တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက အောင်သပြေ တိုးဂိတ်
ကိစ္စနှင့် ပတ်သတ်ပြီး ဒေသခံများ၊ ကုမဏ္ဍီမှ တာဝန်ရှိသူများ၊ နေပြည်တော်မှ
ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အထွေထွေမန်နေဂျာအခွန်ထိန်း ဦးစောအောင်၊
နှင့် အခြားတာဝန်ရှိသူများ တက်ရောက်သူ (၂၃) ဦးပါဝင်သည့်
တောင်ကြီးမြို့၊ ပြည်သူ့ဆောက်လုပ်ရေး ၊ စုစည်းခန်းမတွင် ဇန်န၀ါရီ ( ၃
)ရက်နေ့ ကျင်းပခဲ့သည့် တိုးဂိတ်ညိနှီုင်း အစည်းအဝေးတွင် ပြောဆိုခဲ့သည့်
စကားများနှင့် ပတ်သက်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားနေသူများ၊ အရပ်ဘက်
လူ့အဖွဲ့အစည်းများ ကြားတွင် ဂယက်ရိုက်ခတ် လျက်ရှိကြောင်း သိရှိရသည်။
တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦးက
ယင်းအစည်းအဝေးတွင်
တိုးဂိတ်နှင့်ပတ်သက်ပြီး ပြောကြားရာတွင်......... " သည်လမ်းဟာ
နိုင်ငံတော်ကနေ တည်ဆောက်ထားကြောင်း ၊ သည်လမ်းပေါ်မှာ စည်ပင်က
ဘီးခွန်ကောက်တယ်၊ စည်ပင်သာယာ နယ်နိမိတ်မှာ သွားလာနေသည့် ယာဉ်များအားလုံး
ဘီးခွန်ဆောင်ရကြောင်း၊ ကျွန်တော် ဆိုရင် သည်နေ့ပဲ ကျွန်တော့် အမည် ရာဇာ
ဆိုပြီး အဲသည်တိုးဂိတ်ရှိသည့် လမ်းကိုဖြတ်ကြောင်း၊ အသွား ၂၅၀၊ အပြန်
၂၅၀ ပေးရကြောင်း၊ သို့သော်လည်း ကျွန်တော်သည် ..ဌာနဆိုင်ရာ အကြီးအကဲ
မှန်သော်လည်း နိုင်ငံတော် လမ်းကို ဖြတ်သန်းသည့်အတွက် ပေးရကြောင်း ၊
ကျွန်တော် လစာ ၁လကို တစ်သိန်း လေးသောင်း၊ နိုင်ငံတော် ထောက်ပံ့ကြေး
သုံးသောင်း၊ စုစုပေါင်း ၁၇၀၀၀၀ ရရှိပြီး ရရှိသည့်ငွေပေါ်မှာ
အခွန်ဆောင်ရကြောင်း ၊ သည်လမ်းပေါ် ဖြတ်သန်းသွားသည့် ကားများ အားလုံးအ
ခွန်လွတ်ဆို နည်းနည်း များသွားမည် ထင်ကြောင်း" ပြောဆိုသည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှုးက သည်ပြည်နယ်မှာမို့လို့ လိုင်စင်မဲ့ကားတွေ စီးချင်သလို စီးနေလို့ရကြောင်း၊ ကျွန်တော် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး စီးနေသည့် ကားကိုယ်တိုင်က
လိုင်စင်မဲ့ကားဖြစ်နေကြောင်း၊ ကျွန်တော့် တပည့်က တိုးဂိတ်ရောက်ရင်
ကျွန်တော် မောင်းမယ် ပြောတော့ ...ကျွန်တော်က ....ဟေ့ကောင်
မလုပ်နှင့်.....ငါ့ကားက ..လိုင်စင်မဲ့ကား ဖြစ်နေတော့ မင်းကို
.... အမြင်ကတ်ပြီး ...တိုးဂိတ်ကနေ တဆင့် ပြည်သူ့ဆောက်လုပ်ရေးရုံးကို
ခရိုင်အုပ်ချုပ်ရေးမှုးကားက လိုင်စင်မဲ့ကားစီးပြီး..ပိုက်ဆံလည်း တစ်ပြားမှ
မပေးသွားဘူးတင်ပြလိုက်ရင် ...ငါအချောင် ပြုတ်နေမှာဖြစ်ကြောင်း၊
.......မင်းပိုက်ဆံပေးလိုက်လို့ ကျွန်တော် ပြောဆိုခဲ့ရကြောင်း ခရိုင်
အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ကပြောကြားခဲ့သည်။
တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး ၏
ရှမ်းပြည်နယ်မှာမို့ လိုင်စင်မဲ့ကား တွေစီးနေရတာ ခင်ဗျားတို့ ကံကောင်းတယ် ပြောကြားချက်အား အစည်းအဝေးတွင် တက်ရောက်နေသည့်
