ဒီမိုဝေယံ မှတဆင့် တပ်ချူပ်ကြီးနှင့် ကျင့်ချူပ်ကြီး သိသာပါရန်
ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း
ကျွန်တော်တို့ ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်တွင် တပ်ခွဲကိုင် အရာရှိများမှ ဗိုလ်လောင်းများအပေါ် မတရားရိုက်နှက် နှိပ်စက်ခြင်း ၊ လစာများအား မတရားဖြတ်တောက်မှုများ ပြုလုပ်နေပါသည်။
၁။ တပ်ခွဲမူးဗိုလ်ကြီး ဇေယျာအောင် (ကြည်း) ၄၄၅၆၇ သည် ပြင်ဦးလွင်မြို့တွင်းရှိ KTV ၊ မာဆက် ဆိုင်များသို့ သွားရောက် သောင်းကျန်းသဖြင့် ၎င်းသုံးဖြုံးသောငွေများအား ဗိုလ်လောင်းများထံမှ အကြောင်းအမျိုးမျိုးပြရ်ျ ကောက်ခံနေပါသည်။ ဖြတ်တောက်ခံရပြီးလစာငွေ ၆၀၀၀၀ သာရသော ငွေထဲမှ နောက်ထပ်တခါ တိုက်ပုံအင်္ကျီကြေး ဟုဆိုကာ ပထမနှစ်မှ စတုတ္ထနှစ် အထိ ဗိုလ်လောင်းများထံမှ တစ်ယောက် ၉၅၀၀ကျပ် ထပ်မံဖြတ်ပါသည်။ ကျွန်တော်တို့ ဧ။် လစာမှာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် လစာအား တကြိမ်မှ အပြည့်အ၀မရရှိခဲ့ဘူးပါ ယခုဆိုလျှင် ၅၀၀၀၀ ကျပ်သာရရှိပါသည်။
၂။ တာဝန်ကျ အရာရှိများမှာလည်း ဗိုလ်လောင်းများအား နှစ်လက်မ ပတ်လည်ရှိသော တုတ်များနှင့် တန်းစီကွင်းထဲတွင် ခေါင်း ၊ မျက်နှာတို့အား မတရားရိုက်နေသောကြောင့် ဗိုလ်လောင်းများမှာ ခေါင်းကွဲ၊ မျက်နှာ စုတ်ပြတ် ဒဏ်ရာများ သင်းတန်းသားများ ရရှိနေပါသည်။
၃။ အနော်ရထာမှ အရာရှိက စပရိန်ကြိုးနှင့် ရိုက်သောကြောင့် ဗိုလ်လောင်းများခေါင်းကွဲ၊ မေးရိုးကျိုးသွားကြပါသည်။ ထိုကဲ့သို့ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်းနေသော အရာရှိများအား တပ်ချူပ်ကြီးနှင့် ကျင့်ချူပ် တို့ဖော်ထုတ် အရေးယူ ဆောင်ရွှက်ပေးပါရန် တိုင်ကြားအပ်ပါသည်။
နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ

အရေးယူမှာ မဟုတ်ပါဘူး။ ဒါက တပ်မတော်က စိတ်ဓာတ် ခိုင်ဖို့ အတွက် လုပ်ပေးထားတဲ့ ဘာသာရပ်ပါ။ အတန်းကြီးက အတန်းငယ်ကို ညှင်းစဲခြင်း၊ ဖာခေါ်ပေးရခြင်းတိုသည် မြန်မာနိုင်ငံ စစ်တက္ကသိုလ်၏ သင်ရိုးညွှန်း ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ သည်းခံပြီး တပ်ခွဲမှူး ဖြစ်တဲ့အခါ ဗိုလ်လောင်းလေးတွေအပေါ် ပြန်လုပ်ပေါ့။
ReplyDelete၂လက်မပတ်လည် တုတ် ဖြစ်ပါလိမ့်မယ်။ နှစ်ပေပတ်လည် ဆိုရင်တော့ လမ်းကြိတ်စက်နဲ့ တက်ကြိတ်သလို ဖြစ်နေမှာပေါ့။
ReplyDeleteဘော်ဘော်တို့ဇေယျာအောင်က.ပအမှတ်မှားနေတယ်ဟေ. ကြည်း ၄၄၃၇၉ကွ၊ဒီကောင်ကနှာဘူး၊ဖွန်ကြောင်
ReplyDeleteThis comment has been removed by the author.
