Pages

Thursday, March 14, 2013

၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..

၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..

လက်ရှိ လက်ပံတောင်းတောင် အရေးမှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ မလုပ်ကြပါနဲ့.. ဒီခေါင်းဆောင်၊ ဒီလမ်းကို အားလုံးတားမြစ်တဲ့ ကြားထဲက ကျဉ်းတည်း၊ ကြပ်တည်းမှာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတယ် ဆိုကတည်းက ဘယ်အတွက်ကြောင့်ဆိုတာ မေးစရာ မလို ပြည်သူအတွက် ဖြစ်သည်။

တိုင်းပြည်တာဝန် ယူထားပြီး ခေါင်းဆောင်ဆိုသည့် ပုဂ္ဂိုလ်များမှ
ခေါင်းရှောင်ကြသည်...။ အစိုးရဟူသည့် ပုဂ္ဂိုလ်များသည် သိက္ခာမရှိစွာပင် ပြည်သူအပေါ်ထားသည့် မေတ္တာနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိ၊ အများပြည်သူ ထောက်ခံမှု မရှိသည့်အတွက်ကြောင့် ကိုယ်လုပ်ထားသည့် အလုပ်ကို တာဝန်မယူ ခေါင်းရှောင်ကြသည်..။ သတ်ကွင်းကို မဖြတ်ဝံ့ ဖြတ်ရန်လည်း နှလုံးရည်၊ လက်ရုံးရည်လည်းမရှိ..။

တခါတခါ လူမျိုးနဲ့ ယှဉ်ပြောရမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မည်။ ဒူးလောက်တင်မှ ရင်လောက်ကျသည်။ ရေကူးညာတင် စသည့် မြန်မာစကားပုံများရှိသည်..။ မည်သည့်အရေးတွင်မဆို ရည်မှန်းချက် အပြည့်ဆိုသည်မှာ ရှားလှသည်..။ အရှုံးထဲမှ အမြတ်ရှိနိုင်သလို၊ အမြတ်ထဲမှလည်း အရှုံးရှိနိုင်ပေသည်..။

ယနေ့ ပြောင်းလဲလာသော အခြေအနေ တရပ်ဆိုသည်မှာ မိုးပေါ်က ကျလာသည်မဟုတ်ပေ..။ ယနေ့ နိုင်ငံ့ခေါင်းဆောင်ဆိုသူ တာဝန်မယူရဲသူများ၏ စေတနာ ကောင်းလွန်းသောကြောင့်လည်း မဟုတ်ပေ..။ ဒီအခြေအနေတရပ်ကို ပေါ်ထွန်းလာဖို့ လူထုခေါင်းဆောင် မည်၍ မည်မျှ ကြိုးစားခဲ့ရသည် အနစ်နာခံ စတေးခဲ့ရသည်ကို ပြန်မြင်အောင်ကြည့်သင့်ပေသည်...။ ပြည်သူ့အကျိုးမပါပဲ ဘယ်အရာမှ မလုပ်ဟု အကြိမ်ကြိမ် ကတိပေးခဲ့ပြီးဖြစ်သည်။ ယနေ့အရေးတွင် ထွက်ပေါ်လာသော အစီရင်ခံစာအရ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သည် ယခင်ကလို ထင်တိုင်းလုပ်ခွင့် မရတော့ပေ။ ထင်သာမြင်သာ မရှိ လုပ်ချင်တိုင်း လုပ်ခွင့်မရတော့သည်မှာလည်း အမြတ်ဖြစ်သည်..။ ပတ်ဝန်းကျင်မှ ပြည်သူ့သဘောထားကို အလေးမထား၍ မရတော့သော အခြေအနေသည် အမြတ်ဖြစ်သည်။

ယနေ့ အရေးမှာ ၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူတွေ အတွက် သွေးထိုးရန် ဆရာကြိုက် အခွင့်အလမ်းမဖြစ်ဖို့ အရေးကြီးလှသည်။ သွေးဆူနေသော ဒေသခံပြည်သူများအား
လူထုခေါင်းဆောင် အပင်ပန်းခံ ရှင်းလင်းပြောပြ လုပ်ဆောင် နေသည်။
လူထုခေါင်းဆောင်အ လုံခြုံရေးအတွက် အင်မတန်မှ အရေးကြီးလှသည်.။ အများကြည်ညိုလေးစားရသော ထေရ်ကြီး ဝါကြီး သံဃာတော်များမှလည်း ဝိုင်းဝန်းဖြောင်းဖျပေးဖို့ လျှောက်ထား တောင်းပန်အပ်သလို၊ ၈၈ကျောင်းသား ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များမှလည်း ဝိုင်းဝန်းဖြေရှင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုအပ်ပါသည်။

