Pages
Friday, February 22, 2013
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)
 ဓာတ်ပုံ ဧရာဝတီ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)
ကညနယာဉ် မှတ်ပုံတင်ဌာန(ကနဦး) မြင်သာ ရန်ကုန်တောင်ဉက္ကလာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် နိုင်ငံတော်မှ စေတနာထား၍  ပြည်သူအများ သက်သာချောင်ချိ နိုင်ငံတကာအဆင့်မှီ ကားများ  စီးနိုင်စေရန် စေတနာထား၍၊ ယာဉ်အိုဟောင်းအပ်ကာ အဆင့်မြင့် ယာဉ်များ သွင်းစေခြင်း၊ မော်ဒယ်မြင့်များ  နိုင်ငံခြားငွေစာရင်းဖြင့် သွင်းစေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ယင်းဌာန၏ ယာဉ်စစ်အင်္ဂျင်နီယာဌာန ယာဉ်စစ်ဆေးခြင်းအထိ  အဆင်ပြေချောမွေ့သော်လည်း၊ ကနဦးဌာနသို့ ရောက်ရှိ၍ အမှုတွဲ စဖွင့်သည်မှ စ၍ကိစ္စရပ်တိုင်းအား ငွေညှစ်ခြင်းငွေ   တောင်းခြင်းများကို လုပ်ငန်း၏ ဆောင်ရွက်မှု အဆင့်တိုင်းတွင် ယာဉ်မှတ်ပုံတင် စာအုပ်လက်ဝယ် ရောက်ရှိသည့် ဆောင်ရွက်ပေးသည့် စားပွဲတိုင်း ငွေလမ်းခင်းနေရပါသည်။
အမှုတွဲယာဉ် စစ်မှပေးပို့သည်ကို ရှာ၍မှတ်တမ်းသွင်း ရသောဒုဉီးစီးမှုးဦးညီညီမှ တရားဝင်ယာဉ် တစီးလျှင် တသောင်းကျပ် တောင်းသည်ကိုပေးမှ ညနေတွင် အမှုတွဲငွေတွက်ရန် ရရှိပါသည်။ကညနအခွန် ငွေတွက်သူမှာလည်း အခြားသူမဟုတ်ပါ။ ထိုဉီးညီညီ၏ တအိမ်ထဲနေ ဇနီးဖြစ်သူ ဒေါ်တင်ချိုဝင်းဖြစ်ပြီး ယာဉ်တစီး ငွေတွက်ခသူမအား ငါးထောင်ကျပ်ပေးပါမှ ငွေတွက်ပေးသဖြင့် လုပ်ငန်း အဆင်ပြေစေရန် မဖြစ်မနေပေးရပါသည်။
 ငွေတွက်ပြီးလျှင်လည်း လက်မှတ်ထိုးပေးသူ အရာရှိအား ငါးထောင်ပေးရပြန်ပါသည်။   ပြီးငွေသွင်းသော ငွေခန်း၌လည်း သုံးထောင်မှ ငါးထောင်ကြားပေးမှ အဆင်ပြေရပြန်ပါသည်။ နံပတ်ယူသော အခန်းတွင်းသို့ဝင်ရန် မည်သည့် ဌာနတွင်မှမရှိသော တိုကင်ယူခြင်း အစီအစဉ် ဆောင်ရွက်ရာတွင် အခြားအရာရှိများ အလှည့်ကျ လက်မှတ်ထိုးသော စလစ်များမှာ အခန်းတွင်းဝင်ခွင့် အခက်အခဲဖြစ်စေပြီး ဒုဉီးစီးဉီး တင်မောင်လွင်မှ သူတစ်သောင်းယူ၍ ထိုးထားသောစလစ်ဖြင့်သာနံပါတ်ပေး အခန်းတွင်းသို့ ဝင်ခွင့်ပြုပါသည်။
ထိုသူ၏နောက်တွင် မည်ကဲ့သို့သောအဆင့်မှ မွေးစားထား   သည်မသိရပါ၊ သူ၏လာဘ်စားမှုများ၊ ဝန်ထမ်း မသမာ ဆောင်ရွက်မှုများကို တိုင်ကြားသည်များ ရှိသော်လည်း ငွေတောင်းကျွမ်းကျင်သူ အဖြစ် တာဝန်ချထားမြဲမှာ မဖြစ်သင့်တော့ပါ။ ဌာနနှင့် ယာဉ်ကိစ္စ ဆောင်ရွက်ရသူ ပြည်သူများအတွက် ဝန်ပိပါသည်။   ထိုကနဦး ဌာနမှဝန်ထမ်းများမှာ စကားပြောဆို ဆက်ဆံရာတွင်လည်း ဝန်ထမ်းကဲ့သို့ ပြောဆိုခြင်းမရှိဘဲ ဆဲဆိုအော်ဟစ်ခြင်းများမှာ ဝန်ထမ်းများ သိက္ခာကျပါသည်။
ထိုဌာနမှာ လင်မယားအတူ တာဝန်ပေးခြင်းမှာလည်း မည်သည့် ဌာနတွင်မှမရှိပါ။ အမှုတွဲစာအုပ်နှင့် ဝှီးတက်ကွန်ြပူတာ ရိုက်လက်မှတ်ထိုးရန် အပ်ရာတွင်လည်း ဦးတင်မောင်လွင်မှ ငါးထောင်ဟိုလိုဂရမ်ဖိုးတောင်းပါသည်။ ဌာန၏ သတ်မှတ်နှုံးထားမှာ ခြောက်ရာကျပ်သာဖြစ်ပါသဖြင့် မေးမြန်းသူအား နိုင်ငံတော်မှ အချိန်ပို လုပ်းအားခခွင့် မပြုတော့သဖြင့် တောင်းကြောင်း။ ဝန်ထမ်းရှစ်ဆယ်ကျော်အတွက် အပတ်စဉ် လုပ်အားခပေးရန် ဖြစ်ကြောင်း ပြောဆိုပါသည်။
        ယာဉ်ကနဦး မှတ်ပုံတင်ဌာနမြင်သာတွင် ထိုကဲ့သို့ စီးပွားရှာနေသော ဝန်ထမ်းများမှာ မရှိသင့်ပါ။ အမှန်တကယ် လုပ်ငန်းကျွမ်းကျင်ပြီး ပြည်သူနှင့် အဆင်ပြေစွာ နေထိုင်လုပ်ုင်နိုင်သော ဝန်ထမ်းများကို ထားပေးပါရန်နှင့် မြေဝယ်၊ တိုက်ဆောက်ကားတစီးပြီး တစီးဝယ်ရန် စီးပွားရှာနေသော ဝန်ထမ်းများကို ဖယ်ရှားပေးနိုင်ပါရန် အကြံပြုအပ်ပါသည်။ တာဝန်ရှိ သူများကလည်း စာအုပ်အမြန်ထွက် ငါးသောင်းခွဲဖြင့် ကညနဝန်ထမ်းပွဲစားများ အလုပ်လက်ခံ လက်မှတ်ထိုးခြင်းဖြင့် သာယာမနေဘဲ၊ ဝန်ထမ်းထုအတွင်း ဖြစ်ပျက်နေသည်များကို စဉ်ဆက်မပြတ် လေ့လာသင့်ကြောင်း အကြံပြုအပ်ပါသည်။
