Pages

Sunday, December 23, 2012

ဟင်္သာတလူနေရပ်ကွက်တွင်းက အမှိုက်ပုံကြီး မီးလောင်နေ

ဟင်္သာတမြို့ အ.လ.က(၁) နေရှင်နယ်ကျောင်းနောက်ဘက်ရှိ အမှိုက်ပုံကြီးတွင် ၂၂-၁၂-၂-၁၂ နေ့၊ နံနက်(၆)နာရီခန့်မှ စတင်ကာ မီလောင်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ ဟင်္သာတမြိုမှ ဆက်သွယ်ရေးစနစ်ဘယ်လောက်ကောင်းလဲ ဆိုရင် တမြို့လုံးဖုန်းတွေ No Service ဖြစ်နေပါတယ်။ အမှိုက်ပုံမှာ မီးလောင်စရာ လောင်စာများချည်းဖြစ်သောကြောင့် မီးတောက်မှာ တဖြည်းဖြည်း များလာကြောင်း တွေ့ရပါသည်။ ဈေးထဲက လူများ မှ ရေပုံး နှင့်ပက်၊ ဈေးထဲက မီးသတ်ပိုက်ကိုနဲ့ ပက်ဖို့ပြင်ဆင်နေတာ တွေ့ရပါတယ်။ မီးသတ်ကို အကြောင်းကြားထားသော်လည်း မလာရောက်သေး သည့်အတွက် ဖုန်းတွေ တမြို့လုံး မကောင်းလို့ဘယ်လို့ မှဆက်သွယ်လို့ မရပြီး အ.လ.က(၁) ကျောင်နောက်ဖေးတွင့်  ကပ်နေသောကြောင့်  စနေနေ့ လမ်းလျောက်ပြီး ပြန်လာ တဲ့ ခလေးလေးတွေ ကလည်းကျောင်းထဲကရေ နဲ့ လှမ်းပက်တာကိုတွေ့ ရပါတယ် မီးသတ်ကားကတော့  မီးသာငြိမ်းသွားတယ် ကားရောက်မလာပါဘူး လို့ အနီးအနားမှမျက်မြင်သက်သေတစ်ဦးထံမှ သိရပါတယ်။

1 comment:

  1. မီးသတ်ကားမလာတာသိကြလား။ အထက်က၇ှင်းခိုင်းထားလို့နေမှာပေါ့ဗျာ။ မြို့ထဲက အမှိုက်ပုံမမြင်ချင်ဘူးလို့ပြောသွားလို့ထင်တယ်ဗျို့။ ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။