Pages

Friday, March 15, 2013

ကျန်စစ်သားကို ကျန်စစ်သားလိုမြင် ငရမာန်ကန်းကို ငရမာန်ကန်းလိုမြင် ကျွန်တော်တို့ ပြည်သူတွေ စောလူးမင်း အဖြစ်မခံကြပါနဲ့..

ကျန်စစ်သားကို ကျန်စစ်သားလိုမြင် ငရမာန်ကန်းကို ငရမာန်ကန်းလိုမြင် ကျွန်တော်တို့ ပြည်သူတွေ စောလူးမင်း အဖြစ်မခံကြပါနဲ့..

ဒီပုံကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်..။
စောလူမင်းကို သွားကယ်တဲ့ ကျန်စစ်သား အဖြစ်နဲ့များ တူနေမလား၊ ကျန်စစ်သားလိုတော့ ငရမာန်ကန်း လက်ထဲမှာ ခွေးသေ ဝက်သေသေပေ ရော့လို့.. ပြောထွက်နိုင်မှာ မဟုတ်တဲ့ လူထုခေါင်းဆောင်ရဲ့ မြင်ကွင်းပါ..။ ပြည်သူတွေ အပေါ်မှာ နောက်ဆုံးထွက်သက်အထိ ပြည်သူ့အကျိုး ထမ်းရွက်သွားမယ် ဆိုတာ ယုံမှား သံသယဖြစ်ဖွယ်မရှိပါ။

တခုလောက် မေးချင်ပါတယ်..။ အွန်လိုင်းမှာ လက်ပံတောင်းတောင် အစီရင်ခံစာ တရားမျှတမှု မရှိ လုံးဝရပ်ဆိုင်းသင့်တယ်လို့ လော်ဘီလုပ် အော်နေကြတဲ့ သူများ..။ ကျွန်တော်တို့ ဒီမိုကရေစီ ပန်းတိုင်ရောက်နေပြီလား.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေ အစိုးရအာဏာရရှိနေပြီလား..။ ယခင်ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဘုံရန်သူဟာ ဒေါ်အောင်ဆန်းစုကြည်လား...။

ဒီမိုကရေစီအင်အားစုတွေ အစိုးရအာဏာရပြီးလို့ ရည်မှန်းချက် ပန်းတိုင်ရောက်ပြီဆိုရင် ကိုယ့်အချင်းချင်း ကြိုက်သလောက်အော်ကြ..။ တောင်းဆိုကြပါ..။
နွားကွဲ ကျားကိုက်၊ ပန်းတိုင်မရောက်ခင်.. ဟိုဘက်က နည်းနည်းလေးဟပေးလိုက်တဲ့ အခြေအနေကို အဟုတ်အမှတ် ဂျပန်ခေတ်က အတုအယောင် လွတ်လပ်ရေးလို ဟိုမရောက် ဒီမရောက်တဲ့ အခင်းအကျင်းတွေမှာ ကိုယ့်ကိုယ်ကို အဟုတ်မှတ် ဇာတ်တူသား စားနေကြရမယ့် အခြေအနေမဟုတ်ပါ..။

၂၀၀၈ခုနှစ် အခြေခံဥပဒေ လုပ်ဇာတ် လိုက်ကာနောက်က တဘက်က ဖားတပိုင်း၊ ငါးတပိုင်း ဖားမဟုတ် ငါးမဟုတ် နည်းနည်းလေးဟလာတဲ အနေအထားမှာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ရယူရမှာ၊ ထုတ်ဖော်ပြောဆိုရမှာ ဆန္ဒဖော်ထုတ် တောင်းဆို ပြသရမှာ တာဝန်မယူရဲတဲ့ တာဝန်ရှိသူတွေကိုပါ..။ တာဝန်ရှိသူနဲ့ တာဝန်ယူသူ ကွဲကွဲပြားပြားနားလည်ကြပါ..။ ဒီစီမံကိန်း ဒေါ်အောင်ဆန်းစုကြည် စာချုပ်ချုပ်ခဲ့တာမဟုတ်...။ အမြတ်အစွန်းတွေ ရရှိနေတာမဟုတ်၊ ပြည်သူတွေအတွက် မိုင်းကွင်းကို ဖြတ်လျှောက်ပြီး စတေးခံ စွမ်းဆောင် ပေးနေတာပါ..။
ဟသာင်္ကိုးသောင်း ပျက်မယ့်ဇာတ်မခင်းကြပါနဲ့..

၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင် ကမ္ဘာကလည်း မကြည့် သမာသတ်ကျတဲ့ ရွေးကောက်ပွဲဆိုတာ ဝေလားဝေး နောက်ထပ် မျိုးဆက် တဆက် ထိုင်စောင့်ပေရော့..။ ဒီခေါင်းဆောင်ကို မယုံရင် ဘယ်ခေါင်းဆောင်ကို ယုံမလဲ..။ ဘယ်ခေါင်းဆောင်ကို ရွေးချယ်မလဲ...။ အခွင့်အရေးဆိုတာ အကြိမ်ကြိမ် မရ တကြိမ်သာရတယ်..။ ဒီလိုခေါင်းဆောင်မျိုး လက်ဝယ်ရရှိထားတာကို ပတ္တမြားကို ပတ္တမြားမှန်မသိ လမ်းခင်းကျောက်လို့ မှတ်ယူပြီး ကိုယ့်ကိုယ့်ကိုယ် ဟုတ်လှပြီ ထင်နေရင်တော့ ကျွန်တော်တို့တွေ ငရမာန်ကန်း လက်ထဲရောက်တဲ့ စောလူးမင်းလို
မျိုးကန်းပြီသာ မှတ်ပေတော့...။

ကျန်စစ်သားကို ကျန်စစ်သားလိုမြင်ကြပါ.. ငရမာန်ကန်းကို ငရမာန်ကန်းလိုမြင်ကြပါ..။ ကျွန်တော်တို့ ပြည်သူတွေ စောလူးမင်း အဖြစ်မခံကြပါနဲ့..

ရင်နှင့် မမျှစွာ ခံစားချက်နှင့် ရေးမိသည်..
ဒီမိုဝေယံ

16 comments:

  1. လုးံဝယုံကြည်စရာမရှိပါ
    ပြည်သူတွေအတွက် အဓိကဆိုရင် ပြည်သူတွေရဲ့ လိုလာချက်ကိုကြည့်ပါ .. သံဃာတွေမီးလောင်ပြီး
    ဆေးရုံတက်နေရတာတောင်မပျောက်သေးပါဘူး
    အစိုးရက လုပ်ချင်တာလုပ်တာကြတော့ အတိတ်ကဟာ အတိတ်မှာထားခဲ့ဘို့ တရားပြတယ် ..ပြည်သူတွေကျတော့ ဥပဒေနဲ့ အညီနေဘို့ ပြောတယ်
    ပြည်သူတွေကို ဥပဒေနဲ့ အညီနေခိုင်းရင် အစိုးရလဲ
    ငါလုပ်ချင်တာလုပ်မယ်ဆိုပြီး လုပ်လို့ မရပါဘူး

    ReplyDelete
  2. မြန်မာပြည်သားMarch 15, 2013 at 8:38 AM

    ဒို့ကတော့ အမေစုကို ယုံတယ်၊
    အခြေအနေနဲ့အချိန်အခါကိုနားလည်သင့်တင်၊
    ဒီမိုကရေစီအင်အားစုအချင်းချင်းပြန်လည်တိုက်ခိုက်ရမဲ့
    အဖြစ်မျိုးမဖြစ်စေချင်ပါ၊
    အိမ်ကြက်ချင်း အိုးမဲသုတ်ပေးချင်တဲ့သူ အများအပြား
    ရှိနေသည်ကိုသတိရှိကြပါ၊

    ReplyDelete
  3. Thagyarmin from heavenMarch 15, 2013 at 10:49 AM

    We believe in Daw Suu. However this time she slipped into the military trap.From the very beginning we know this is a trap.Now she has dug her own grave. Actually the grave should be meant for the military people. U Paing is military and the profit of the mine project will go to U Paing and not the people. Therefore let U Paing suffer. Daw Suu should just sit and watch the funeral of the military. While Daw Suu is facing a big trouble, U Thein Sein is having a good time in New Zealand and Australia. She should eat shit and die in disgrace for her blunder.I agree with Anonymous fully.What I would like to suggest is in the future avoid things that might have negative outcome for Daw Suu and the people.She can do what she likes after the Election but not now.