                   ကညနယာဉ်သစ် တင်သွင်းမှုအကျိုးဆောင် ကုမ္မဏီဝန်ထမ်းများ
34 comments:
  1.ွှွှွှွှအထက်ပါ အကြောင်းအရာများနှင့်ပက်သတ်ဆက်လျဉ်း၍ မှန်ကန်မှုမရှိကြောင်း တင်ပြအပ်ပါသည်။ ၄င်းအကြောင်းအရာမှာ မည်သည့်သက်သေအထောက်အထားမှမရှိကြောင်း တိကျစွာပြောဆိုနိုင်ပါသည်။ ၁။ငွေတွက်သည့် အခါတွင် ၅၀၀၀ကျပ် ပေးရသည်မှာ မမှန်ကန်ပါ။ ၂။အရာရှိလက်မှတ်ထိုးရာတွင် ၅၀၀၀ကျပ်ပေးရသည်လည်းမမှန်ကန်ပါ။ ၃။ဟိုလိုဂရမ်ကိစ္စတွင် ဦးတင်မောင်လွင်နာမည်ဖြင့် ရေးသားထားသော်လည်း ထိုနေရာတွင် ၄င်းမှာတာဝန်မယူထားကြောင်း ထိုသို့ဖော်ပြထားသည်မှာ ၄င်းအားဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ်ရေးသားထားခြင်းသာ ဖြစ်ပါသည်။ ၄။နံပါတ်ပေးသောအခါ မည်သူ့ကိုမှ ဦးစားပေးဆောင်ရွက်ခြင်းမရှိ၊ ငွေလက်ခံခြင်းဖြင့်ဆောင်ရွက်ခြင်းမရှိ၊ တုန်ကင်နံပါတ်ဖြင့်သာ အလှည့်ကျ ဆောင်ရွက်ပေးသည့်အတွက် ကျွန်တော်company များအနေဖြင့် ကျေနပ်ပါသည်။၅။ ကနဦးဌာနမှ ၀န်ထမ်းများမှာလည်း အစိုးရရုံးဖွင့်ရက်များနှင့် အပတ်စဉ်စနေနေ့ သာမက အစိုးရရုံးပိတ်ရက်များတွင်လည်း လုပ်ငန်းများဆောင်ရွက်ပေးနေခြင်းကြောင့် ကျွန်တော်တို့ company များအနေနှင့် လွန်စွာကျေးဇူးတင်မိပါသည်။
    ReplyDelete
  2. ကျွန်တော်အနေနဲ့ လက်မခံ နိုင်ပါ ဘာကြောင့်လဲ ဆိုတော့ ဒီ ကညန ၀န်ထမ်းများက နေ့မအားညမနားလုပ်နေတာ ကျွန်တော်တို့ ကား လိုင်စင်လုပ်နေတဲ့ သူကိုယ်တွေ့ပါ။ လူတကာဝင်ထွက်နေတဲ့ဒီလို လုပ်ငန်းများ နေတဲ့အချိန်မှာ ပွဲစားတွေ၊ ဈေးသည်တွေ ၊လူလိမ်ကလိန်ကကျစ်တွေကိုအော်ဟောက်ဆဲဆိုတာ ရှိတာ လက်ခံပါတယ်။ဒါပေမယ့်လည်း ဒါဟာ ၀န်ထမ်းတွေ၇ဲ့ မလိုလားအပ်တဲ့ ပြသနာကို လူမိုက်လုပ်ပြီး တားဆိးတာပါ ၊ လုပ်ငန်းနဲ့ဝန်ထမ်းအင်းအား မမျှတ တာလည်း အားလုံးအသိပါ ။ လုပ်ငန်းများ လည်းမကြန့်ကြာနိုင်အောင် အချိန်ပို ဆင်းပြီးလုပ်တာ ရုံးနားက ၇ပ်ကွက် သူ/သားတွေ မေးကြည့် ရင် အသိသာပါ၊ လာဘ်ပေးကိစ္စ က အမှန်ကန်ဆိုရင် အထောက်ထားနဲ့တင်ပြသင့်ပါတယ်၊ မစူးစမ်းဘဲ ကိုယ်ထင်ရာ ရေးပြီးတင်ရင်တော့ ကာယကံဝန်ထမ်းများနဲ့ ဋ္ဌာန တစ်ခုအနေနဲ့ပါ သိက္ခာ ကျစေပါတယ်။ ၀နထမ်းတွေ၇ဲ့ စေတနာ ကဝေဒနာ ဖြစ်မှာဆိုလို့ပါ၊
    ReplyDelete
  3. ယခုလို ထင်ရာမြင်ရာကို စွပ်စွဲနေမယ့်အစား ကိုယ်ကိုယ်တိုင် လာရောက် ဆန်းစစ်သင့် ပါသည်။
    ReplyDelete
  4. မဟုတ်နိုင်ပါဘူး။ ဒါသက်သက်သိက္ခာချတာ။လက်ဆုတ်လက်ကိုင် ပြနိုင်လား။
    မဟုတ်ကဟုတ်ကတွေ။ သတ္တိ မရှိတဲ့ အခြောက်တွေ အတင်းလိုက်ပြောနေတယ်။ ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တယ်။
    ReplyDelete
  5. ရေးထားတဲ့ သူက ရုံးရောက်ဖူးရဲ့လား။ ကျွန်တော်သိတဲ့ ဒုဦးစီးမှူး ဦးတင်မောင်လွင်က အဲဒီဌာနက မဟုတ်ဘူးနော်။ တစ်ခုခုတော့မှားနေပြီ။
    ReplyDelete
  6. ဒီမိုဝေယံဘလော့တွင်ရေးသားထားသောကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကိုတိုင်ကြားထားသောရေးသားချက်မှာမမှန်ကန်တဲ့တိုင်ကြားချက်ုဖြစ်ပါတယ်။ဦးညီညီနှင့်ဇနီးဒေါ်င်ခချိုဝင်း ဒုဦးစီးမှုးဦးတင်မောင်လွတို့အားငွေလမ်းခင်း၍လုပ်ငန်းဆောင် ရွက်နေရသည်မှာမဟုတ် မှန်ပဲတိုင် တန်းချက် ဖြစ်ပါတယ်။၎င်းကိစ္စ များကိုအ ရေးယူမည်ဆို လျှင် စုံစမ်းပြီးမှအ ရေးယူသင့်ပါတယ် ကား ၁စီးကို ၅၀၀၀ ရလျှင် ထိုဝန်းထမ်းများသည် ဌာန အလုပ်ကို တစ်ခန သာလုပ်၍ ချမ်းသာနေလောက် ပါပြီ သြို့ဖစ်ပါ၍ အရာရှိများအ နေနှင့်
    စုံစမ်းပြီး မှအ ရေးယူလိုပါသည် ရေးချင်တာရေးနေ သောထိုသူများကို
