသူတွေလဲလဲ
ရက်စက်သူလူစုလက်ထဲအလဲလဲအကွဲကွဲနဲ့
လူပင်လဲသော်လည်း စိတ်မလဲဘူး
ရှေဆက်သွားဖို့
အံကိုခဲဆဲ
ကိုယ့်အိမ်ကိုကိုယ်
ကာကွယ်နေဆဲလေအမေ။
ဒီမိုကရေစီဆိုတာ
ပြည်သူ့ ဆန္ဒတဲ့လား
ပြည်သူမပါရင်
ဘာမှမဖြစ်ဘူးတဲ့လား
လွပ်လပ်စွာဖော်ပြတာကHuman
Right တဲ့လား
အမေ့စကားတကယ်အားရ
လွမ်းလှတယ်
အမေ
ကတိတည်ဖို့ကအရေးကြီးသတဲ့လား
ပွင့်လင်းတာကကောင်းတာလား
မီဒီယာတွေကြောင့်
တဲ့လား
ဘာတွေလဲအမေ။
သားသမီးကအမေ့ကို ကာကွယ်
အမေကသားသမီးကို စောင့်ရှောက်
မြန်မာ့မိသားစုဘဝ
အားလုံးနားလည်ကြတဲ့
ဒီနေ့မှာ
အမေ့စကားတခွန်ကြားပါရစေ
အမေ။
MAY
(29.11.2012)



No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။