    ReplyDelete
  4. Daw Suu,
    Don't think you are the only savior of the people. Don't be too proud and confident. Your advisers are all bullshit and will always agree with you and have no gut to argue with you. The people in Letpandaung are not educated but they possess FREEDOM FROM FEAR.They are the people whom you should give great respect.

    ReplyDelete
  5. အဓိကရုန်းနှိမ်နင်းတာ ဒဏ်ရာရကြတာက တပိုင်းပါ အစီရင်ခံစာက သဘာဝကျပါတယ် စီမံကိန်းသဘောကို ပြောတာပါ ဦးပိုင်နဲ့ ဟိုလူကြီးတွေ လာဘ်ယူစားခဲ့တာက တပိုင်းတော့ ရှိပါလိမ့်မယ် ဒါကိုတော့ အစီရင်ခံစာမှာ ဖေါ်ပြလို့မရဘူးလေ ပြောချင်ရင် ဒဏ်ရာရတဲ့ကိစ္စကိုဖြေရှင်းပေး ဖို့ပဲပြောရမယ် မီးလောင်ဗုံးတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီလောက်ထိ ဖြစ်ပျက်ခဲ့တာကိုတော့ ရှင်းပြသင့်တယ် အမိန့်ပေးသူကို မေးလို့ပြောလို့တော့ ဘယ်နိုင်ငံမှာမှ ရရိုးထုံးစံမရှိ ရွာသားတွေ နစ်နာမုမရှိအောင် ဘာသာရေးအဆောက်အအုံတွေ ထိန်းရအောင်သာ ညှိနို်င်းဆောင်ရွက်ရမှာပါ

    ReplyDelete
  6. အမေ!
    အားတင်းထားပါ။
    ပြည်သူတွေကိုလည်း နားလည်ပေးပါ။

    သား
    လီယို

    ReplyDelete
  7. လက်ပံတောင်းတောင် အစီရင်ခံစာက တော်တော်သင့်တော်ပါတယ်။ ဦးပိုင်ဘက်ကတစ်ကယ်လိုက်လုပ်ပေးမယ်ဆိုရင်ပေါ့။ လိုက်လုပ်မပေးရင် ဘယါလိုအရေးယူမှာလဲဆိုတာတော့ ရှင်းပြပေးဖို့တော့ လိုပါတယ်

    ReplyDelete
  8. ကျွန်တော်ကတော့လားဝယ်လူ့အခွင့်အရေးစောင့်ကြည့်မှုကွန်ယက်ကကိုသန်းဝင်းပါ။အမေ့ရဲ့အစီရင်ခံစာဟာအရှိကိုအရှိတိုင်းဖော်ပြခဲ့တာပါ။ဒီအစီ၇င်ခံစာကိုအသေအခြာလေ့လာကြည့်ရင်အမေ့ရဲ့ရဲရင့်တဲ့သတ်တိနဲ့မယိမ်းယိုင်တတ်တဲ့စိတ်ဓါတ်တွေကိုလေးစားစွာတွေ့ရပါလိမ့်မယ်။အမေတို့ရဲ့အစီရင်ခံစာအောက်မှာခရိုနီတွေပြားပြားဝတ်စည်းကမ်းလိုက်နာလာပါလိမ့်မယ်။နင်ငံတကာကစည်းကမ်းရှိတဲ့companyတွေဝင်လာဖို့ပိုမိုလမ်းပွင့်သွားပါထိမ့်မယ်။ဒါဆိုရင်စည်းကမ်းလိုက်နာမှုမရှိတဲ့ဘယ်နိုင်ငံကcompanyတွေဘဲဖြင့်ဖြင့်အောင်ဖျာလိမ့်ပြန်သွားပါလိမ့်မယ်။

