သီရိလင်္ကာနိုင်ငံမှ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ညီလာခံ..
Karuna
Center မှ ကြီးမှုးကျင်းပသည့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ညီလာခံကြီးတစ်ခုကို
ယနေ့ 02.03.2013- ခု နေ့လည် ၂ နာရီအချိန်မှ စတင်ကာ သီရိလင်္ကာနိုင်ငံ BMICH နိုင်ငံတကာခန်းမကြီး၌
ကျင်းပရာ နိုင်ငံတွင်းရှိ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူ စုစုပေါင်း
ပရိသတ် 600 ကျော်တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းဝေးကြီးတွင် သက်ဆိုင်ရာ ဘာသာအလိုက် အဆိုပြုချက်စာတန်းများကို
ဖတ်ကြား တင်သွင်းသွားခဲ့ကြသည်။ အစည်းဝေးဖြစ်မြောက်ရေးနဲ့နိုင်ငံတ၀ှမ်း ၄င်းတို့၏လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အမေရိကန်အခြေစိုက်
Karuna Centerမှ အဓိကထောက်ပံ့ပေးထားဖြင်းဖြစ်သည် ။ ယင်းအဖွဲ့ကြီးအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထို င်ရေး
နှင့် လူအဖွဲ့အစည်းတိုးတက် ကောင်းမွန်လာစေရေးတို့အတွက် အဓိကထား ဆောင်ရွက်လျှက်ရှိသည်။
အထူးသဖြင့် ပြည်တွင်းစစ်ဘေးဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် ဒေသများရှိ ပြည်သူများ၏ အုပ်စုစွဲ
ဘာသာအယူဝါဒစွဲဖြင့် အကြမ်းဖက်များကိုရှောင်ရှားနိုင်ရေးတို့အတွက် မတူညီသည့် ဘာသာယဉ်ကျေးမှုများအကြား
နာလည်မှုရရှိရေးနဲ့ ပူပေါင်းဆောင်ရွက်ရေးတို့အတွက် ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။
လတ်တလော
သီရိလင်္ကာနိုင်ငံအတွင်း စားကုန်သောက်ကုန် များတွင် Hala
တံဆိပ်တပ်မှုနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များနဲ့ မူဆလင်တို့အကြား
ပဋိပက္ခများကြီထွားနေချိန်ဖြစ် သည်။ သို့သော် ယနေ့ကျင်းပသည့် အစည်းဝေးမှာ ၄င်းပဋိပက္ခဖြစ်ပေါ်နေမှုနဲ့ ဆက်စပ်မှုမရှိပဲ ၄င်းတို့လုပ်ငန်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။
အရှင် ဥက္ကဋ္ဌ
No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။