ခရမ်းမြို့နယ် အတွင်းရှိ ဖုန်းလိုင်းများ အဆင်မပြေ ဖြစ်နေတာကြာပါပြီ။ မည်သူမျှ ဆောင်ရွက် မပေးကြသဖြင့်
ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့်
ပြည်သူများမှ လက်မှတ်ရေးထိုး တောင်းဆိုပွဲ ကို
21.2.2013 နေ့တွင်
ခရမ်းမြို့အတွင်းကျင်းပမည်ဖြစ်ပါသည်။
လက်မှတ်
များကို ဆက်သွယ်ရေးရုံး ၊
မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ လွှတ်တော်ကိုယ် စားလှယ်ရုံးများသို့ ပေးပို့တင်ပြ တောင်းဆိုကြပါမည်။
မှတ်ချက်။ အသနားခံခြင်းမဟုတ်ပါ၊
ကိုယ်အခွင့် အရေးကို
တောင်းဆိုခြင်းဖြစ်ပါသည်။
ခရမ်းသား...
ခေါ်မရ ပြုမရ ခရမ်းမြို့မှ ဖုန်းလိုင်းများအတွက်
ခရမ်းမြို့ ခတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ယနေ့ လက်မှတ်ရေးထိုး လှုပ်ရှားမှု...
နတ်ပြည်မှ နာမ်မရှိပဲ ရုပ်သာရှိတဲ့ ရူပဘုံသား ဗြဟ္မာ့ဦးခေါင်းများ
နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေခံရပိုင်ခွင့်တွေ Infrastructure တွေအတွက် ပြည်သူတွေကိုယ်တိုင် ဖန်တီးစရာမလို အစိုးရက ဖန်တီးပေးသည်.။ ဒီတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ အစိုးရက ဖန်တီးရှင် ပြည်သူတွေက ဖန်တီးစရာမလို လူတွေ နေတဲ့တိုင်းပြည် လူ့ပြည်ပေါ့..။
ကျွန်တော်တို့ မြန်မာပြည်မှာတော့ အခြေခံရပိုင်ခွင့်တွေ အခြေခံ ရေ၊ မီး၊ လမ်း Infrastructure တွေအတွက် ပြည်သူတွေ ကိုယ်ကိုယ်တိုင် ဖန်တီးကြရသည်..။ ပြည်သူတွေက ရေဆိုရေ။ မီးဆိုမီး၊ လမ်းဆိုလမ်း ကိုယ်ထူကိုယ်ထ လိုအပ်တာကို ကိုယ့်ဖာသာကိုယ် ဖန်တီးရတဲ့ ဖန်တီးရှင် နတ်ပြည်သားတွေပေါ့..။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ နတ်ပြည်ကလူတွေလို့ ကြံဖန်ဂုဏ်ယူလိုက်ပါမယ်..
ဒီလိုဆိုတော့ မြန်မာပြည်က အစိုးရဆိုသူတွေ ရုပ်သာရှိပြီး နာမ်မရှိတဲ့ ရုပ်ပြ၊ ဟန်ပြ အတွင်းအနှစ်သာရ ဘာမှ မရှိတဲ့ ရူပဘုံက ဗြဟ္မာတွေလို့ ကြံဖန် ဂုဏ်ယူကြလေမလား... ဒါမှမဟုတ် ရေထဲပစ်ချ မရ လေထဲလွှင့်ပစ်မရ ကျရာအရပ်မှာ လောင်မီးကျတတ်တဲ့
ဗြဟ္မာဦးခေါင်းတွေလို ဖြစ်နေလေမလားပဲ...။
တွေးမိ ရေးမိတာလေးပါ..။
ဒီမိုဝေယံ









လေ့ကျင့်မှုကို(၂၄.၂.၂၀၁၃)နေ့မှစတင်ပါသည်။
ReplyDeleteများများလေ့ကျင့်လေလေထူးချွန်မှုရှိလေလေ
ReplyDeleteကောင်းသောနံနက်ခင်းပါ
ReplyDeleteဖုန်းရှိပြီး ဖုန်းဆက်မရတာ ..
ReplyDeleteမီတာဘောက်ရှိပြီး မီးမလာတာ ..
ရေမီတာရှိပြီး ရေမလာတာ ..
ဌာနဆိုင်ရာတွေနဲ့ ဘာမှမပတ်သက်ပါ ..
ဖုန်းရှိရင် ဖုန်းဘေ လာမယ်
မီတာဘောက်ရှိရင် မီတာဘေစာရွက်လာမယ်
ရေမီတာရှိရင် ရေမီတာစာရွက်လာမယ်
ဒါတွေဖြစ်နေတာကြာပါပြီ .. အစိုးရကိုက ဒီအတိုင်းလုပ်ခိုင်းထားလားမသိပါ ...