Pages

Thursday, March 28, 2013

ကျွန်တော်တို့ကလူတွေပါဗျာ ..

 
ကျွန်တော်တို့ကလူတွေပါဗျာ ..

တိရိစ္ဆာန်တွေတောင် ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ဘဲဖြစ်ဖြစ်၊ သမိုင်းရဲ့နာကျည်းမှုတွေ ဘယ်လောက်ဘဲကြီးကြီး၊ အာဃာတတွေဘယ်လောက်ထားထား၊ အမုန်းတရားတွေ ဘယ်လောက်ဘဲရှိရှိ၊ ဗြဟ္မစိုရ်တရားရှိမှ
 မြင်တွေ့ရတဲ့မြင်ကွင်းလေးတွေကငြိမ်းချမ်းမှုကိုရစေတယ်လေ။ သူတို့ကတိရစ္ဆာန်တွေပါ။ အခု… ကျွန်တော်တို့ကလူတွေပါဗျာ။ 
ဒါကြောင့် . . . လူဆိုတာ ဗြဟ္မစိုရ် တရားလေးပါးလက်ကိုင်ထားမှ ငြိမ်းချမ်းရေးကိုရမယ်။
 ငြိမ်းချမ်းရေးကိုရမှ တိုင်းပြည်အေးချမ်းမယ်။ တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။ မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။ ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
 မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။

 ကျွန်တော်တို့ကလူတွေပါဗျာ . . . . ။ ။
 (ကျော်သူ)

1 comment:

  1. ဒီလို အင်တာနက်မှာ ရေးနေယုံနဲ့ အကြမ်းဖက်သူတွေ မသိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီသူတွေက ပညာနိမ့် အလုပ်မရှိ ငွေမရှိတဲ့ လူငနုံ အောက်တန်းစား အောက်ချေလူတန်းစားတွေ ဖြစ်လို့ပါဘဲ။
    လှိုင်သာယာလို ဆင်းရဲသားရပ်ကွက်တစ်ခုထဲ ဦးကျော်သူ သွားလည်ပတ်ကြည့်စေချင်ပါတယ်။
    မြန်မာပြည်မှာ စစ်တပ်အုပ်ချုပ်စဉ် လူတွေဟာ ငွေရဖို့ အသည်းအသန် ဖြစ်လာတယ်။ ကုန်ဈေးနှုန်း ကြီးသထက်ကြီးလာတယ်။ ဘွဲ့ရပေမယ့် အသိသညာ မရခဲ့။
    ပညာမတတ်တစ်ခေါက်က အလုပ်ကောင်းမရ စိတ်ဓါတ်ကျ။ အောက်ကျနောက်ကျစိတ်ဝင်။ အကြမ်းဖက်ချင်။
    ပညာ မရခဲ့သူက အရက်သမား ဆိုက်ကားသမားဖြစ်။ ကူလီထမ်း။ ကယ်ရီဆွဲ။ ကြမ်းရမ်းဖို့ လူစုရင် လွယ်လွယ်လေး။
    အင်တာနက်က သွားတရားမချလေနဲ့။
    ဘေးထိုင်ပြောလည်း အပိုဘဲ။
    အလုပ်ရအောင်။ လူနေမှု မြင့်အောင် တတ်နိုင်သမျှ အစိုးရက ဂိုက်လိုင်းချပေးရမယ်။
    တွေးကြည့်ရင် ရှင်းရှင်းလေးပါ။
    သိချင်ရင် ဆင်းရဲသားရပ်ကွက်လမ်းလျှောက်သွားကြည့်ပါ။
    ကားပေါ်ကတော့ မလေ့လာလေနဲ့ပေါ့ဗျာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။