ReplyDeleteစစ်သားဖြစ်ပြီး စိတ်ဓာတ်တွေအဲလောက်ပျော့ညံ့ရသလား။အချောက်လုပ်မှာလား စစ်သားလုပ်မှာလား။သဘောတရားနဲ့အုပ်ချုပ်စေချင်ရင် သဘောတရားနဲ့ပညာရှိဆန်ဆန်ပြောဆိုတဲ့အတိုင်း မင်းတို့တစ်တွေလိုက်လုပ်ဖို့လိုတယ်။မင်းတို့ကောင်တွေက ပါးစပ်နဲ့ပြောလို့မရ ဒုတ်နဲ့မှရတာဆိုတော့ ဒုတ်နဲ့ဆော်တာဖြစ်မှာပေါ့ကွ။အစဉ်အလာနဲ့ကြီးမြင့်လာတဲ့ကျောင်းကြီးတွေက မင်းတို့ခေတ်ကြမှ ပျက်စီးယိုယွင်းလာတယ်။ထစ်ခနဲနေရင် အာချောင်ဖို့ပဲသိတယ်။ကိုယ့်ဘက်က ဘယ်လောက်ကောင်းနေသလဲဆိုရင် ကိုယ်သာအသိဆုံးဖြစ်မယ်။ပဲ့ရွဲ့နေတဲ့ကောင်တွေကများတယ်ဆိုတာ မင်းတို့ပဲသိမယ်။ဒီပုံစံဒီအချိုးမျိုးတွေနဲ့ မင်းတို့ကို တပ်မတော်ကကြီးမားတဲ့တာဝန်တွေကိုဘယ်လိုထမ်းဆောင်ခိုင်းပြီးပုံအပ်ရမှာလဲ။
ReplyDeleteတစ်ပါးသူရဲ့ပြစ်ချက်ကိုပြောချင်ရင် မိမိကိုယ်ကိုအရင်ဆန်းစစ်။အချက်အလက်အခိုင်အလုံနဲ့တင်ပြ။အချက်အလက်မခိုင်လုံပဲ လမ်းဘေးဈေးသည်ပုံစံနဲ့လာမပြောနဲ့။
ငါဟာစစ်သား ငါဟာတပ်မတော်သား အရပ်သားမဟုတ်ဘူးဆိုတာကိုတော့ အမြဲတမ်းသတိရနေပါ။
ဒို့ တွေဗိုလ်လောင်းဘဝဆိုတာနည်းပြနဲ့ ထိတွေ့ ဆက်ဆံမှုတော့ရှိနေမှာပဲလေ... သင်တန်းသားဆိုတာ လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုးရှိတော့အပြစ်လုပ်မိတဲ့သူလည်းရှိမှာပဲလေ... အပြစ်ရှိလို့ တရားဝင်ဆုံးမမှုတော့လုပ်သင့်တာပေါ့
ReplyDeleteသူငယ်ချင်းတို့ ရေ အဲဒီအရာရှိကိုအရေးယူမှုပြုလုပ်နေပြီလို့ သိရတယ်ကွ... သူ့ ထိုက်နဲ့ သူ့ ကန်ပေါ့ ....