ယနေ့လက်ပံတောင်းတောင် အရေး ကော်မရှင်ဥက္ကဋ္ဌသည်.. အာဏာရ အစိုးရအဖွဲ့မဟုတ် သမ္မတမဟုတ်..။

အစိုးရအဖွဲ့သည် ကော်မရှင် အဆင့်လောက်တောင် တာဝန်မယူရဲ၊၊ တာဝန်မခံရဲ၊ တာဝန်မသိ၊ တာဝန်မရှိသည့် အဖွဲ့ဟုသာ သုံးသပ်မိသည်။

ဒီမိုဝေယံ
လက်ပံတောင်းတောင် ကော်မရှင် အစိရင်ခံစာ..

10 comments:

  1. ဒေါ်အောင်ဆန်းစုကြည် .. လုးံဝ လက်မခံပါ .
    ပြည့်သူအကျိုးထက် ကိုယ့်ထိုင်ခုံ ကိုယ်ကြည်တဲ့သူ
    ဗိုလ်ချုပ်သွေး တ၀က်မှ မပါခဲ့သူ
    အခွင့်အရေးလိုလားမျော်ကြည့်တတ်သူ
    နစ်နာနေတဲ့ ပြည်သူတွေ
    ပျက်ဆီးနေတဲ့ပတ်ဝန်းကျင်ရေမြေတွေ
    ဆုးံရှုးံနေတဲ့ သယံဇာတတွေ ..
    ပိုက်ဆံပေးရုံ နဲ့ အဆင်ပြေမယ်ထင်နေတာလား
    ဆေးရုံတက်နေရတဲ့ သံဃာတွေကို အားနာပါအုန်း
    ပြောမှပြောရက်ပလေတယ် .. ဒေါ်အောင်ဆန်းစုကြည်ရယ်
    အားကိုရပြီမှတ်လို့  ပြည်သူတွေက မိခင်တယောင်လို
    အားကိုး ယုံကြည်ပြီး အမေစု ဆိုပြီးရောက်တဲ့အရပ်တိုင်းမှာပြည်သူတွေကခေါ်ခဲ့တာ
    တကယ်တော့ မိထွေး .. မိခင်စိတ်မရှိတဲ့ မိထွေး
    ဟန်ဆောင်မျက်နှာဖုန်း စွတ် ဘီလူးမမိထွေး


