Pages

Thursday, January 17, 2013

ဝီတိုရီယဆေးရုံမှာ ဧည့်ကြို ဖြစ်ရတဲ့ ဒုက္ခ(တိုင်ကြားစာ)

ဒီမိုဝေယံခင်ဗျား၊

 ရန်ကုန်မြို့ ဝိတိုရီယဆေးရုံ ဧည့်ကြိုဌာန ၌တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏နေ့စဉ် ကြုံတွေ့နေရသော ဒုက္ခကို စာနာသောအားဖြင့် ဖေါ်ပြပေးပါရန်လေးစားစွာ တင်ပြအပ်ပါသည်၊

 ဝိတိုရိယဆေးရုံကြီးသည် ခန့်ညှားထယ်ဝါလှသော်လည်း၊ ဧည့်ကြိုဌာနရှိ ဝန်ထမ်းများမှာ “စာမေးတာမဖြေနိုင်လို့” “ အလုပ်လုပ်ရာတွင်အမှားအယွင်းရှိလို့ “ စသည်ဖြင့် အကြောင်းအမျိုးမျိုး ပြပြီး ဒါဏ်ကြေးဟုဆိုခါ အလုပ်ကြီးကြပ်သူများက ကောက်ခံနေပါသည်။

 ဝန်ထမ်းများမှာ မိသားစုစားဝတ်နေရေး မပြေလည်ယုံမက၊ ရရှိသော လစာလေးကိုမလောက်မင ခြစ်ချုပ်သုံးစွဲနေရမှန်း သိလျှက်နှင့် “တစ်လစာ ကုန်ချင်ကုန်သွားပါစေ..ကောက်မှာဘဲ” ဟုပြောဆို ကောက်ခံနေပါသည်။

ဝန်ထမ်းများအနေဖြင့် မကျေနပ်သော်လည်း အထက်ကို မတင်ပြရဲသဖြင့် ခေါင်းငုံ့ခံနေရပါသည်၊ ကောက်ခံထားသော ပိုက်ဆံများကိုလည်း မည်သည့်နေရာတွင် သုံးစွဲသည်ကိုမသိရဘဲ မည်သူ့အတွက်မှန်းမသိဘဲ ပေးနေရပါတယ်၊ အပြစ်ရှိက ဆေးရုံစည်းကမ်းအတိုင်း တရားနည်းလမ်းကျ စုံစမ်းစစ်ဆေးပြီး “ဒါဏ်ငွေမကောက်ဘဲ” လိုအပ်သလိုအပြစ်ပေးသင့်ပါသည်၊ အထက်မှဆေးရုံအုပ်ချုပ်သော လူကြီးများ သိရှိစေရန် ဒီမိုဝေယံမှ တဆင့် တင်ပြလိုက်ရပါသည်..။

 ကျေးဇူးတင်စွာဖြင့် မိဘတစ်ဦး

6 comments:

  1. အဲဒီမှာ ဘာလို့ ဆက်လုပ်နေသေးလဲ
    လစာကောင်းလို့လား
    ဒီလောက်ဖြစ်နေလဲ အလုပ်ထွက်လိုက်ပေါ့
    အလုပ်ပေါပါတယ်။
    စိတ်ညစ်မနေနဲ့

    ReplyDelete
  2. ဝန်ထမ်းအချင်းချင်းညှာတာစာနာတတ်ပါစေ

    ReplyDelete
  3. ဒီလိုတိုင်စာရေးတယ်ဆိုတော့ ဒါဏ်ကြေးပေးရလို့ပေါ့။ ဒါဏ်ကြေးပေးရတယ်ဆိုတော့ အသုံးမကျလို့ပေါ့၊ အသုံးမကျတဲ့သူဆိုတော့ တိုင်စာရေးတာပေါ့။ အားလုံး logical ဖြစ်သားပဲ။ ဘာများမှားနေလို့လဲ?

    ReplyDelete
  4. ကိုယ့် တာဝန် ကိုယ်ကျေအောင်လုပ် ရဲ့ သားနဲ့  ...သက်သက်မဲ့ လုပ်နေတာမျိုး ဆိုရင် သတ္တိ ရှိရှိ ရင်ဆိုင်ပြောပါ .... မကြောက်ပါနဲ့  ကြောက်နေရင် သွားရော ...ဒါပေမယ့် ကိုယ့်အလုပ် ကိုတော့ တာဝန်ကျေပါစေ .....

    ReplyDelete
  5. Ban exploitation in Health Care Profession.

    ReplyDelete
  6. ပြည်သူဘက်တော်သားFebruary 6, 2013 at 11:36 PM

    ရှစ်လုံးတင်အောင်မြင့်ဦး ပိုင် ၀ိတိုရိယဆေးရုံပဲလေ
    ဒီလောက်တော့ ရှိမှာပေါ့
    ပိုင်ရှင်တွေကိုယ်တိုင်က သူခိုးတွေ
    ပြည်သူ ဘဏ္စာနဲ့ ထူထောင်ထားတဲ့ ဆေးရုံလေ
    ဟဟ
    ဆိုနီက ဝေလွင်သမီး ဝေသစ်လွင်က နာမည်ခံ တကယ်ပိုင်တာ တင်အောင်မြင်ဦး ချွေးမ နျင်းနှင်းဆိုတာပဲ
    အဲလောက် ယူတ်မာကျတာ
    ဆင်းရဲသူတွေကို ထပ်ခါ့တလဲလဲ ခေါင်းပုံဖြတ်နေကျတာ ၀ဋ်လည်ပြီးသေချင်းဆိုးနဲ့သေကျမယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။