ReplyDeleteစည်းကမ်းရှိတဲ့တပ်မတော်သားတွေဖြစ်လာဖို့ နည်းပြတွေကဆုံးမတာ အပြစ်မဟုတ်ပါဘူး။အချိုးမပြေမှုတွေများလာလို့ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါလုပ်မိတာတွေလည်းရှိချင်ရှိမှာပေါ့။ဒါကတပ်မတော်အတွင်းမှာ ရှိနေတာပဲ။ဒီလိုလုပ်တိုင်းအရေးယူရင် နည်းပြဆိုတာ တစ်ယောက်မှာရှိမှာမဟုတ်သလို ကြီးမြင့်တဲ့ရာထူးတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းရှိလာမှာမဟုတ်ဘူး။
ReplyDeleteသင်တန်းသားတွေကောင်းလာဖို့ စေတနာနဲ့ပြုပြင်လို့အရေးယူရင် ယူပါစေ။မိမိသင်တန်းသားတွေကောင်းလာဖို့ မိမိတို့ဘ၀တွေကို ပေးဆပ်ရမယ်ဆိုလည်း ပေးဆပ်ရတာ နည်းပြဆိုတဲ့ဆရာသမားတွေရဲ့စေတနာပေးဆပ်ခြင်းပါ။
သင်တန်းသားကိုပြုပြင်မပေးပဲ လျစ်လျူရှူထားမယ်ဆိုရင် စည်းကမ်းပျက်တဲ့တပ်မတော် စိတ်ဓာတ်ညံ့ဖျင်းတဲ့တပ်မတော်သားတွေဖြစ်လာမှာကိုတော့ ကျူပ်တို့ကတော့လုံးဝလက်မခံဘူးဗျို့။ဒုတ်ကြောက်တဲ့သူကိုတော့ဒုတ်နဲ့ပြရသလို သဘောတရားနဲ့ရတဲ့သူကို သဘာတရားနဲ့သင်ပြပေးရတယ်။အပြစ်မပေးပဲ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူမယ်ဆိုရင် တစ်ယောက်မှာ ကျောင်းဆင်းမှာမဟုတ်ဘူး။ဒါအသေချာပဲ။ရုံးမတင်ချင်လို့ အပြစ်ပေးတာ ဒါကို သင်တန်းသားတွေနားလည်ဖို့လိုတယ်။
ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ နည်းပြဆရာသမားတွေနဲ့အနီးကပ်နေဖူးတော့ သူတို့တွေရဲ့ဘ၀တွေကိုသိနားလည်လို့ ယခုလို ကွန်းမန့်ရေးတင်ပေးတာပါ။
ဗိုလ်လောင်းပဲကွာ အဆင့်အတန်းမြင့်မြင့်နေတတ်အောင်၊ အမျိုးသားဝတ်စုံ တိုက်ပုံဝတ်ခဲ့ရတာပဲ။ တိုက်ပုံဝတ်ရမယ်ဆိုရင် ၀ယ်ရမှာပေါ့၊ စုတ်ပြတ်နေတဲ့တိုက်ပုံနဲ့တော့ ဘယ်ဝတ်လို့ရမလဲ။ မင်းတို့မ၀ယ်ရင်တော့ဝယ်ပေးမှာပေါ့။။ ဒါများအဆန်းလုပ်လို့။ ဘာသာရေးနေ့ နဲ့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာအမျိုသားဝတ်စုံ တိုက်ပုံနဲ့ တပ်ပြင်ထွက်ရတာ ဒို့ဗိုလ်လောင်းပဲရှိတယ်မဟုတ်လား။ တိုက်ပုံဝယ်ရတာ အဆန်းလုပ်လို့ကွာ။
ReplyDeleteဟောင်းလို့ပဲဝယ်ဝယ်၊ ဗိုလ်လောင်းတစ်ဦးရဲ့ဆောင်ရွက်ရမယ့် လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် မင်းလုပ်ငန်းအတွက်ဝယ်ရတာပဲ၊ မင်းလစာထဲကမင်းသုံးရမှာပေါ့။ ရေးကြီးခွင်ကျယ်လုပ်လို့ကွာ။ မင်းမို့ ကိုယ့်ရဲ့ကျောင်းနဲ့ ဗလတွေသိက္ခာကျအောင်လုပ်တာ မရှက်ဘူးလား။ မင်းအရာရှိဖြစ်ပြီး ငါတို့တက်ခဲ့တဲ့ကျောင်းမှာ ပြန်ပြီးတာဝန်ထမ်းဆောင်ရလို့ ဘယ်ကျောင်းကဆင်းတာလဲအမေးခံရရင် မင်းဘာပြောမှာလဲ ငါသိချင်သေးတယ်...
