Pages

Sunday, December 23, 2012

ငွေလိမ်ပြေးသည့် ဈေးခေါင်းအား စည်ပင် မှ ဈေးခေါင်းပြန်ခန့်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဌေးဝင်းဈေးရှိ ဈေးခေါင်း ဦးမြင့်ဦးသည် ဈေးသူဈေး သားများ၏ ဈေးအခွန်ငွေများ၊ အတိုးဖြင့်ချေးယူထားသော ငွေများစွာကို ရှင်းလင်းခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေပြီး စည်ပင်မှ အမှုဖွင့် အရေးယူထားသော်လည်း စည်ပင်ဗိုလ်ကြီးကို မည်သို့ လာပ်ထိုးလိုက်သည်မသိ၊ ယနေ့တွင်ပင် ဈေးခေါင်း အဖြစ် ပြန်လည်ချထားပေးကြောင်း သတင်းရရှိပါသည်။ ထို့ကြောင့် ဈေးသူဈေးသားများက အလွန်မကြေမနပ်ဖြစ်လျှက် ရှိကြပြီး ထိုသို့ အကျင့်ပျက်လာပ်စား၊ ငွေအလွဲ သုံးစားပြုလုပ်သူအား ပြန်လည် မခန့်ထားသင့်ကြောင်း ဈေးသူဈေးသားများက တညီတညွတ်တည်း ပြော ဆိုနေကြာကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။