    နိုင်တော်အစိုးရအ နေနှင့် လက်ပိုက်ကြည့်မ နေသင့်တော့ပါ သမ္မတကြီးခင် ဗျာထိုသို ရေးသားချင်းဟာ နိုင် ငံ၏ဂုဏ် သိက္ခာကို ထိခိုက်စေပါသည် ထိုသို့ရေးသားချင်းကို ထိရောက်စွာအ ရေးယူစေချ င်ပါသည် သမ္မတကြီးခင် ဗျာ။အမှန်တရားအားလိုလားသောcompanyဝန်ထမ်းနှင့်အကျိုးဆောင် ဝန်ထမ်းများ
    ReplyDelete
  7. မသီရိဝင်းFebruary 24, 2013 at 11:34 PM
    အစ်မကတော့ ဆရာရဲ့ နံပါတ်ပေးပုံကို အရမ်းသဘောကျတယ်။ ရောက်တဲ့ နံပါတ်ကနေ ကျော်ပြီးအော်သွားတယ်ဆိုတာ မရှိဘူး။ ဒီလိုလူမျိုးက ၁၀၀၀၀ပေးမှ အလုပ်လုပ်တယ်ဆိုတာ မဟုတ်ပါဘူး။ အခုလိုရေးတာ company များကရေးတယ်ဆိုတာ သေချာရဲ့လား။
    ReplyDelete
  8. ဒီမိုကရေစီခေတ်မှာ အရာရာပွင့်ပွင့်လင်းလင်းပြောဆိုခွင့် ရှိတယ် ဆိုပေမယ့် အခုလို မသေချာတဲ့ သတင်းမှားကို တင်ပြခြင်းဟာ ဒီမိုကရေစီကို အကြောင်းပြပြီး လူတွေကို စော်ကားတာဘဲ။
    ReplyDelete
  9. အကျိုးဆောင်အဖွဲ့ February 25, 2013 at 12:08 AM
    ဒီမိုဝေယံဘလော့တွင်ရေးသားထားသော comments များမှာ ကာယကံရှင်ခံရသူတွေထက် ကုန်းလမ်းပို့ ဆောင်
    ရေးဦးစီးဋ္ဌာန၏ညွှန်ကြားရေးမှုးချုပ်နှင့် ကားတင်သွင်း
    သောအကျိုးဆောင်အဖွဲ့ များသိဖို့ လိုပါတယ်။ယခင်ကဆို
    ရင်ကနဦးဋ္ဌာမှာ ယာဉ်မှတ်ပုံတင်စာအုပ်နှင့်ဟော်လိုဂရမ်စာ
    အုပ်များကို နှစ်လကြာအောင်စောင့်ရပါတယ်။ယခုကျွန်တော်တို့ အကျိုးဆောင်များသတိထားမိတာကတော့ ကနဦး
    ဋ္ဌာနမှာ ယာဉ်မှတ်ပုံတင်စာအုပ်နှင့်ဟော်လိုဂရမ်များကို
    နှစ်ပတ်အတွင်း အမြန်ဆုံးဆောင်ရွက်ပေးနေတာတွေ့ ရပါသည်။
    လေးစားရပါသော သမ္မတကြီး နှင့် ကုန်းလမ်းပို့ ဆောင်ရေးဝန်ကြီးဋ္ဌာနမှညွှန်ကြားရေးမှုးချုပ် ခင်ဗျာ....ကျွန်တော်တို့ ကားတင်သွင်းသောအကျိုး
    ဆောင်အဖွဲ့ အနေဖြင့် ယခုလိုအမြန်ဆုံးကောင်းအောင်ဆောင်ရွက်ပေးနေ
    သော ဦးတင်မောင်လွင်နှင့်အရာထမ်းဝန်ထမ်းများအား
    သိက္ခာကျအောင်ပြောဆို၊ရေးသားထားသော အကျိုးဆောင်အဖွဲ့ အားအရေးယူပေးပါရန်တင်ပြအပ်ပါသည်။(ကိုယ်တိုင်ကြုံတွေ့ ရသောကားတင်သွင်းမှုအကျိုးဆောင်အဖွဲ့ ဝန်ထမ်းများ)
    ReplyDelete
  10. ဝန်ထမ်းနေရာမှာလဲ မနေနဲ့။ပြည်သူနေရာမှာလဲ မနေနဲ့။အပြင်ကနေအကုန်မြင်အောင်ကြည့်ပါ။တနဲ့တဉီးအပြန်အလှန်စာနာစိတ်ကလေးထားကြည့်ပါ။
    ကိုဖြစ်ချင်တိုင်းသာဖြစ်ရရင်ဘယ်မှာနိဗ္ဗာန်လိုတော့မလဲ။
    အဲဒီနေရာငါသာဆိုရင့်ဆိုတဲ့အတွေးလေးတွေးကြည့်
    စမ်းပါ။ခင်ဗျားဘာလုပ်မလဲ။
    ReplyDelete
  11. တကယ်ဆို
    ၉း၃၀ မှ ၄း၃၀ အထိပဲ
    အလုပ်လုပ်နိုင်အောင် ဌာနမှ စီစဉ်ပေးသင့်ပါတယ်
    အချိန်ပိုဆင်းတဲ့အတွက် လူတွေဟာ
    ခံနိုင်ရည်ထက်ပိုပင်ပန်းပြိး
    ငွေကုန်ကြေးကျလည်းများပါတယ်
    လူကြီးမင်းများလည်း
    ကိုယ်ချင်းစာပေးပါ
    ReplyDelete
  12. လူတိုင်း လူတိုင်းကတော့ ကိုယ်အမြင်နဲ့ ကိုယ်ပေါ့။ ဟုတ်တာရှိသလို မဟုတ်တာတွေလဲ ရှိပါတယ်။ ဒီဌာနကို သတင်းထောက်တွေလာပါတယ်။ ဒါပင်မဲ့ လူသိရှင်ကြား လာတယ်ဆိုတာကိုတော့ သဘောမကျမိတာအမှန်ပါ။ ရှောင်တခင် လာရောက်သတင်းလာယူရင်တော့ အဖြေတစ်မျိုး ထွက်လာမှာပါ။ဒါပင်မဲ့ အချိန်ယူ လေ့လာမှရပါမည်။ခုဒီလိုတွေဖြစ်နေရတာက ဝန်ထမ်းတွေ အလုပ်လုပ်နေတဲ့ အခန်းတွေထဲမှာ ပွဲစားတွေရှိနေလို့ပါပဲ။ ကနဦး နံပါတ်ယူတဲ့ အခန်းထဲမှာဆိုရင်လဲ နံပါတ်ပေးတဲ့ အရာရှိတွေ နားမှာ ပွဲစားတွေရှိနေပါတယ်။ တခြားပွဲစားများသွားခဲ့မိရင်တော့ အနားကိုမလာဖို့ မောင်းထုတ်ခဲ့တာတွေလဲရှိပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စတခုပါ။ အထက်လူကြီးများ စုံစမ်းချင်ရင်တော့ ပွဲစားတစ်ယောက်အသွင်နဲ့ အချိန်ယူစုံစမ်းစစ်ဆေးမှသာ ရနိုင်ပါမည်။
    ReplyDelete
