Pages

Friday, December 28, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင် ရက်လုပ်ထားသော သိုးမွှေးဆွယ်တာ

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချည်ထိုးရက်လုပ်ထားသော သုံးရောင်စပ်ဆွယ်တာ အနွေးထည်တစ်ထည် ကို ဒီဇင်ဘာ ၂၇ ရက် ညကပြုလုပ်သော ပညာရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ တွင် လေလံတင်ရောင်းချခဲ့ရာ ရွှေသံလွင်ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော ရွေအက်ဖ်အမ်က ကျပ် ၄၁၅ သိန်းဖြင့် လေလံအောင် သွားကြောင်း ဒီချုပ်ပညာရေးကွန်ရက်မှ ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်ညတွင် ထပ်မံပြုလုပ်မည့် လေလံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖန်တီးပြုလုပ်ထားသော ပစ္စည်းတစ်ခုအား ထပ်မံလေလံတင်ဦးမည် ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ပထမအကြိမ်ပြုလုပ်သော ပညာရေးရန်ပုံငွေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ထိုးထားသော တီရှပ်အင်္ကျီတစ်ထည်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် လေလံအောင်ဝယ်ယူသွားခဲ့သည်။
 သတင်း.....  7Day News Journal
 ဓာတ်ပုံ....ပေါ်ပြူလာ

1 comment:


  1. အမေစုရဲ့ ကိုယ်တိုင်ရက်လုပ်ထားသော သိုးမွေးဆွယ်တာလေးသည် နိုင်ငံရဲ့ သားကောင်းရတနာလေးများအတွက် ရည်စူးလျက် ကုသိုလ်ယူသော စေတနာရှင်များအား လေးစားလျက်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။