    ReplyDelete
  2. တစ်ခုခုတော့ မှားနေသလိုပါပဲ။ ဘာပဲပြောပြော ကိုယ်ဘက်က ကိုယ်တော့မှန်နေတယ်။ ပြည်သူတွေဘက်ကကြည့်ရင်လဲ မှန်ပါတယ်။ နှစ်ပေါင်းများစွားခါးစည်းခံနေရတာ မွန်းကြပ်လှပါပြီ။ အမေစုကပြောတော့သည်းခံကြဖို့ အမုန်းတရားတွေပေါ်မှာ အခြေမခံကြဖို့ အမုန်းသံသရာမရှည်ဖို့ ရည်ရွယ်လုပ်ဆောင် နေတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ပုထုဇဉ် လူသားတွေဆိုတော့ ဒီလောက်ထိ ခံနိုင်ရည်မရှိသေးဘူးပေါ့။ ပြည်သူတွေခံပြင်းတယ် ဆန္ဒပြတယ်ဆိုတာလည်း အမေစုအတွက်တွေ ခံပြင်းနာကျည်းမှုတွေက ပေါက်ဖွားလာတယ်လို့ထင်ပါတယ်။ မေစုသည်းခံနိုင်တောင် ပြည်သူတွေက သည်းမခံနိုင်ပါဘူး။ သည်းခံရပေါင်းများနေလို့ပါ။ ခွေးမြီးကောက် ကျည်ထောက်စွပ် (အာဏာရူး၊ ဥစ္စာရူး တွေကို အမေစုက တရားဟောဖို့ ပညာပေးဖို့ ကြိုးစားနေတယ်လို့ထင်ပါတယ်။ ဒီလူတွေနှိပ်စက်လို့ ပြည်သူတွေခံခဲ့ရပြီ။ အမေစုတို့ နိုင်ငံရေးသမားတွေလဲ ခံခဲ့ရပြီ။ တရုတ်ဆိုတဲ့အကောင်ကလည်း အမေစုတို့နဲ့ ပြည်သူတွေနှိပ်စက်ဖို့အတွက် ဒီအာဏာရူးတွေကို လက်နက်နဲ့ ငွေကြေးတွေထောက်ပံ့၊ တိုင်းပြည်က ခိုးစရာရှိတာ အောက်ကြေးနိုက်နေတဲ့သူတွေ၊ ဒီလူတွေကို ခံပြင်းလွန်းလို့ မမြင်ချင်လွန်းလို့ ပြည်သူက အသက်ကို ပဒါနမထားပဲ ဆန္ဒတွေပြ အလုပ်တွေအပျက်ခံ အင်အားပြနေတဲ့အချိန်ပါ။ အမေစုအားကိုးနေရတဲ့ကာလပါ။ အမေစုက သည်းခံ အမှန်တရားဆိုပြီး ပြည်သူအကျိုးအတွက် လုပ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူ့တွေရင်ဘတ်ထဲမှာလည်း ခံစားရတာ ရင်နဲ့အပြည့်ပါ။ ခွေးမြီးကောက်ကျည်တောက်စွပ် အခွင့်အရေးသမားတွေကို ပြည်သူ့ဖက်ကနေရပ်တည်ပြီး ပညာတစ်ခုခုတော့ပေးသင့်ပါတယ်လို့လည်း မြင်ပါတယ်။ ပြည်သူတွေခံစားရတာလည်း အမေစုကို အနိုင်ကျင့်လွန်းလို့ ခံပြင်းလွန်းလို့ဖြစ်ရတာပါ။ ပြည်သူကို မငေါက်ပါနဲ့။ အမေစုရဲ့ဖြူစင်မှုကို ချစ်ပြီးသားပါ။ သူတို့သွေးခွဲလည်း အမေစုကို အမြဲချစ်ပြီးသား။ လူတိုင်းကိုတော့ ကိုယ်လိုမတွက်ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ အာဇာနည် တွေ ကျဆုံးခဲ့ရတာလည်း ရိုးလွန်း အလွန်းလို့ဖြစ်ခဲ့ရတာပါ။ ပြည်သူတွေ ဘယ်လောက်နစ်နာလည်း။ တိုင်းပြည်ဟာ ခေါင်းမဖော်နိုင်အောင် ကမ္ဘာ့အလယ်မှာ ဖြစ်ခဲ့ရတယ်။ ဒီလိုဆုံးရှုံးမှုမျိုးကို ထပ်မခံစားပါရစေနဲ့။ ရိုးတာကောင်းပေမယ့် အ တာကမကောင်းပါဘူး။ ဘုရားဟောထဲကလို့ လူတိုင်း တရားဟောလို့ အချိန်တိုင်း မရနိုင်ပါဘူး။ ကျွတ်ချိန်တန်မှ ကျွတ်မှာပါ။ သူနဲ့သင့်လျော်တဲ့တရားဟောမှရမှာပါ။ ဦးပိုင်က မြန်မာ့ ငပွ ကြီးလုပ်နေပြီး၊ တရုတ်ဆို့တဲ့ ကောင်က ကမ္ဘာ့ ငပွ ကြီးလုပ်နေတဲ့ ကောင်တွေ။ သူတို့နဲ့သင့်လျော်တဲ့ တရားပေးနိုင်မှ တော်ပါမယ်။ သူတို့အပေါ်နဲ့ ဗိုလ်ချုပ် ငမိုက်သားတွေကို အမေစု ဘယ်လို အရေးယူပြမလဲ။ အဲဒီအခါကျတော့ သည်းခံခိုင်းရင်းလည်း အမေစုဘက်က မတရားသလိုဖြစ်နေမှာပေါ့။ သူတို့ကို အရေးယူပြတာလည်း ကျွန်တော်တို့လိုချင်ပါတယ်။ မြန်မာပြည်အနံ့ တရုတ်ငမိုက်သားတွေလွတ်နေတယ်။ ဗိုလ်ချုပ်ငမိုက်သားတွေလွတ်နေတယ်။ ဘယ်လိုအရေးယူပြမလဲ။ ကျွန်တော်တို့စောင့်ကြည့်နေမယ်။ သည်းခံမခိုင်းပါနဲ့။ ခွေးရူးနဲ့ ခွေးကောင်းကိုက်ရင် ခွေးကောင်းတွေပဲနစ်နာမှာပါ။ ခွေးကောင်းတွေအတွက် ခွေးရူးကိုတော့ရိုက်ပစ်ရတာပါပဲ....

    ReplyDelete
  3. Bravo Anonymous.This time Amay Suu must learn a very expensive lesson. We all love Amau Suu.Please change your soft attitude towards the enemy of the people.At the moment, you act like a Saint on your opposition forces and act like an Ogre on the people.