  13. ကျွန်တော်တို့ အကျိုးဆောင်များအနေနဲ့ ပြောရမယ်ဆိုရင်
    တော့ဒီကိစ္စကသက်သက်ဝန်ထမ်းတွေကိုဒုက္ခရောက်အောင်လုပ်တာနဲ့ အတူတူပါပဲ။ကျွန်တော်တို့ ကားကုမ္မဏီ အနေ
    နဲ့ ပြောရမယ်ဆိုရင်တော့ ဦးတင်မောင်လွင်ကိုသက်သက်ဒုက္ခရောက်အောင်လုပ်သည်ပာုယူဆပါသည်။
    (ကားတင်သွင်းသောကုမ္မဏီများအဖွဲ့ )
    ReplyDelete
  14. Super Seven Star Co,ltdFebruary 27, 2013 at 7:30 PM
    ဒီမိုဝေယံဘလော့တွင်ရေးသားထားသောကုန်းလမ်းပို့ ဆောင်ရေးဝန်ကြီးဋ္ဌာန၏ တိုင်ကြားစာမှာ အမှန်တကယ်မပာုတ်
    ကြောင်းနှင့် အကျိုးဆောင်ပွဲ့ စားများကခြောက်တွန်းသည်ပာုယူဆရပါသည်။ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားရေးမှုး
    ချုပ်နှင့် ဒုတိယညွှန်ကြားရေးမှုးချုပ်တို့ မှပြန်လည်စီစစ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
    ReplyDelete
  15. ယခုကျွန်တော်တို့ ကားတင်သွင်းသောအများအကျိုးဆောင်
    အဖွဲ့ အနေဖြင့် တွေ့ မြင်နေရတာကတော့ ယနေ့  "လ"အက္ခ
    ရာ လဲလည်သည့် နေ့ မှစရ်ျ ပွဲစား နှင့်  ကုမ္မဏီဝန်ထမ်းများ
    တချို့ အလုအယက်သောင်းကျန်းနေတာကိုတွေ့ ရပါသည်။
    ကညန(မြင်သာရုံးချုပ်)တွင်ယနေ့  ကနဦးဋ္ဌာန နှင့် အမှုတွဲ
    ဋ္ဌာနတို့ တွင်အကျိုးဆောင်ပွဲစားများ အုန်းအုန်းကျွတ်ဖြစ်နေ
    တာကိုတွေ့ မြင်ရပါသည်။ထို့ ကြောင့် ကျွမ်းကျင်သောဝန်
    ထမ်းများနှင့်စီမံအုပ်ချုပ်နိုင်သောအရာရှိများပြန်လည်ထား
    သင့် ပါသည်ပာုအကြံပြုပါသည်။(ကားတင်သွင်းမှုအများအကျိုးဆောင်အဖွဲ့ အနေဖြင့် စီမံ
    အုပ်ချုပ်နိုင်သော ဒုဦးစီးမှုးဦးတင်မောင်လွင်အား ယင်းဋ္ဌာနချုပ်ဋ္ဌ်ပြန်လည်ထားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။)
    ReplyDelete
  16. အားလုံးစိတ်ချမ်းသာကြပါစေ
    ReplyDelete
  17. ယခုလို အဓမ္မငွေတောင်းခံနေသည်ဟု မဟုတ်မမှန် ရေးသားခြင်းဟာ ၀န်းထမ်း နှင့် ပြည်သူကြားများစွာနားလည်မှုလွဲသွားနိုင်ပါတယ်။ က.ည.န မှလည်းပိုင်ရှင်ကိုယ်တိုင်လာပါက အမြန်ဆုံးပြီးအောင် ကောင်တာသီးသန့်ဖွင့် ဆောင်ရွက်ပေးနေလျက်ရှိပါသည်။ သို့သော် ပိုင်ရှင်များမှာကိုယ်တိုင်ဆောင်ရွက်မှုနည်းပါးပြီး ကြားခံပွဲစားများအား သူတို့တောင်းခံသည့်ငွေပေးပြီးခိုင်းစေလျှက်ရှိပါသည်။ ပိုင်ရှင်များအနေနှင့် ကိုယ်တိုင်ဆောင်ရွက်လျှင်ငွေကုန်ကြေးကျနည်းပြီးလုပ်ငန်းလျင်မြန်စွာပြီးစီးသည့်အတွက် လာရောက်ဆောင်ရွက်စေချင်ပါသည်။ ထို့အပြင်ကနဦး
    ဌာနမှဝန်ထမ်းများမှာလည်း လုပ်ငန်းနှင့်ဝန်ထမ်းအင်အားမမျှတသော်လည်း လုပ်ငန်းပြီးစီးအောင် ရုံးပိတ်ရက်များပါဆောင်ရွက်ပေးနေပါတယ်။ ၀န်ထမ်းမိန်းကလေးများမှာလည်း ည(၉း၀၀)ကျော်သည်အထိ ဆောင်ရွက်ပေးရုံ သာမကပဲ အိမ်အထိယူပြီးရေးနေရပါတယ်။ လူအင်အားမမျှတသောကြောင့် ဖျားနာနေသော်လည်း
    ကိုယ့်ကြောင့်အခြားဝန်ထမ်းများပိုပင်ပန်းမှာစိုးသဖြင့်
    ဆေးထိုးဆေးသောက်ပြီးရုံးတက်နေရပါတယ်။ဒီ.အပြင်
    နံပါတ်လာယူသူများအလွန်များပြားသောကြောင့် အခန်းတွင်းသို့ဝင်ရာတွင် ထိခိုက်ဒဏ်ရာရမည်စိုးသောကြောင့် တုံကင်စနစ်ကို ကျင့်သုံးခဲ့ပါတယ်။လုပ်ငန်းရက်ချိန်းမျာအမြန်ပြီးစီးအောင်ထိုသို့ဆောင်ရွက်နေသော်လည်း ၀န်းထမ်းများအားဂုဏ်သိက္ခာကျဆင်းအောင်၊ စိတ်ပိုင်းဆိုင်ရာကျဆင်းအောင် ရေးသားထားပါသော အကျိုးဆောင်အဖွဲ့အားအရေးယူပေးပါရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တင်ပြအပ်ပါသည်။
    ReplyDelete
  18. ဝန်ထမ်းဘဝဆိုတာ ဖက်နဲ့ဆူးဘဝလိုပါဘဲ။
    ခေတ်
    ဖက်နဲ့တူတဲ့ဝန်ထမ်းမို့ ဆူးနဲ့တွေ့လိုက်တိုင်း သူ့ဘက်ကအနာတရ
    ပါဘဲ။ ဒီတော့ ဝန်ထမ်းဘဝမှာကိုယ့်ဘက်ကအရာရာအ ပြောအဆို