    ReplyDelete
  9. ကျွန်တော်ကတော့လားဝယ်လူ့အခွင့်အရေးစောင့်ကြည့်မှုကွန်ယက်ကကိုသန်းဝင်းပါ။အမေ့ရဲ့အစီရင်ခံစာဟာအရှိကိုအရှိတိုင်းဖော်ပြခဲ့တာပါ။ဒီအစီ၇င်ခံစာကိုအသေအခြာလေ့လာကြည့်ရင်အမေ့ရဲ့ရဲရင့်တဲ့သတ်တိနဲ့မယိမ်းယိုင်တတ်တဲ့စိတ်ဓါတ်တွေကိုလေးစားစွာတွေ့ရပါလိမ့်မယ်။အမေတို့ရဲ့အစီရင်ခံစာအောက်မှာခရိုနီတွေပြားပြားဝတ်စည်းကမ်းလိုက်နာလာပါလိမ့်မယ်။နင်ငံတကာကစည်းကမ်းရှိတဲ့companyတွေဝင်လာဖို့ပိုမိုလမ်းပွင့်သွားပါထိမ့်မယ်။ဒါဆိုရင်စည်းကမ်းလိုက်နာမှုမရှိတဲ့ဘယ်နိုင်ငံကcompanyတွေဘဲဖြင့်ဖြင့်အောင်ဖျာလိမ့်ပြန်သွားပါလိမ့်မယ်။

    ReplyDelete
  10. နိုင်ငံရေးလှည့်ကွက်တခုအနေနဲ့အမေကိုသတ်ကွင်းထဲပို့ ခဲ့တာတောင် အမေသိရက်နဲ့ ပြည်သူတွေကောင်းစားဘို့အမေအနှစ်နာခံအသုံးချခံနေတာ ကျွန်တော်တို့သိပါတယ်အမေ

    ReplyDelete
  11. ကိုဒီမိုရဲ့ (ရင်နဲ့ရေးတဲ့) စာကိုဖတ်ပြီး တခုခုရေးလိုပေမယ့် အဖြစ်မရှိတာမို့ ကိုဒီမိုတင်ပေးဘူးတဲ့ တနှစ်ကျော်က ကဗျာလေးကိုဘဲ ပြန်မျှဝေလိုက်ပါတယ်။ အခြေအနေ အချိန်အခါ အလျောက် ရသ တမျိုးနဲ့ ဖတ်ရှု တိုင်းတာ ဆင်ခြင်နိုင်ကြ မလားလို့ပါ။ ကြော်ငြာဝင်တယ် မြင်ပြီး ဆဲလိုက ဆဲကြပါစေတော့။
    “၁၂၆ - ပါတော်မူအတွေး”
    (တေးထပ်)
    ထောင့်နှစ်ရာလေးခွန်နှစ်
    ဝေးလွန်ရစ်ကြာပြီ။
    ကျွန်ဖြစ်ခဲ့ဗမာ(မြန်မာ)ပြည်
    စာမရီအတောင်ကျိုး။
    အမိပစ် ဖ ရှောင်သကို
    ဘဝမှောင်ပိန်းပိတ်လို့သာညှိုး။
    အယူသဲအလွဲမြင်
    ပွဲမဝင်ညဉ်ဆိုး။
    အထဲချဉ်အပြင်သိုးတွေနဲ့
    အစဉ်တိုးနုပ်ခြာ။
    ယုတ္ထမာအုပ်ကာမလပ်သော်ကြောင့်
    ချုပ်ခြာငတ်ထုပ္ပတ်ဇမ္ဗူမြေမှာ။
    မဟုတ်ဟတ်အမူပွေကာ
    ဒီလူတွေမညီညွတ်နိုင်ဘု
    ပြည်တမွတ်ဘုန်းရောင်စင်္ကြာ
    ထုံးဆောင်ခက်စွာ။
    ကုန်းဘောင်ဆက်ဂီရိမှာကွယ်
    ဒီထိပါမိုက်ရစ်တဲ့အမျိုး။

    အောက်ခြေ မှတ်စု၊
    ကုန်းဘောင် - မြန်မာနောက်ဆုံးမင်းဆက်။ မြန်မာနှစ် ၁၂၄၇ ခုနှစ် တန်ဆာင်မုံးလ္ဆုပ် ဂ ရက်၊ ခရာဇ်နှစ် ၁၈၈၅ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက် နေ့ နောက်ဆုံးဘုရင် သီပေါမင်း အား နန်းချကာ ဖမ်းဆီးခေါ်ဆောင် ခံရခြင်းဖြင့် မင်းဆက်သုဉ်းသည်။
    ဂီရိ - ရတနာဂီရိ၊ အိန္ဒိယနိုင်ငံ။ သီပေါဘုရင် နှင့် မိသားစုတို့အား နယ်ချဲ့တို့မှဖမ်းဆီး ပို့ဆောင်ပြီး အကျဉ်းချထားခဲ့ရာ ဒေသ။ သီပေါမင်း ကံတော်ကုန်ရာအရပ်။ မျိုးဆက်များ ယ္ခုတိုင်ရှိသေးကြောင်း ယုံကြည်ရသည်။

