Pages

Saturday, January 5, 2013

လွတ်လပ်ရေးနေ့မှာ တရုတ်ရုပ်သံက ထုတ်လွှင့်သွားတဲ့ ကချင်တိုက်ပွဲသတင်း.. (ရုပ်သံ)

မြန်မာပြည်ရဲ့ လွတ်လပ်ရေးနေ့မှာ တရုတ်ရုပ်သံက ထုတ်လွှင့်သွားတဲ့ ကချင်တိုက်ပွဲသတင်း..
မြင်ရတဲ့ မြင်ကွင်းကတော့ တအိမ်တည်းနေ ကိုယ့်ပြည်သူ အချင်းချင်း၊ အိမ်ကြက်ချင်း သဲချည်းမဲချည်း ခွပ်နေကြတဲ့ စိတ်မကောင်းစရာ မြင်ကွင်းပါပဲ..။ ဘေးက တရုတ်ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့။ ၂ဘက်စလုံး ဆုံးရှုံးကြတာကတော့ ကိုယ့်ပြည်တွင်းက အင်အားတွေ ပါပဲ...။

ဒီမိုဝေယံ
လွတ်လပ်ရေးနေ့မှာ တရုတ်က သူ့နယ်မြေကို မြန်မာအစိုးရ ပစ်လိုက်တဲ့ ဗုံးသုံးလုံး ကျလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကန့်ကွက်တဲ့ ရုပ်သံပါ..။ 

 မြန်မာ့သယံဇာတတွေကို အနှစ်(၂၀)ကျော်လုံးလုံး အဆီစားအသားမျိုနေပြီး သူ့နယ်မြေပေါ်ကို ဗုံး၃လုံးကျလို့ ကန့်ကွက်တယ်လို့ ဆိုပါတယ်..။ စစ်တပ်က ပစ်လို့ကျလာတဲ့ ဗုံးက တရုတ်လုပ် ဗုံးဖြစ်ကောင်းဖြစ်ပါမယ်..။ ယနေ့ ကချင်အရေးမှာ အိမ်နီးချင်းကောင်း ပီသမပီသ မြင်တွေ့ရမှာပါ..။ သေချာတာကတော့ ဒိုင်စားပါလိမ့်မယ်..။ ယနေ့ ကချင်အရေးမှာ တာဝန်ယူ ဖြေရှင်းနိုင်တဲ့ အစိုးရအနေနဲ့ စစ်မှန်တဲ့ စေတနာမှန်နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။
 ဒီမိုဝေယံ

2 comments:

  1. သစ်တော သတ္ထု သဘာဝဓါတ်ငွေ့ အဲဒါတွေကျလာ တုံးကအသံ မထွက်ပဲ မင်းနိုင်ငံက ထုတ်တဲ့ဗုံး မင်းနိုင်ငံထဲ
    ကို မင်းမွေးစားသားက ပြန်ပို့တာ မင်းတို့ခြင်းရှင်းပေါ့
    ငါတို့ သံရုံး နဲ့ ဘာဆိုင်လဲ
    ငါတို့နိုင်ငံပေါ် မင်းသဘောထား ပြောင်းသင့်ပြီ
    မင်းနဲ့ မပေါင်း လို့ ငါတို့ မနစ်နာဘူး မင်းတို့ပဲ နစ်နာမှာ
    အလုပ် စာချုပ် ဖျက်လို့ လိုခြင်တဲ့ နိုင်ငံတွေ အများကြီး
    မရော်နိုင်စရာ ဘာမှမရှိဘူး မီးစာ တစ်ဖက် ရေမှုတ် တစ်ဖက် မလုပ်နဲ့ ရပ်မယ်ဆို ရဲရဲု ရပ်ပါ မင်းအကျိုးရှိ လိမ့်မယ် ကံကောင်းပါစေ

    ReplyDelete
  2. အကိုရေ.......လွတ်လပ်ရေး ရအောင်ပင်လုံစာချုပ်မှာ လက်မှတ်တွေအတူတူ ထိုးပြီး
    နယ်ချဲ့ကို အတူတူ တော်လှန်ခဲ့ တယ်........
    ဗိုလ်ချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင် တွေရယူပေး ခဲ့တဲ့ လွတ်လပ်ရေး ကဒီလိုတွေဖြစ် ဖို့မဟုတ်ပါဘူး။
    အခုတော့.....

    ငြိမ်းချမ်းကြပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။