၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်၊ ဦးဌေးကြွယ်တို့သည် ဒီဇင်ဘာ ၂ ရက်က နေပြည်တော်တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီတွင် လက်ပန်းတောင်းတောင်အရေးနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီးဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံေ ဆွးနွေးသည်။
လက်ပန်းတောင်းတောင်အရေးနှင့် စုံစမ်းရေးကော်မရှင်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် မိမိတို့ အဖွဲ့မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈ မျိုးဆက် ကျောင်းသားများက အဆိုပါ အရေးကိစ္စများဖြေရှင်းရာတွင် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း အဆိုပါအဖွဲ့၏ ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာတွေ့ဆုံခဲ့ပြီး လက်ပန်းတောင်းတောင် ကိစ္စရပ်များအပါအ၀င် နိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်သည့် ကြေငြာချက်များကို ယနေ့ (ဒီဇင်ဘာ ၃ ရက်) တွင် ထုတ်ပြန်ရန်ရှိကြောင်း ကိုဋ္ဌေးကြွယ်က ပြောသည်။
သတင်း 7Day Journal
ဓာတ်ပုံ - 88 Generation Students
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်
(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။
(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်း
ဟောပြောစည်းရုံးလျှက်ရှိသည်။
(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်
နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့်
ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက်
နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စ ည်းပေးရန်တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွ
လှုပ်ရှားသူများ၏သဘောထားဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည် ။
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ ပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ပြဿနာများဖြေရှင်းပြေလည်
ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလို က်သည်။
၈၈ မျိုးဆက်ကျောင်းသားများ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၂
(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ခဲ့ပြီးဖြစ်ပါသည်။
(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင
လှုပ်ရှားသူများ၏သဘောထားဆန္ဒများက
(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ
(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော
ဆေးဝါးကုသမှုပေးရန်
(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်
(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်
(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်
(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ပြဿနာများဖြေရှင်းပြေလည်
ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလို
၈၈ မျိုးဆက်ကျောင်းသားများ
ဒီဇင်ဘာ ၃ရက်၊ ၂၀၁၂


ဒီမယ်နားလည်သလောက်ပြောပါရစေ.လက်ပတောင်းတောင်.ကြေနီတောင်စီမံကိန်းမှာ အရင်အစိုးရကလုပ်သွားတာ..အခုအစိုးရဆိုတဲ့သူတွေက မြန်မာပြည်တိုးတက်ရေးအတွက် နိုင်ငံခြားရင်နှီးမြှုတ်နှံမှု. အယုံကင်းမဲ့မှာစိုးတယ်လို.ဆင်ခြေတွေပြနေတယ်..ဒါလည်းမှန်တယ်... ဒါပေမဲ့ အရင်အစိုးရလုပ်ချင်တိုင်းလုပ်ခဲ့တာ ဆိုယုံလောက်နဲ.မပြီးနိုင်ဘူး လုပ်ခဲ့တာမနာစေချင်ဘူးဆိုယင်..ကြားတာလေးပြောချင်တယ် ရင်းနှီးမြှုတ်နှံမှုမှာတ၇ုတ်က 999 Billion US
ReplyDelete$ တဲ့ ...ပြီးတော့အကျိုးမြတ်ကိုကြည့်----ဦးပိုင်က---၁၃.၈% နိုင်ငံတော်က----၁၆.၈% တရုပ်က၁၃.၃၃% တဲ့ ရင်းနှီးမြှုတ်နှံမှုပမာဏ အားလုံး တရုတ်ကစိုက်တာမြန်မာကသယံဇာတ၊လုပ်အားစိုက်တာ..ဒီထဲမှာအချောင် ဦးပိုင်ကဘာလိုဂုတ်သွေးစုတ်နေတာလည်း နိုင်ငံတော်ဝင်ငွေဟာ ပြည်သူအားလုံးနဲ.မဆိုင်ဘူးလား..စစ်တပ်မှ၊စစ်သားမှတိုင်းပြည်အကျိုးသယ်ပိုးတာမဟုတ်ဘူး သေနတ်မကိုင်ဘဲ စက်ရုံအလုပ်ရုံတွေမှာ ခြေပြတ်လက်ပြတ်ဒုက္ခိတတွေဒုနဲ.ဒေးပါ တိုင်ပြည်ဝန်ထမ်းတွေမှာ အနှစ်၃၀၊၄၀ တာဝန်ထမ်းဆောင်ပြီး နေစရာအိမ်တောင်မရှိတဲ့သူတွေအမြားအမြားကြီးပါခုနက ဦးပိုင်ဆင်ခြေထဲမှာ ဒုက္ခိတစစ်သားတွေအတွက်လို.ပြောတယ်..တကယ် အကျိုးအမြတ်ယူနေတာ..နားသွားတဲ့ ယခုအရပ်သားအစိုးရဟန်ဆောင်ထားတဲ့လူတွေ စစ်လက်ကျံအရာရှိတွေဘဲမဟုတ်လား...နိုင်ငံတော်စီမံကိန်းမှန်သမျှ ချက်ချင်းထိုင်တိုင်းပြောင်းလို.မရတာနားလည်ပါတယ်..အချောင်စားဦးပိုင်ရဲ.အခန်းကဏ္ဏ္ဏ္ဏ္တကို အမှန်တိုင်းဖြစ်စေချင်တယ်..ဦးပိုင်ရဲ. ရင်းနှီးမြှုတ်နှံမှု.ပိုင်ဆိုင်မှု တရားဝင်ဖြစ်စေချင်တယ်Investment အားလုံးဘယ်လိုတွေသုံးသလဲ? ပိုင်ဆိုင်မှုအစစ်အမှန်(ငွေဖြူဖြစ်သလား )ဒီလောက်အမာဏ ဘယ်လိုရှာခဲ့သလဲ? ဒါတွေအမှန်တိုင်းပေါ်ခဲ့ယင် တိုင်းတပါးမှရင်းနှီးမြှုတ်နှံမှု. လုပ်ပြီးမှတော့လေးစားသင့်ပါတယ်..လို.ဘဲပြောပါရစေ.... မှားယင်ခွင့်လွှတ်ပါ...