    ReplyDelete
  12. What the Hell is going on? I hope she had decided in good faith.And yet Letpadaung's report has some flaws and mistake especially the comments for weapon used.You all can check white phosphorous containing bombs are INCENDIARY Bombs/weapons,grenades.The word which means weapon that cause FIRE & it is made for BURNING(its main purpose) in every English & Burmese Dictionary.WP can cause spontaneous ignition(FIRE) with very high temperature when WP expose to AIR.It react with oxygen in air & form Phosphorous pentoxide(White Smoke)which is only after fire.It is also called Smoke bombs but it includes under FIRE Bombs like Napalm Bomb which can not be denied.

    ReplyDelete
  13. Dr. Ziwaka(Kambawza)March 18, 2013 at 4:21 AM

    White phosphorous bombs can also be called military use special TEAR Bombs as it can irritates EYES and cause Tear formation.Anyone can try themselves whether it is FIRE Bombs or SMOKE bombs.Only after you got severe BURN Injuries like all burn victim monks,you will agree & accept FIRE Bombs.Burn injuries are not only due to HOT liquified plastics as Daw Su believe but also due to Naked flame burns & Acid /Chemical burns(very strong Phosphoric Acid which is formed after White Smoke react with Water.Police they sprayed WATER before WP FIRE bombs attack was purposely done. POLICE they confessed they had used it before in 2007 Shwe war yaung crack down.So they have experiences about it.So called Riot polices are actually disguised soldiers.So they did it with intentions and I wondered why Daw Su can not see & tell the TRUTH.Her personal Doctor Tin Myo Win is very clever SURGEON & he know about WP and all burn injuries very well.

    ReplyDelete
  14. Dr. Ziwaka(Kambawza)March 18, 2013 at 4:36 AM

    It is absolutely unfair without giving any suggestions & advice not to use it again to PUBLIC as it is banned by UN not to use upon Civilians because she gave only suggesion & advice to continue the mining plan in favor of Military & its cronies and Chinese Company.What is JUSTICE, Rule of Law?Will Daw Su be happy if her native town NATMAUK is totally burnt down or destroyed like this to be plane ground and if her relatives suffer same events & Injuries?

    ReplyDelete
  15. ရှေ့ကနေလည်းမသွားဖြောင့်ဖြောင့်မသွားတတ် နောက်ကလိုက်ဆိုတော့လည်း ကန့်လန့်လိုက်တဲ့ကောင်တွေကြောင့် ရှေ့မရောက်တာပါ အဆိုးဆုံးကတော့ ၈၈ ဆိုတဲ့ကောင်တွေပါပဲ

    ReplyDelete
  16. ဆ ရာ လို လို င နာ လို လို လီး လို လို မှို လို လို ကောင်
    ဝင် စစ် ကြည့် လိုက် ပါ လား ကွန် ပျူ တာ ထဲ မှာ ရော ဘီ ဒို ထဲ က ဖိုင် တွေ မှာ ရော စာ ရွက် စာ တမ်း သက် သေ တွေ တစ် ပုံ ကြီး
    အ ခွန် ထမ်း တွေ ခေါ် စစ် လိုက် ကြည့်  ပါ လား လူ သက် သေ တွေ ရိုက် သက် လို့  မ ကုန် ဘူး
    မင်း က ဘာ သက် သေ လို ချင် လို့  လဲ
    မ ဟုတ် မှ လွဲ ရော မြို့  နယ် ရုံး ကြီး ၂ ရုံး ရယ် တိုင်း ရုံး ရယ် ဦး စီး ရုံး ရယ် မီး ရှို မ လို့  ကြံ နေ တဲ့  ကောင် လား မ သိ ဘူး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။