Pages

Monday, December 10, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ကျောက်ပန်းတောင်းခရီးစဉ် (ဓာတ်ပုံ၊ ရုပ်သံ)

ကျောက်ပန်းတောင်းမြို့နယ် မှ အလယ်တန်းကျောင်းသားလေးများ အမေစုကျန်းမာပါစေ ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ကွင်းအတွင်း ဝင်ရောက်လာစဉ် (၉-၁၂-၂၀၁၂) မွန်းလွဲ ၁၂း၄၅ 
ပလောင်တိုင်းရင်းသားကလေးငယ်များ ပန်းစည်းကမ်းစဉ်

" မြန်မာ့ခွပ်ဒေါင်း ကျောက်ပန်းတောင်းမြို့"
ကျော်မိုး (စကားဝါမြေ)
လူမျိုး ဗမာ
ဘာသာ ဗုဒ္ဓ
လူက ညိုချော
အပြော ရိုးသား
စိတ်ထား ဖြောင့်မှန်
အလံ ခွပ်ဒေါင်း
ကျောင်းသား ပြည်သူ
ရှင်လူ ရဟန်း
တစ်ဝမ်း တစ်စိတ်
မဖိတ် မကွဲ
မခွဲ အတူ
ကြည်ဖြူ သက်လုံး
စုရုံး ကြိုဆို
စိမ်းစို တောင်ချေ
"ရွှေနဒီ"ကွင်း
နင်းလျက် အောင်မြေ
အမေဒေါ်စု
ဟောပြောမှုကို
လူထုမြို့ခံ
စိတ်သန္တာန်၌
အမှန်မကြောက်
မဖောက်မပြန်
တို့ထောက်ခံသည်
မြန်မာ့ခွပ်ဒေါင်း ကျောက်ပန်းတောင်း။

ကျော်မိုး (စကားဝါမြေ)
ဓာတ်ပုံ ရုပ်သံအတွက် မေပုပ္ပားအား ကျေးဇူးတင်ပါသည်..။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။