မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုရဲ့ ယနေ့ ဂျပန်စစ်သချိုင်းကို သွားရောက်ဂါဝရပြုတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်လူမျိုးများလို့ ယူဆရတဲ့သူတွေက ဂျပန်စစ်သချိုင်းမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်..။ ရေးထားချက်ကတော့ စစ်အတွင်း ကျဆုံးသွားသူတွထားရှိရာ ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုသလို ဖြစ်တဲ့အတွက် ဆန္ဒပြတဲ့ပုံစံရေးထားပါတယ်..
( နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကိုဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက်ဂါရဝပြုတိုင်း တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပါတယ်..) တရုတ်သတင်းဋ္ဌာနများဟာ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မသွားရောက်ခင် ရက်သတ္တပတ် အလိုကတည်းက သတင်းဋ္ဌာနတွေမှာ နေ့စဉ်ရက်ဆက် ထုတ်လွှင့်နေခဲ့ပြီး အမေရိကန်နှင့် ဂျပန်အစိုးရတွေ မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတာကို စိုးရိမ်ဖွယ် ဖော်ပြနေခဲ့ပါတယ်..။
ဒါကတပိုင်းပေါ့ ယနေ့မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ့ခေါင်းဆောင် တဦးအား ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာသူလို့ ယူဆရတဲ့ တရုတ်လူမျိုးများက ဆန္ဒပြပွဲပြုလုပ် ဖန်တီးခြင်းဟာ တရားဝင်မှုရှိမရှိနဲ့ မည်သည့်မြို့နယ်ရဲစခန်းမှ တရားစွဲဆို ဆင့်ခေါ်မည်၊ မဆင့်ခေါ်မည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။
ထစ်ခနဲဆို ပြည်တွင်းက ဆန္ဒပြသူတွေကို ဆင့်ခေါ် ဖမ်းဆီးလေ့ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ တရုတ်လူမျိုးတွေအပေါ် မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်..။
ဒီမိုဝေယံ

မြန်မာပြည် ဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်မယ်ဆိုရင်
ReplyDeleteဒီကိစ္စကိုမြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့အညီအရေးယူရမှာဖြစ်ပါတယ်
တရုတ်တွေက မြန်မာပြည်ကိုလာပြီး ဆနပြတာ အရမ်းလူပါးဝတာဘဲ။ ၄င်းကို တရားဥပဒေနှင့်အညီ အရေးယူရမှာ။ အစိုးရက ဘာလုပ်မယ်ဆိုတာ စောင့်ကြည့်ရမှာဘဲ။
ReplyDeleteဒီကိစ္စက တရုပ်အစိုးရက ပါဝင်ပါတ်သက်နေတာ ကလေးတောင်သိတယ်။ မြန်မာ အစိုးရက ဘယ်လို ကိုင်တွယ်မလဲ။ တရုပ်တွေ လူပါးဝနေကြပြီ။
ReplyDeleteမြန်မာနိုင်ငံတော်အစိုးရရဲ့တရားဝင်ဧည့်သည်တော်ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာလာနေသောမည်သည့်တခြားနိုင်ငံသား။နိုင်ငံခြားသားကမှအိမ်ရှင်ရဲ့ဧည့်သည်ကိုစော်ကားခွင့်မရှိပေ။အိမ်ရှင်ကိုစော်ကားခြင်းမည်ပေသည်။မြန်မာနိုင်ငံသည်မည်သည့်နိုင်ငံ၏ကိုလိုနီနိုင်ငံမဟုတ်။ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်ဖြစ်သည်။ယခုသတင်းအမှန်ဖြစ်လျှင်သက်ဆိုင်ရာသံရုံးကိုအပြင်းထန်ဆုံးကန့်ကွက်သင့်သည်။ပါဝင်သူအားလုံးကိုလည်းတည်ဆဲဥပဒေအတိုင်းထိရောက်စွာအရေးယူပေးပါ။ယခုတခါမလုပ်လျှင်နောင်မြန်မာနိုင်ငံတော်အတွက်ဆိုးရွားသောအကျိုးဆက်ဖြစ်လာပါလိမ့်မည်။ယခုလုပ်ရပ်သည်မြန်မာအစိုးရနှင့်မြန်မာပြည်သူကိုစော်ကားသောအပြုအမူဖြစ်သည်။မြန်မာနိုင်ငံတော်။အစိုးရနဲ့ပြည်သူများရဲ့ဂုဏ်သိက္ခာအတွက်လုံးဝခွင့်မလွှတ်သင့်ပါ။
ReplyDeleteတရားဝင်လား မဝင်လားတောင် မသိတဲ့ သူက Blooger လုပ်နေတာ အခြားလူတွေ ရှက်စရာကောင်းတယ်။
ReplyDeleteတရုတ်သတင်းဋ္ဌာနရဲ့ ထုတ်လွှင့်ချက်ကို အများသိစေနိုင်ဖို့ ဖော်ထုတ် တင်ပြခြင်းဖြစ်သည်..။
ReplyDeleteတရားဝင် တရားမဝင်ဆိုတာ စုံစမ်းရန်မှာ ဘလော့ဂ်ဂါ၏ တာဝန်မဟုတ် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ တာဝန်ဖြစ်သည်..။ နိုင်ငံတော်အစိုးရ၏ ဧည့်သည်တော်အား ယခုကဲ့သို့ ဆန္ဒပြခြင်းအား အရေးယူတားဆီးရန်မှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ တာဝန်ဖြစ်သည်...။ နိုင်ငံတော် အဆင့်ဧည့်သည်တော်အား လုံခြုံရေးလျော့ရဲစွာ ယခုကဲ့သို့ဆန္ဒပြခွင့်ရရှိခြင်းသည် မည်သူ့၏ တာဝန်ဖြစ်သနည်း..
ဒီမိုဝေယံ
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ၏ပြည်နယ်ခွဲ မဟုတ်ပါ။
ReplyDeleteစစ်မျက်နှစ်ဖက် မဖွင့်မိပါစေနဲ့
တရုတ်သားတွေလုပ်ခွင့်ပေးတာလေ
ReplyDeleteဗမာအချင်းချင်းဆိုရင်(၁၈)တွေ(၅၀၅)တွေတန်စီးပြီးတရားစွဲပါလိမ့်
မယ်ကျီးပါးစုတ်တဲ့ကောင်တွေသူ့ပါပါးအတွက်ဆိုပြည်သူတွေသေ
ပလေစေဆိုတဲ့ကောင်တွေ။