ReplyDeleteငါတို့တုန်းက လစာကပြန်တောင်စိုက်ရသေးတယ်ကွ...၁သောင်းဖြတ်တယ်..နည်းတာပေါ့ကွ...ဒီလိုပဲ..ဘာfund မှမရှိတော့တဲ့ကျောင်းကြီးတစ်ကျောင်းမှာ လည်ပတ်ဖို့အတွက် ငါတို့လစာတွေနဲ့ လည်ပတ်ခဲ့ရတာပါ..မင်းတို့လက်ထက်ကျမှ ဟိုပြောဒီပြောနဲ့ မနေနိုင်ရင်ထွက်ပြေး...ပြီးတော့ ဒုတ်နဲ့ရိုက်တာ ခေါင်းတွေ မျက်နှာတွေတဲ့ မဖြစ်နိုင်တာကွာ...လေ့ကျင့်ရေးကျောင်းတွေမှာ ဘယ်တော့မှ ခေါင်းနဲ့ မျက်နှာကို မလုပ်ဘူးကွ..လူမြင်လို့...ထိုးရင်တောင် ရင်ဘက်ကိုပဲ ထိုးတာ..ကြယ်သီးတောင်မတတ်နိုင်တာမျိုးကြုံဘူးလား...ဖင်ကို အရိုက်ခံရလို့ ညကြ မှောက်အိပ်ရတာမျိုးကြုံဘူးလား...ကြီးကြီးကြယ်ကြယ်ရှောက်ပြောမနေနဲ့...တပ်ခွဲမှူးအရာရှိက ၀င်ပါရအောင် မင်းတို့ final year တွေဘယ်နားသွားသေနေကြလို့လဲ...final year စောက်သုံးမကျလို့ ၀င်ပါလာတာပေါ့...ပိုက်ဆံဖြတ်တာ final year တပ်ခွဲမှူး။ဒုတပ်ခွဲမှူး။CQ တွေက ဘာမှမပြောဘူးလား...သူတို့ဖြတ်ပေးမှ ရတာလေ...
ReplyDeleteစစ်ဗိုလ်လုပ်ချင်တဲ့ကောင်တွေခံပေါ့၊
ReplyDeleteစစ်တပ်ပါဆိုဒီလောက်တော့ရှိမှာပေါ့၊
နှစ်လက်မပတ်လည်ဒုတ်နဲ့ရိုက်တာဆိုတော်သေးတာပေါ့၊နှစ်လက်မကျော်ရှစ်လက်မလောက်ဒုတ်နဲ့ထည့်တာမှမဟုတ်ပဲ။
မတရားတာတော့ မတရားတာပဲကွာ
ReplyDeleteကေတီဗီ မာဆတ်သွား တဏှာရူးပြီး သူတပါးငွေကိုမတရားတောင်းကြီးနိုင်ငယ်ညှင်းလုပ်တာကတော့ နည်းပြအင်္ဂါရပ်နဲ့ မကိုက်ညီပါ .
စည်းကမ်းထိန်းတာမဟုတ်ပဲ မတရားနှိပ်စက်တဲ့ပုံစံတော့မဖြစ်အောင် အထက်အဆင့်ဆင့်က တာဝန်ယူသင့်တယ်။
ငါဒို့DSA ကိုပြောင်းတပ်လိုက်ပါလား မင်းလိုကောင်မျိုး ကျောင်းမဆင်းစေရဘူး
ReplyDeleteDSA မှာလည်းလူမဆန်တဲ့အပြစ်ပေးမှုတွေရှိပါတယ်
ReplyDeleteပပြောက်အောင် လုပ် ပေး ပါ
ဗိုလ်လောင်းတွေ ရဲ့ ဘ၀ကိုစာနာသင့်  ပါတယ်
ReplyDeleteကျောင်းဆင်းသွားရင်သိသွားပ၊လိပ်မည်
ReplyDeleteတော်တော်ပွ အဖေကျော်ဒွေးတော်လွမ်း
ReplyDeleteပေါက်ကွဲလို့ မရဘူးကွ ကြေကွဲလို့ ပဲရတယ် နားလည်ထား
လော်ကာကြားခေါင်းထဲ့ပြီးအော် အသံထွက်ရင်အုတ်ခံရအုံးမယ်