Pages

Tuesday, February 12, 2013

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈နှစ်ပြည့် မွေးနေ့ အမှတ်တရ...


ဗိုလ်ချုပ်ရဲ့ ဂျပန်ခေတ်ရှားပါး ဓာတ်ပုံများ တာတီးဖေ့စ်ဘွတ်ခ်


ဗိုလ်ချုပ်အောင်ဆန်း၏ အရည်အချင်းများ
=======================

၁။ မောင်အောင်ဆန်းသည် ၁၉၃၂-တွင် တက္ကသိုလ်သို့ရောက်၏။
ထိုစဉ်က သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

၎။ အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။

၆။သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်
ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်
သာရှိသေး၏။

(ထိုစဉ်သူ၏ရဲဘော် ရဲဘက်များက သူ၏လက်နက်ကိုင် ပုန်ကန်
တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ မောင်အောင်ဆန်းသည်
ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ ဓားပြဂိုဏ်း တွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ
ကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ ”ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)

၇။ အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၉။အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍
တိုက်ခိုက် ခဲ့သည်။ မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို
တောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။

၁၀။ အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေး
အတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး သမားကြီးများ
ဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆို နိုင်ခဲ့၏။

၁၁။ ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြား
ပြီးနောက် “ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။

၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချ
ပေးခဲ့၏။

၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။

ဤအသက်အပိုင်းမျှဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

မောင်လွင်ဟိန်းကို
Myawady News

ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ ရုပ်သံပါ..

ရာဇဝင် အတ္ထုပ္ပတိလည်း ရှိရမယ်... မော်ကွန်းလည်း ထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်တဲ့..။
တိုင်းပြည်အကျိုးအတွက် မစားပဲ စွန့်ခဲ့တဲ့ တို့ဗိုလ်ချုပ်အား ဦးညွတ် အလေးပြုအပ်ပါတယ်..။

ဒီမိုဝေယံ

3 comments:

  1. မောင်မှန်February 12, 2013 at 6:04 PM

    တောက စပါးဝယ်တက်လာတဲ့ သူတွေကို သူ့အမေ ဒေါ်စု က ဈေးသည်ပီပီ သာသာထိုးထိုးလေးပြောလို့ "အမက လူကြီးဖြစ်ပြီး လိမ်ပြောတာကိုးဗျ။ လိမ်တာ မကောင်းဘူး"…လို့ ပြန်ပြောခဲ့တဲ့ ငါးနှစ်သားကလေး ဗိုလ် ချုပ်။

    တက္ကသိုလ်ကျောင်းသား ဖြစ်လာတော့လည်း သူများတကာ တွေလို ဘိုကေဆီတရွဲရွဲ၊ ဘန်ကောက်လုံ ချည်တရွမ်းရွမ်းနဲ့ ကြော့ကြော့ မော့မော့လေး မနေပဲ၊ ဆံ ပင်စုတ်ဖွား၊ အဝတ်စား ဘိုသီဘတ်သီနဲ့ နိုင်ငံလွတ်လပ် ရေးက လွဲပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ ဗိုလ်ချုပ်။

    ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးလုပ်တော့ ရေနံချောင်းက သခင်/သခင်မတွေ ရန်ကုန်ရောက်တုန်း အတွင်းရေးမှူးကြီး သခင်အောင်ဆန်းရဲ့ အခန်းမှာ ဂုဏ်ယူ ဝင့်ကြွားစွာ သိပ်တော့၊ သန်းကောင်မကျော်ခင် ဂျပိုးတွေ သောင်းကျန်းလွန်းလို့ ဧည့်သည်သခင်တွေ မအိပ်နိုင်တော့ ပဲ သူ့အခန်းထဲက ထပြေးလာရတဲ့အထိ၊ နိုင်ငံရေးကလွဲရင် အစားအသောက် အနေအထိုင် တစ်ခုမှ ဂရုမစိုက်ခဲ့တဲ့ ဗိုလ်ချုပ်။

    ဂျပန်ခေတ်မှာ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရယ်လို့ ရာထူး ဂုဏ်ရှိန်တွေ ကြီးမြှင့်ပြီး၊ လူတကာက လေးစားခံ့ ငြားနေတဲ့ အချိန်မှာတောင် ကာကီစစ်ဝတ်စုံ နှစ်ထည် လောက်နဲ့ နေခဲ့ပြီး ဂျပန်ခေတ် ဧည့်ခံပွဲတစ်ခုမှာ(ဟိုတုန်း က မဟာမိတ်လေကြောင်းရန်ကြောင့် Blackout ခေါ် တံ ခါးတွေ လုံအောင်ပိတ်၊ မှောင်ချထားတဲ့ အခါမျိုးဆိုတော့) အိုက်လို့ ဂျပန်စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် အပေါ်အင်္ကျီ ခ္ဈတ်ကြပြီး"အောင်ဆန်း၊ မင်းလည်းအိုက်မှာပဲ။ အပေါ် အင်္ကျီ ခ္ဈတ်ချင်ခ္ဈတ်လေ"…လို့ ခွင့်ပြုတော့၊ တော်တော်နဲ့ မခ္ဈတ်ပဲ...နောက်ဆုံး အတူပါလာတဲ့ လုပ်ဖော်ကိုင်ဖက်ဦးနု တို့က ဝိုင်းပြောမှ ခ္ဈတ်ချလိုက်တဲ့အခါ သူများတကာတွေ လို အတွင်းခံ စွပ်ကျယ် လက်ပြတ်လေးတောင် မပါပဲ ကျောပြောင်ကြီးနဲ့ ရယ်ကျဲကျဲ လုပ်နေတဲ့ ဗိုလ်ချုပ်။