    အ နေအထိုင် သတိတရားန့ နေဘို့လိုပါတယ်။ပြည်သူကိုငါတို့ပြော
    တဲ့အတိုင်းငါတို့ခိုင်းတဲ့အတိုင်းလုပ် ရမယ်ဆုတဲ့ခေတ်ကကုန်ပါပြီ။
    ပြည်သူတွေခိုင်းတာကိုဥပ ဒေေ ဘာင်အတွင်းကအတတ်နိုင် ဆုံး
    ဖြည့်ဆည်းပေးရမဲ့အ ချိန်ဆိုတာသ ဘောပေါက်ခံယူထားရပါ့မယ်။
    ဥပဒေ လုပ်ထုံးလုပ်နည်းအရ လုပ်မ ပေးနိုင် ရင်တောင် ဘာ့ကြောင့်
    မရဘူးဆိုတာရှင်းပြနိုင်ရပါမယ်။ပြသာနာတစ်ခုပေါ်လာပြီဆိုရင် လူ
    ဖြစ်တဲ့ဝန်ထမ်းကိုဘဲလွှဲချတဲ့ဟိုးရှေးရှေ့ကအကျင့်တွေကိုလည်း
    ဖျောက်ဘို့လို
    ပါတယ်။why? စနစ်ကြောင့်ပြသနာတွေ မ ကျေလည်
    မှုတွေဖြစ် ရတယ်ဆိုတာကိုပြန်
    န်းစစ် ရပါမယ်။လုပ်ငန်းတွေကြာင့်
    မနို င် မ နင်း ဖြစ် ရတာ ဘာကြောင့်လဲ?
    ကညနမှတ်ပုံတင်ကြေးကိုအရင် ကရိုးရိုးလေးကောက်တာပါအခုတော့ကုန်းကျော်တံတားဆောက်ဘို့ထဲထည့်ဘို့အတွက်အ ကောက်ခွန် ရာဖြတ်တန်ဘိုးကိုဘယ်ကလာမှန်းမသိတဲ့ပါးစပ်ဖေါ်မြူလာနဲ့ပေါင်းနူတ်
    မြှောက်စားလုပ်တော့ ငွေသွင်းရက်တွေကြာလူတွေမှာတစ်ဒု က္ခ
    နောက်ကွန်ပျူတာဌာနကစာအုပ် နဲ့wheel tex ရဘို့ တစ်ဒုက္ခ
    အဲဒါလေးတွေပြန်ဆန်းစစ်ဘို့အကြံပြုလိုပါတယ်
    အဓိကနဲ့ သာမည ကိုခွဲခြားပြီး ကောင်းသောမြန်သော ဌာနဖြစ်ပါစေလို့
    အပြုသဘေဝေဖန်ပါရစေ။
ု
    ReplyDelete
  19. တပည့်များFebruary 28, 2013 at 5:10 PM
    ဆရာဟာ ၀န်ထမ်းလုပ်သက် ၂၇နှစ်ရှိပြီး ပြည်၊ ကော့ကရိတ်၊ သာယာဝတီ၊ လားရှိုး၊
    ပျဉ်းမနား၊ လွိုင်ကော် စသည့်မြို့များသို့သွားရောက်တာဝန်ထမ်းဆောင်ခဲံ့ပါတယ်။
    တာဝန်ထမ်းဆောင်ခဲ့သည့်ဒေသများတွင်လည်း စည်းကမ်းတင်းကျပ်ပြီး၊ မှန်ကန်သောဆုံးဖြတ်ချက်များကြောင့်လူအများရဲ့ ချစ်၊ကြောက်၊ရိုသေမှုကို ရရှိခဲ့ပါတယ်။ဆရာဟာ ဆိုင်ကယ်စီးသူများအန္တရာယ်ကင်းစေရန် ဟောပြောရာတွင် စိတ်ဝင်စားအောင်လည်း ဟောပြောနိုင်ပါတယ်။
    ဆရာ့ကိုကြည့်လိုက်လျှင်လည်း တစ်ယောက်တည်းဝန်ထမ်းအိမ်ယာမှာလေဒီယိုတစ်လုံးရယ်၊ ကွပ်ပျစ်တစ်ခုရယ်၊ သေတ္တာတစ်လုံးရယ်နှင့်
    အမြဲတမ်းအထီးကျန်စွာ တွေ့ရတယ်။ သူဟာမိသားစုနှင့်အတူမနေရသော်လည်း လုပ်ဖော်ကိုင်ဖက်များအပါ် သူ၏မိသားစုသဖွယ်သဘောထားပြီး အထီးကျန်မှုကို
    မေ့ထားခဲ့တယ်လို့ထင်မိပါတယ်။
    ဒါကြောင့်ဒေသခံများက ဆရာပြောင်းသွားသည့်တိုင်အောင် ဆရာကိုမေးနေကြပါတယ်။ယခုအခါ ရန်ကုန်မှာတာဝန်ထမ်းဆောင်နေပြီဟု သတင်းကြားသောကြောင့်ဆရာနှင့်ထပ်တူဝမ်းသာခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့သူ့ရဲ့ဆန္ဒက မိသားစုနှင့်အတူနေချင်နေသောကြောင့်ပဲပေါ့။
    ဒါပင်မယ့် မဟုတ်မမှန်ရေးသားမှုကြောင့် ရန်ကုန်မှာ
    ၇လသာနေရပြီး နေပြည်တော်သို့ပြောင်းရွေ့ရသော
    ဆရာ့အား အမှန်တရားအားဖြေရှင်းပေးပါရန် ညွှန်ကြားရေးမှုးအားအနူးအညွှန့်တောင်းပန်ပါသည်။
    ReplyDelete
  20. Win Myanmar Trading Co,LTDFebruary 28, 2013 at 7:43 PM
    ဒီမိုဝေယံဘလော့ တွင်ရေးသားထားသော comments မှာ
    ပါသည်။ကျွန်တော်ဖတ်ရသောနောက်ဆုံး comments တွင်
    လူအများချစ်၊ကြောက်ရိုသေရသော ဆရာမှာဦးညီညီနိုင်မ
    ဖြစ်နိုင်ဘူး၊ဆရာဦးတင်မောင်လွင် သာဖြစ်နိုင်ပါသည်။ဆရာ
    ဦးတင်မောင်လွင်အား သိက္ခာကျအောင်မဟုတ်မမှန်ရေးသားထားသောဒီဘလော့်
    အားအရေးယူပေးပါရန်တင်ပြအပ်ပါသည်။(ကားတင်သွင်းမှု
    အများအကျိုးဆောင်အဖွဲ့ )
    ReplyDelete
  21. ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးဋ္ဌာန(ကနဦး)ဋ္ဌာနတွင်
    (28.02.13)ရက်နေ့ မှစရ်ျ"လ"အက္ခရာအပ်နှံမှုများစတင်
    ဆောင်ရွက်နေပါသည်။ထိုအချိန်မှစရ်ျ ကားတင်သွင်းမှုကုမ္မဏီများနှင့် အကျိုးဆောင်ပွဲစားများ
