Pages

Friday, March 29, 2013

၂၀၁၃ ဧပြီ (၁) ရက်နေ့ တွင်ကျရောက်မယ့် ကြားဖြတ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် ဂုဏ်ပြုအစီအစဉ် (အပိုင်း ၁၊ ၂)

ရုပ်သံ ကိုမျိုး(ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ်) စီစဉ် တင်ဆက်သည်..။

ရောင်နီသာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အောင်ပွဲဆီသို့

နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်မယ်..။

ကျွန်တော်တို့ နေဝင်ညတွေကို ကူးဖြတ်နေဆဲ၊ ကူးခတ်နေဆဲပါ..။ အဖွဲ့ချုပ်ရဲ့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဧပြီလ ၁ရက်နေက ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုဟာ ရောင်နီရဲ့ တစိတ်တပိုင်းသာ ရှိသေးတယ် ဆိုတာကို မမေ့ကြပါနဲ့..။ ၂၀၁၅အတွက် နေဝင်ညတွေ ကူးဖြတ်ရဦးမှာပါ..။ နေဝင်ညတွေကို ကူးဖြတ်ရင်း နေဝင်မီးငြိမ်းအမိန့်တွေကို သတိနဲ့ ရှောင်ရှားကြရမှာပါ..။

အားလုံး ညီညွတ်စွာနဲ့၂၀၁၅အတွက် အသင့်ပြင်ထားကြဖို့ လိုအပ်သလို ညီညွတ်မှုတွေ အားသစ်အင်သစ်တွေ မွေးမြူထားဖို့ လိုအပ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီလ(၁)ရက်နေ့မှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်ပွဲ ၁နှစ်ပြည့် အထိမ်းအမှတ်အား ဂုဏ်ပြုလိုက်ရပါတယ်..။

ဒီမိုဝေယံ
https://www.youtube.com/watch?v=4392c970f4k

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။