    ဖဆပလ ဥက္ကဌအဖြစ် တာဝန်ယူပြီး နယ်လှည့်တရားဟော စည်းရုံးရေး ဆင်းရင်း ရခိုင်ဘက်ရောက်တော့ နယ်ခံဖဆပ လ လူကြီးတွေက ခရီးသွားဘို့ စီစဉ်ပေးတဲ့ စက်ဘီးကိုယ်စီ နဲ့ ခရီးဆက်ဘို့ကြုံလာတော့ သူ့အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) ကို "ဟေ့ကောင်။ငါစက်ဘီး မစီးတတ် ဘူးကွ။ အဲဒါမှ ဂွကျတာပဲကွာ"…လို့ တိုးတိုးလေး ကပ်ပြော တော့ ဗိုလ်ထွန်းလှက ရှေ့ကနင်း၊ ဗိုလ်ချုပ်က စက်ဘီးရဲ့ နောက် ကယ်ရီယာခုံ ပေါ်က ထိုင်လိုက်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ခရီးဆက်ခဲ့တဲ့ ဗိုလ်ချုပ်။

    စစ်ပြီးခေတ် မြန်မာပြည်မှာ ဗြိတိသျှအစိုးရရဲ့ ဒုတိယဥက္ကဌ နဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတာတောင် ရုံးသွားကာနီး သူ့ကိုပေးထားတဲ့ ကားပျက်တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေး ပဲ ရုံးချိန်မှီအောင် ဆရာတပည့်နှစ်ယောက် တာဝါလိန်း လမ်း(ယခု နတ်မောက်လမ်း) နေအိမ်ကနေ ဗိုလ်အောင် ကျော်လမ်းမှာ ရှိတဲ့ အတွင်းဝန်များရုံး(ယခင် ဝန်ကြီးများ ရုံး)ကို ကန်တော်ကြီးပတ်လမ်း အတိုင်း ခြေကျင်လျှောက် ခဲ့တဲ့ ဗိုလ်ချုပ်။

    ငါးမူးတန်းက ရုပ်ရှင် ကြည့်ခဲ့တဲ့ ဗိုလ်ချုပ်။ သူ့ကိုကြည်ညို လွန်းတဲ့ ရှမ်းအဖိုးကြီး တစ်ယောက်က အိမ်တိုင်ရာရောက် လာပြီး ဗိုလ်ချုပ်သုံးချင်ရာ သုံးဘို့...လို့ပြောပြောဆိုဆိုပေး ထားခဲ့တဲ့ ရွှေချောင်းတွေကို (အိမ်မှာ ဒေါ်ခင်ကြည်ကသူ့ကို စီးကရက်တောင် ခွဲတမ်းနဲ့ ပေးထားတဲ့အထိ ချို့တဲ့စွာ သုံးစွဲ နေရ ရက်သားနဲ့) သူ့ကိုယ်ကျိုးအတွက် တစ်ပြားမှမသုံးစွဲ ပဲ ဖဆပလ ရန်ပုံငွေအဖြစ် အားလုံးလှူခိုင်းခဲ့တဲ့ ဗိုလ်ချုပ်။ စတဲ့...စတဲ့ ဗိုလ်ချုပ်ရဲ့ ဂုဏ်ပုဒ်တွေကို ရေးသားရင်တော့ ကုန်နိုင်ဘွယ် ရှိမှာ မဟုတ်တော့ပါဘူးဗျာ။

    ဗိုလ်ချုပ်လို တိုင်းပြည်နဲ့ လူမျိုးကို ပြင်းပြစွာချစ်တဲ့ အာဇာ နည် ခေါင်းဆောင်ကြီးအား က္ဈန်တော်ရေးတတ် သလောက်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ဗိုလ်ချုပ်တစ် ယောက် မြင့်မြတ်တဲ့ ဘုံဘဝတစ်ခုမှာ ရောက်ရှိ စံစားရင်း ချမ်းမြေ့ နိုင်ပါစေ ခင်ဗျာ။


    ReplyDelete
    Replies
    1. ကောင်း လိုက် တဲ့ အ ရေး အ သား။ ချီး ကျူး ပါ တယ် မောင် မှန် ရေ……

      Delete
  2. မောင်မှန်ရေးတာတော်တော်ပြည့်စုံပါတယ်။လေးစားတယ် ဗျာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။