    စည်းကမ်းပြက်ပျားနေတာကိုတွေ့ မြင်ရပါသည်။အက္ခရာနံ
    ပါတ်ပေးရာတွင်လည်း ကြားဖြတ်တန်းစီမှုများလည်းဖြစ်ပေါ်
    နေပါသည်။ကျွန်တော်ယာဉ်ပိုင်ရှင်အနေဖြင့် ယခင်လကဆို
    ရင် ဆရာဦးတင်မောင်လွင်ကစည်းကမ်းတင်းကြပ်စွာဖြင့်အ
    လည့် ကျတန်းစီခိုင်းပါသည်။ထိုသို့  စည်းကမ်းကောင်းမွန်
    အောင်ဆောင်ရွက်ပေးသော ဆရာဦးတင်မောင်လွင်အား
    ယင်းဋ္ဌာနဋ္ဌ်ပြန်လည် နေရာချထားပေးပါရန်မေတ္တာရပ်ခံ
    အပ်ပါသည်။(ယာဉ်ပိုင်ရှင်များအဖွဲ့ )
    ReplyDelete
  22. ကဲယခုရေးသားထားသော comments များကိုကြည့် ခြင်း
    အားဖြင့် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားရေးမှုးချုပ်နှင့်
    ဒုတိယညွှန်ကြားရေးမှုးချုပ်များစဉ်းစားဖို့ အချိန်ကြပြီပာုယူ
    ဆရပါသည်။ယခုလိုစည်းကမ်းကောင်းမွန်သောဝန်ထမ်းတစ်
    ဦးအား ကောလပာာလ၊မပာုတ်မမှန်သတင်းများ ထုတ်လွင့်
    သူများကိုအရေးယူပေးပါရန်တင်ပြအပ်ပါသည်။ယနေ့ 
    မြင်သာကညန(ရုံးချုပ်)တွင် နေ့ မအား၊ညမအားကြိုးစားသောဝန်ထမ်းများရှိသလို၊အကျင့်ပျက်ချစားနေသော
    အရာရှိ နှင့် ဝန်ထမ်းများလည်းရှိပါသည်။(ကားတင်သွင်းမှုအများအကျိုးဆောင်အဖွဲ့ )
    ReplyDelete
  23. ထိခိုက်နစ်နာသူကုမ္မဏီများနှင့်အေးဂျင့်များMarch 3, 2013 at 10:36 PM
့်က.ည.နရုံး ကနဦးယာဉ်မှတ်ပုံတင်ဌါန အနေဖြင့် ထင်သာ၊ မြင်သာအောင် နေ့စဉ် အများပြည်သူ ယာဉ်ပိုင်ရှင်များ၏ လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိရာတွင်လုပ်ငန်းပမာဏနှင့်လက်ရှိဝန်ထမ်း အင်အားမမျှတသော်လည်း အကောင်းဆုံး၊အမြန်ဆုံး
    ဆောင်ရွက်လျက်ရှိပါသော်လည်း မိမိဆန္ဒ မိမိဖြစ်ချင်
    သောကိစ္စရပ်များ ဖြစ်မလာသော လူနည်းစု၏ လုပ်ကြံ
    ဖန်တီးမှုကြောင့် အရည်အချင်းရှိပြီး၊ တိကျမှန်ကန်ရ်ျ
    သတ္တိရှိရှိဆောင်ရွက်ပေးနေသော ၀န်ထမ်းများ
    စိတ်ဓါတ်ထိခိုက်ခြင်း၊ ပြောင်ရွေ့ခြင်းများပြုလုပ်ခြင်း
    ကြောင့် လုပ်ငန်းများ အဆင်ပြေချောမွေ့မှုမှာ နေ့စဉ်
    အခက်အခဲများကြုံတွေ့နေရပါသည်။
    မိမိဆန္ဒ မိမိအခက်အခဲများအား ယခုလိုအင်တာနက်
    မှ မဟုတ်မမှန် ဖော်ပြမည့်အစား ရဲရဲဝံ့ဝံ့ဖြင့် အထက်လူကြီးများထံ တင်ပြတိုင်ကြားရ်ျ အကြံပြုစာ
    များဖြင့်အကြံပြုခြင်းများ ပြုလုပ်စေလိုကြောင်း ပြော
    ချင်ပါသည်။
    ယခုလိုအင်တာနက်မှ ရေးသားခြင်းမှာ အရှက်ကွဲစေရန် တမင်သက်သက်လုပ်ကြံဖန်တီးမှုဟု
    ထင်မှတ်မိပါသည်။ ယခုလိုရေးသားခြင်းကြောင့်
    သင့်မှာဘယ်လောက်အကျိုးရရှိသွားပါစေ၊တခဏတာပါ
    သင့်ကြောင့်ထိုဝန်ထမ်း၏မိသားစု၊ ပတ်ဝန်းကျင်၊ နှင့်
    လုပ်ငန်းဆောင်ရွက်နေသောပြည်သူလူထုအားလုံးရဲ့
    အကျိုးအားထိခိုက်စေပါသည်။
    (သင့်ကြောင့်သူတပါး မထိခိုက်ပါစေနှင့်)
    ReplyDelete
  24. ထို comments များကိုကြည့် ခြင်းအားဖြင့်  ထိခိုက်နှစ်နာ
    သော ၀န်ထမ်းများနှင့်ပြည်သူများရှိနေပြီဟုယူဆရပါသည်။
    ထို့ ကြောင့် ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားရေးမှုးချုပ်ရေ
    ယင်းတိုင်ကြားစာအား ပြန်စစ်ဆေးဖို့ လိုအပ်ပါသည်ဟုထင်
    မိပါသည်။
    ReplyDelete
