Pages

Friday, December 7, 2012

ဟင်္သာတ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပဒေသာဈေးကြီးတွင် (၂-၁၂-၂၀၁၂)နေ့၌ မီးဘေးကြိုတင်ကာကွယ်ရေး

ဟင်္သာတမြို့ ပဒေသာဈေးကြီးတွင် မီးငြိမ်းသတ်ခြင်း သရုပ်ပြ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပဒေသာဈေးကြီးတွင် (၂-၁၂-၂၀၁၂)နေ့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်မြင့်၊ ခေတ္တမြို့နယ် မီးသတ်ဦးစီးမှူး သန့်ဇင်မင်း နှင့် တပ်ဖွဲ့ဝင်များ၊ ဈေးအရာရှိ ဦးဝင်းအောင်သူ၊ ဈေးကော်မတီဥက္ကဌ ဦးတင်ထွန်း နှင့် ဈေးကော်မတီ အင်အား (၂၀)၊ ဈေးအရန်မီးသတ် တပ်ဖွဲ့ဝင် အင်အား (၂၀) ခန့် မှ ဈေးကြီးအတွင်း ရေသိုလှောင်ထားရှိမှု၊ မီးသတ်စက်များ စစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများ စစ်ဆေးခြင်း များ ပြုလုပ်ပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးအရန်မီး သတ်တပ်ဖွဲ့ဝင်များ၊ ဈေးကြီးလူငယ် အဖွဲ့များ ပူးပေါင်း၍ နံနက် (၉)နာရီ မှ (၁၁)နာရီ အထိ၊ မီးငြိမ်းသတ်ခြင်း၊ သရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းမျ
ား ပြုလုပ်ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။