မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသို့ တာဝန်ရှိသူများ အရပ်ဘက် အဖွဲ့အစည်းများနှင့် သံဃာတော်များက ပို့ဆောင်ပေးနေစဉ်
မိတ္ထီလာမြို့ သိရိမင်္ဂလာ ရပ်ကွက်အတွင်းမှ အစ္စလာမ် ဘာသာဝင် ကလေး လူကြီးများအား မိတ္ထီလာ ခရိုင်အားကစားကွင်းအတွင်းသိ(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်
မိထ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် စုစုပေါင်း(၆) ဦး သေဆုံးခဲ့ပြီး သံဃာတော် တစ်ပါး၊ ဗုဒ္ဓဘာသာဝင် အမျိုးသား (၂) ဦးနှင့် အစ္စလာမ်ဘာသာဝင် အမျိုးသား (၃ )ဦးဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးကြီး ထွန်းနိုင်မှ Eleven Media Group သို့ မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် အတည်ပြု ပြောကြားခဲ့သည်။
ယနေ့ည အခြေအနေမှာ ယမန့်နေ့ကထက် ဆိုးဝါးခြင်း မရှိသော်လည်း အခြေအနေ အရပ်ရပ်ကို တည်ငြိမ်စေရန်အတွက် ကြိုးစားနေရဆဲ ဖြစ်ကြောင်း သိရသည်။
(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်
မိထ္ထီလာမြို့ရှိ ယနေ့ည အခြေအနေမှာ ယမန့်နေ့ညက ဖြစ်ပွားခဲ့သည့် အခြေအနေကဲ့သို့ မဆိုးဝါးတော့ကြောင်း သိရသည်။ ပုဒ် ၁၄၄ ထုတ်ပြန်ထားသည့် အပြင် အင်းဝဘဏ်ရှိ ငွေကြေးများ လုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရန်အတွက် တပ်မတော်မှ လာရောက် ဆောင်ရွက်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး မြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူထားသည် ဆိုသော သတင်းများ ပျံ့နှံ့ခဲ့ခြင်းကြောင်း လူစုလူဝေးဖြင့် သွားလာမှုများ လျော့နည်းသွားကြောင်း သိရသည်။
(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)
မတ်လ ၂၁ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်
မိထ္ထီလာမြို့ မီးလောင်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြင်းခြံ၊ ကျောက်ဆည်၊ ရမည်းသင်း၊ မိထ္ထီလာ ခရိုင်လေးခရိုင် မီးသတ် မော်တော်ယာဉ်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မီးငြိမ်းသတ်ရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်မင်းက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
Eleven Media Group


.jpg)
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။