  25. ကညန ညွန်ချုပ်ကြီနဲ့ဒုချုပ်ကြီးရှင့် ... အခု မြင်သာမှာ ဖြစ်ပျက်နေတဲ့ကိစတွေကို ပြန်လည်သုံးသပ်ရင် သကြားမင်း ဆင်းလာပြီး ကညနကိစတွေလာလုပ်ပေးလည်း အဆင်ပြေမှာမဟုတ်ပါဘူး။ အတိုင်ခံရမှာပါပဲ။ ဘာလို့လဲဆိုတော့ ဘဲအုပ်ကတစ်ရာ နှစ်ရာ မဗေဒါကတစ်ပွင့်တည်း အဲဒီအတိုင်းပါပဲ။ ၀န်ထမ်းကနည်းနည်း ယာဉ်ပိုင်ရှင်က သောင်းနဲ့ချီပြီးရှိနေတာ။ အဲဒီတော့ ၁ထောင်ကို လုပ်ပြေးပြီး ၁ယောက်ကိုမလုပ်ပေးရင် အဲဒီတစ်ယောက်က တိုင်မှာပဲ။ တိုင်တိုင်းသာ ၀န်ထမ်းတွေကို အရွှေ့အပြောင်းလုပ်နေမယ်ဆိုရင် မြင်သာမှာ အလုပ်ကပိုပြီးကြန့်ကြာမှာပဲ။ တိုင်တဲ့သူကလည်း ကိုယ်ချင်းစာကြည့်လိုက်ပါ။ ၀န်ထမ်းတွေနေရာမှာဆိုရင် ဒီလို မိုးလင်း၊ မိုးချုပ် လုပ်နိုင်ပါ့မလား။ စဉ်းစားပေးကြည့်ပါ။ဒါပေမယ့် ကျွန်မသိတာတစ်ခုကတော့ ဦးတင်မောင်လွင် ရောက်လာပြီးမှ အမှိုက်ပုံးကြီးလို ဖြစ်နေတဲ့မြင်သာရုံးကြီးဟာ သန့်ရှင်းသပ်ရပ်တဲ့ ရုံးနဲ့တူလာတာပါ။ ယာဉ်စစ်ကလည်း ယာဉ်စစ်အလျောက် ၊ ကနဦးကလည်း ကနဦးအလျောက် အားလုံးမနားမနေ ပင်ပန်းကြပါတယ်။ ငါကားစီးနိုင်ပြီ ငါ့ စိတ်တိုင်းကျမလုပ်ပေးနိုင်တိုင်း ဒီလိုပဲ အင်တာနက်ကနေ တင်နေမယ်ဆိုရင်တော့ ဒီဇာတ်လမ်းဟာ ဘယ်တော့မှဆုံးတော့မှာ မဟုတ်ပါဘူး။ ၀န်ထမ်းတွေလည်း လူပါပဲ ။ သူတို့ရဲ့ ပင်ပန်းမှုကို ကိုယ်ချင်းမစာရင်နေပါ။ ၀န်ထမ်းတွေရဲ့ ဥပဒေဘောင်ထဲက လုပ်ပေးပိုင်ခွင့်ကိုလည်း ကြည့်ပေးကြပါအုံး. ဥပဒေဘောင်နဲ့ မ၀င်လို့ မလုပ်ပေးနိုင်ဘူးဆိုရင် ဒီလိုပဲ စာတွေတင်နေတော့မှာလား။ ၀န်ထမ်းကောင်းတွေ ပြောင်းသွားပြီးတိုင်း အလုပ်ကြန့်ကြာသွားတာ ကားကုမဏီတွေပါ။ အလုပ်ကြိုးစားနေတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ကို မရိုက်ချိုးကြပါနဲ့။ ကိုယ်ချင်းစာကြပါ။ ဒုချုပ်ကြီးနဲ့ ညွှန်ချုပ်ကြီးတို့လည်း စဉ်းစားကြည့်ကြပါ။
    ReplyDelete
  26. I honestly don't think its possible.Do you want to disgrace him? That's shameful behaviour. That was a stupid thing to do.Don't do that in future. You are fortune fool. The news that he had accepted bribes brought shame on his whole family and him too. But, when he has not done some bad thing, he has a great following among the people. That which we call arose, by any other word smell as sweet. So, I think , U should apologize to him. What are you plans for tomorrow??????????????
    ReplyDelete
  27. ကျွန်တော်တို့  NGO အဖွဲ့ စည်းအနေနဲ့ ကတော့  ကညန
    (မြင်သာရုံးချုပ်)မှာ ကားကုမ္မဏီများနှင့်အကျိုးဆောင်ပွဲးစား
    များက သူတို့ ငွေပေးလို့ ရတဲ့ ဦးစီးအရာရှိဆိုရင် ဖူးဖူးမှုတ်
    ထားပြီး သူတို့ ငွေပေးလို့ မရတဲ့  ဦးစီးအရာရှိဆိုရင် တိုင်ကြားစာများတင်ရန်ပြင်ထားကြသည်။ထို့ သို့  ညစ်ညမ်း
    ထိခိုက်နစ်နာအောင် တိုင်ကြားသောစာကြောင့် ဦးစီးအရာရှိ
    များနှင့်ဝန်ထမ်းများ၊ပြည်သူများ ထိခိုက်ဆုံးရှုံးနိုင်ပါသည်။
    (ကျွန်တော်တို့  NGO အဖွဲ့ စည်းအနေဖြင့် ကညနညွှန်ကြား
    ရေးမှုးချုပ်အား အကြံပြုတင်ပြအပ်ပါသည်။)
    ReplyDelete
  28. ၀န်ထမ်းတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်တဲ့ အချိန်မှ လုပ်သက်ပင်စင် ယူသည့်အထိ နယ်မှာချည်းဘဲတာဝန်ထမ်းဆောင်နေတာ ဘယ်လိုမှမဖြစ်သင့်ပါဘူး။ မိသားစုကိုပေးနိုင်တဲ့ အချိန်ဆိုတာမရှိဘူး။လူရယ်လို့ဖြစ်လာရင် ကိုယ့်မိသားစု ဆွေမျိုးများနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်ကြတာချည်းဘဲ။ ၀န်ထမ်းတစ်ယောက်ရဲ့ မိသားစုအနေနဲ့ဝင်ပြီး ခံစားကြည်ပါ။ ကိုယ့်မိသားစု ခွဲပြီးတစ်သက်လုံးနေရမှ နိုင်ငံတော်ရဲ့ ၀န်ထမ်းလား။ကိုယ်မဖြစ်ရင်ပြီးတာဘဲဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ ဘာကိုမှမလုပ်ပေးနိုင်ဘူးဆိုရင် အခုပြောင်းရွှေ့ခံရတဲ့ ၀န်ထမ်းရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာဘဲ။နောင်ဒီလိုမျိုးကိစ္စတွေ ပေါ်လာရင်ကော ဒီလိုပြောင်းရွှေ့တာတွေပဲဆောင်ရွက် မှာလား။ဒီကိစ္စက ဒီလိုနဲ့ပြီးဆုံးသွားပြီလား။
    ReplyDelete