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အနေနဲ့ ပြောရရင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် ယခုအစိုးရမတတ်မီ ပုသိမ်၊မုံရွာကားလမ်းကို ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ လမ်းအထူးအဖွဲ့ များ၊အဆောက်အဦးအထူးအဖွဲ့ များ၊လေယာဉ်ကွင်းအထူးအဖွဲ့ များ စုစုပေါင်းခန့် မှန်းအဖွဲ့ 40 ဖွဲ့ ခန့် ဖြင့် 2လအတွင်း နေ့ ညဆောင်ရွက်ပေးခဲ့ရလို့ လမ်းတွေကောင်းသွားတာ ဒေသဖွံ့ ဖြိုးမှု့ ရှိခဲ့တာပေါ့ဗျာ။
ReplyDeleteယခု အစိုးရလက်ထပ်မှာ သမ္မတကြီးဦးသိန်းစိန်လက်အောက်မှာ စာရင်းစစ်ချုပ်တိုက်ရိုက်ကွပ်ကဲနေကြောင်းအမိန့် စာ ထုတ်ပြီးနေပါပြီ။ယခုဖွဲ့ စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီမှာ ယခုစီမံကိန်းနဲ့ တိုက်ရိုတ်ပါတ်သတ်နေတဲ့ ဦးပိုင်၊နိုင်ငံ့တော်ပိုင် နှင့်သွယ်ဝိုက်ပါတ်သတ်နေသောဝန်ကြီးဌာနများကို အတွင်းကျကျစုံစမ်းစစ်ဆေးနိုင်ဖို့ ပဲ လိုအပ်ပါတယ်။
နိုင်ငံတ်ာတိုးတက်ရေးအတွက် ပွင့်လင်းငြင်သာစွာရှိဖို့ နဲ့ နိုင်ငံ့တော်အတွက် အကျိုးဘယ်လောက်ရှိသလဲဆိုတာ တရားဝင်စစ်ဆေးပြီးမှ သည်လုပ်ငန်းကိုဆက်လုပ်သင့် ၊ မလုပ်သင့် ?
- ထိုလုပ်ငန်းကို ၀န်ပေါင်ကုမ္ပဏီနှင့် ဆက်လုပ်သင့် ၊ မသင့် ?
- ဒါတွေအားလုံးကို စုံစမ်းစစ်ဆေးရေးကုမ္ပဏီ အနေနှင့် သက်ဆိုင်ရာဌာနများကို အတွင်းကျကျစုံစမ်းနိုင်ဖို့ တော်တော် အရေးကြီးပါတယ်။
နိုင်ငံချစ်ဝန်ထမ်းဟောင်းတစ်ဦး
တိုင်းပြည်ရဲ့သယံဇာတတွေကိုအခြေခံပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရင်တိုင်းသူပြည်သားအားလုံးကို အသိပေးပြီးမှအကျိုးနဲ့ အပြစ် ကောင်းကျိုးနဲ့ ဆိုးပြစ် Pros and cons တွေကိုလေ့လာစိစစ် သုံးသတ်ပြီးမှ တိုင်းသူပြည်သားအားလုံးကိုချပြ လူထုကိုအသိပေးကြေညာပြီးလူထုသဘောထား ကိုရယူပြီးမှလုပ်သင့်ရင်လုပ်ရမှာပါ။
ReplyDeleteပြည်သူလူထုရေရှည်ကာင်းစားရေးကိုကြည့်ရမှာပါ ။
ဦးပိုင်ဆိုတာတကယ်တော့ မတရားဂုတ်သွေးစုတ်နေတဲ့သွေးစုတ်ဖုတ်ကောင် အရင်းရှင်အုပ်စုပါ။ လူထုနဲ့ တပ်မတော်သားဆင်းရဲသားများ လည်းအကျိုးမခံစားရပါ။ ဦးပိုင်ရဲ့လုပ်ရပ်တွေသမိုင်းနောက်ကြောင်းပူပူနွေးနွေးဘဲရှိပါသေးတယ် ပြန်ကြည့်ပါ ဘယ်လိုကိုယ်ကျိုးရှာနေသလဲဆိုတာလူတိုင်းသိပါတယ်။
ဖြစ်နိုင်ရင် ဦးပိုင်က ရရှိခံစားနေတဲ့ အကျိုးအမြတ်တွေ ပြည်သူကိုချပြပါ။ အကျိုးအမြတ်တွေကို တိုင်းပြည်အတွက်ဘာတွေ ဘယ်လိုသုံးသလဲချပြပါ။ ပွင့်လင်းမြင်သာတဲ့လူ့ အဖွဲ့ အစည်းဘဲဖြစ်သင့်ပါတယ်။