    ReplyDelete
  4. ပညာအခြေခံတွေနည်းတော့အမှန်ကိုအမှားထင်
    အမှန်မှန်းသိရက်နှင့်တိုင်းပြည်ဖြစ်နေတဲ့မြေခွေး
    တွေလဲအများကြီး သံသယာတပတ်လည်လာ
    မည်မကြောက်ကြဘူးလား မှားမှန်းသိနေပြီဘဲ့
    ရပ်လိုက်မှီပါသေးတယ်

    ReplyDelete
  5. တစ်ဖက်မှာ - အားကိုးတကြီး စောင့်မျှော်နေတဲ့
    ပြည်သူတွေရဲ့ အကြည်ညိုပျက်သွားနိုင်တဲ့အခြေအနေ။
    တစ်ဖက်မှာ - မှားရင်ဝိုင်းတွယ်ကြမယ့် ပုဆိန်ရိုးတွေ။
    တစ်ဖက်မှာလည်း အနာဂတ်နိုင်ငံတော်ရဲ့ image။
    သေချာပါတယ် ... အမေ စိတ်ပင်ပန်းနေခဲ့မှာပါ။
    ဒါပေမဲ့ .. အမေ ဒါတွေကို ကြိုမြင်ခဲ့မယ်လို့ ကျွန်တော် ယုံကြည်တယ်။
    အမေ့မှာ ရှင်းလင်းပြတ်သားပြီးသား ရည်မှန်းချက် ရှိနေမယ်ဆိုတာလည်း ယုံတယ်။
    go ahead လို့ပဲ အားပေးပါရစေ... အမေ။
    အမေ.... အားလုံးကို ကျော်ဖြတ်နိုင်ပါစေ။
    ချစ်တဲ့သား
    လီယို

    ReplyDelete
  6. အမေဒီလိုတွေဖြစ်လာမယ်ဆိုတာအမေသိပြီးသားလိုံထင်ပါတယ်။
    အမေမ၀င်ရင်ကြေးနီစိမံချက် မပျက်ျတဲ့အပြင်ပြည်ပါပျက်သွားမှာစိုးလို့အမေ ၀င်ပါတာကို အသိဥာဏ်နည်းသူတွေရဲ့ ရိုင်းပြတဲ့အပြုအမူနဲ့စကားတွေကြောင့် ယိုသူမရှက်မြင်သူရှက်မိပါတယ်။
    ဒီဖြစ်စဉ် နဲ့ အစီရင်ခံစာကိုသေသေချာချာလေ့လာရင် ဆရာကြီးလို့ကိုယ်ကိုကိုယ်ထင်နေသူများပညာ အများကြီးရကြမှာပါ။
    သီတဂူဆရာတော်ဘုရားကြီး သြ၀ါဒအတိုင်း လိုက်နာကြပါ။

    ReplyDelete
  7. အမေဒီလိုတွေဖြစ်လာမယ်ဆိုတာအမေသိပြီးသားလိုံထင်ပါတယ်။
    အမေမ၀င်ရင်ကြေးနီစိမံချက် မပျက်တဲ့အပြင်ပြည်ပါပျက်သွားမှာစိုးလို့အမေ ၀င်ပါတာကို အသိဥာဏ်နည်းသူတွေရဲ့ ရိုင်းပြတဲ့အပြုအမူနဲ့စကားတွေကြောင့် ယိုသူမရှက်မြင်သူရှက်မိပါတယ်။
    ဒီဖြစ်စဉ် နဲ့ အစီရင်ခံစာကိုသေသေချာချာလေ့လာရင် ဆရာကြီးလို့ကိုယ်ကိုကိုယ်ထင်နေသူများပညာ အများကြီးရကြမှာပါ။
    သီတဂူဆရာတော်ဘုရားကြီး သြ၀ါဒအတိုင်း လိုက်နာကြပါ။

    ReplyDelete
  8. တိုင်းပြည်က ဒီထက်ပျက်စရာဘာမှမရှိတော့ပါဘူး
    အပျက်ဆုးံကိုရောက်နေပါပြီ
    သန်းခေါင်ထက်ညဥ့်မနက်တော့ပါဘူး

    ReplyDelete
  9. အသိဉာဏ်ရှိသူဆိုရင်အမေစုရဲ့အစီရင်ခံစာကိုလေ့လာကြ
    ည့်ရင်အားလုံးနားလည်သွားပါလိမ့်မယ်။ဖတ်ပါ လေ့လာပါ

    ReplyDelete
  10. I always honours Mother Su

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။