အရပ်ဘက် လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့မှ ကိုမိုးက ပြန်လည်မေးခွန်းထုတ်ရာ...... ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင်
လိုင်စင်မဲ့ ကားစီးနေသည်ဟုသိရကြောင်း ၊ နိုင်ငံတော် ကနေ
လိုင်စင်မဲ့ကားများအား စီးခွင့်ပေးထားသလား.......၊ ကျွန်တော်တို့
ပြည်သူတွေကော စီးပိုင်ခွင့်ရှိလား ဟုမေးခွန်းထုတ်ခဲ့ကြောင်း၊
ခရိုင်အုပ်ချုပ်ရေးမှုး အနေဖြင့် ပြည်သူထဲက ပြည်သူ တစ်ယောက်အနေဖြင့်
လိုင်စင်မဲ့ကားအား ဘာကြောင့် စီးနင်းနေတာလည်း မေးမြန်းခဲ့ကြောင်း
ရှမ်းပြည်မျိုးဆက်အင်အားစုအဖွဲ့ က ကိုမိုး၏ ပြောပြချက်အရ သိရသည်။
တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ဦးကောင်းစံဦး
ကပြန်လည်ပြောကြားရာတွင် လိုင်စင်မဲ့ကားစီးခွင့် မရရှိနိုင်ကြောင်း .နိုင်ငံတော်ကနေ ပေးထားသည့် မာဇဒါ ဂျစ် ပြုပြင်ထားသည့်အတွက်
လိုင်စင်မဲ့ကား ၀ယ်စီးရကြောင်း၊ ပြန်လည်ပြောကြားခဲ့ကြောင်း
အစည်းအဝေး တက်ရောက်သူများနှင့် ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့
၏ပြောပြချက်အရ သိရှိရသည်။
တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှုး ၏မှတ်ချက်ပြော စကား
နှင့် ပတ်သတ်ပြီး.....တရားဥပဒေစိုးမိုးရေးအား မေးခွန်းထုတ်စရာ
ရှိနေကြောင်း ၊ တရားမ၀င် လိုင်စင်မဲ့ ကားကိစ္စကို နိုင်ငံတော်ကနေပြီး
ထိထိရောက်ရောက် အရေးယူနေသည့်ကာလတွင် လိုင်စင်မဲ့ကားကို
ခရိုင်အုပ်ချုပ်ရေးမှုး ကိုယ်တိုင် စီးနှင်းနေသည့်အတွက် အံ့သြမိကြောင်း
ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့ မှ ကိုညီညီမိုးက ပြောကြားခဲ့သည်။
တောင်ကြီးမြို့ပေါ်တွင် လိုင်စင်မဲ့ကားများ အသွင် အမျိုးမျိုး
၊ နံပတ်ပြား အမျိုးမျိုး ၊ တံဆိပ် အမျိုးမျိုး တပ်ဆင်ပြီး
မောင်းနှင်နေမှုအား ထိထိရောက်ရောက် တရားဥပဒေစိုးမိုးစွာ ဖြင့်
ကျောသားရင်သား မခွဲခြားပဲ အရေးယူသင့်ကြောင်း
နိုင်ငံရေးလေ့လာသုံးသပ်သူများ ကဆိုသည်။
ဂျွန်ချစ်ငြိမ်း( တောင်ကြီး )
စီးသင့်တယ်
ReplyDeleteသူများနိုင်ငံမှာ တစ်စီး သိန်း၂၀ ငါတို့မှာ အစုတ်ကို ရာကျော်ပေး ရတယ် ပိုငွေ ဘယ်သူ့အတွက်လဲ..
ပြင်ခ ဘယ်သူပေးမှာလဲ တခါ တည်းမေး
အချိန်မှီ မရောက်ရင် ပြဿနာမရှာနဲ့
ကားမူဝါဒ ကိုယ်ကျိုး ရှာနေတယ်
ပိုက်ဆံ ရှိ ရင်တော့ ရှော့ မရှိ တဲ့ ဟာပဲ စီမှာ ပေါ့
ReplyDeleteလိုင်စင် မလို ဘူး စီး လို့  ရ တဲ့ ဟာ ရှိ တယ်
လားစီး ချင် ရင်စီး
ချားစီးချင် ရင် စီး
ကောင်းမြတ်
ReplyDeleteအကိုမှာ အမှန်ကား၂ စီး ပိုင်ပါတယ်
တစ်နိုင်ငံလုံး မှာ လိုင်စင်မဲ့ ကားတွေ အများကြီးစီးနေကြတယ် ဘယ်လိုလူမျိုးတွေစီးသလဲ
သူတို့ ဘာလို့ စီးရဲတာလဲ ကားတွေဘာကြောင့်ဈေး ကြီးနေတာလဲ သူ့ကိုဘာလို့ ခေါင်းစဉ် တပ်တာလဲ
အကို စီးပွါးရေး သမားပါ မဟုတ်တာ လုပ်မစားဘူး
ရွှဲ့ ရေးတာပါ ညီ မရိုင်းသင့်ဘူး စိတ်ချမ်းသာပါစေ။
ဝစ်သောက်စီးခွင့်ရှိရင်..ပြည်သူတွေအားလုံးကိုခွင့်ပြုသင့်တယ်... အုပ်ချုပ်ရေးမှူးဆိုပြီးဥပဒေအထက်ကနေ..တရားမဲ့ မလုပ်သင့်ဘူး
ReplyDelete