  29. ယခုလိုအဖြစ်အပျက်များကိုကြည့်ပြီးညွှန်ကြားရေးမှူးနှင့်
    ဒု-ညွှန်ကြားရေးမှူးတို့မှ အလျင်စလိုဆုံးဖြတ်ချက်မချရန်
    အနူးအညွှန့်တောင်းပန်ပါသည်။အလုပ်မှာ မှန်မှန်ကန်ကန်
    နှင့်မြန်ဆန်အောင်ဆောင်ရွက်ပေးနေသော ၀န်ထမ်းအား
    ယခုလို နေပြည်တော်သို့စေလွှတ်ခြင်းကြောင့် ၀န်ထမ်း
    အများစုမှာ ထိန့်လန့်မိပါသည်။ ဦးတင်မောင်လွင်က
    မခိုမကပ်ပဲအလုပ်မှာတက်တက်ကြွကြွဆောင်ရွက်နေသော
    ခေါင်းခံပြီးဖြေရှင်းရဲတဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။
    ယခုကိစ္စအားအလေးအနက်စဉ်းစားစေချင်ပါတယ်။
    ReplyDelete
  30. ယခု comments များကိုကြည့် ခြင်းအားဖြင့်  ဆုံးရှုံးထိခိုက်
    နှစ်နာသွားသော ဦးတင်မောင်လွင်နှင့် အခြားသောဝန်ထမ်း
    များဘယ်လောက်ထိဒုက္ခရောက်သွားသည်ကို ညွှန်ကြား
    ရေးမှုးချုပ်များသိကြမှာ ဖြစ်ပါတယ်။ကဲ....ညွှန်ကြားရေးမှုး
    ချုပ်ရေ မင်းဘာတွေလုပ်နေတာလဲ။မင်းလက်အောက်က
    မဖတ်ပဲနေတာလား (သို့ )ခေါင်းရှောင်နေတာလား။ဒါဆိုရင်
    တော့  ကျွန်တော်တို့ ကတိုင်ကြားစာကို သမ္မတကြီးအားတင်ပြဖို့ လိုအပ်ပြီထင်ပါတယ်။သမ္မတကြီး
    သိအောင် Web site တင်ပေးရမှာလား။နဲနဲလေးပဲ ၀န်ထမ်း
    တွေရဲ့  ဘ၀ကိုပြန်ကြည့် ပါအုံးကွာ။
    ReplyDelete
  31. မြန်မာနိုင် ငံမှာအစဉ်အလာလိုဖြစ်နေတဲ့လဒ်ပေးလဒ်ယူတဲ့အဖြစ်တွေကိုတခဏတွင်းချင်းမှာပျောက်သွားအောင်လုပိဖို့ဆိုတာမလွယ်ကူတာအမှန်ပါပဲ ဘာလို့လဲဆိုတော့အနှစ်၂၀ကျော်ခေါက် ရိုးကြိုးနေတဲ့ဟာကိုချကိချင်းဖြောင့်လို့ဘယ်လွယ်မလဲနောက်ပြီးတော့နှစ်ပေါင်းများစွာအထက်စားအောက်စားနေလာပြီးတော့အခုမှအထက်ဝပြီးအောက်ကအဆင် မ ပြေတဲ့ဝန်ထမ်းတွေကိုတော့မစားနဲ့လို့ပြောတာတရားပါတယ်အချိန်တန် ရင်နိုင် ငံရေးဟာဒီလိုပဲ ဖြစ်မယ်ဆိုတာလူတွေကနားမလည်လို့ပဲလို့ယူဆပါတယ်ဘယ်နိုင် ငံမှမျက်လှည့်ုပြသလိတော့တိုးတကိမလာပါဘူးဖြေးဖြေးချင်းကြိုးစား ရတာပါဘဲ ပြည်သူတွေကတော့အသိဥာဏ်တွေတိုးတက်ဖို့တော်တော်ကြိုးစားရမယ်လို့ထင်ပါတယ်
    ReplyDelete
  32. ယခုအခါနိုင်ငံတော်မှ ကားတင်သွင်းနိုင်အောင်
    ဆောင်ရွက်ပေးသောအခါ ကားကုမပဏီများ
ဲရန်ကုန်မှာအများကြီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။
    ထို့ကြောင့်လူအတော်များများဟာ ကိုယ်ပိုင်ကား
    ကို စိတ်ကြိုက် ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်
    လာပါတယ်။ဒီလိုတိုးတက်လာတာဟာ နိုင်ငံတော်အတွက်ဝမ်းသာဂုဏ်ယူမိပါတယ်။ကားများလွန်
    စွာများပြားလာသောကြောင့် မိဘပြည်သူများ
    နေ့စဉ်ယာဉ်ပိတ်ဆို့မှုကြောင့်အခက်အခဲများကြုံ
    တွေ့နေရပါတယ်။ဒါကိုလည်းနိုင်ငံတော်မှ
    ဂုံးကျော်တံတားများကိုဆောက်လုပ်ပေးနေပါတယ်။ထိုသို့များပြားလာသော်လည်း ကနဦးဌာနမှာဝန်ထမ်းဦးရေအနည်းငယ်သာရှိ
    ပါတယ်။ထို့ကြောင့်owner books ထွက်ရန်ရက်ချိန်း၂ပတ်ချိန်းပါတယ်။ဝန်ထမ်းများမှာလည်းထိုသို့ချိန်းနိုင်ရန်၈.၀၀မှည၉.၀၀နာရီအထိတာဝန်ထမ်းဆောင်ကြရပါတယ်။ထိုမှမပြီးသောအလုပ်များကိုလည်းအိမ်သို့ယူရ်ျ
    ရေးပေးကြပါတယ်။ဆက်ရ်ျမပြီးသောအလုပ်များကိုရုံးပိတ်ရက်များပါလာရောက်ရေးရပါတယ်။အလုပ်နှင့်လူအင်အားမမျှတသောကြောင့်အလုပ်မပြီးလျှင်တိုင်မဲ့သူကအဆင်သင့်ပါပဲ။အများပြည်သူကကားကောင်းစီးနိုင်တယ်။company ကပိုက်ဆံရတယ်။ဝန်ထမ်းတွေက
    တော့ဘယ်အချိန်ပြုတ်မလဲ၊နယ်ရွေ့ခံရမလား၊
    အတိုင်ခံရမလား။ကဲဘယ်လိုလုပ်မလဲ........
    ReplyDelete
  33. ကိုဝေယံရှင့်
    အချိန်တွေသာပြောင်းလဲသွားတယ်။ဒီကိစကဒီအတိုင်းဘဲရှိဆဲဘဲဘာမှမပြောင်းလဲပါလား
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။