ဓာတ်ပုံ http://flashpackatforty.com
ဝန်ကြီးဌာနအချို့မှ ညွှန်ကြားရေးမှူး အဆင့်မှစ၍ ညွှန်ကြားရေးမှူးချုပ်
အဆင့်အထိရှိသော တာဝန်ထမ်းဆောင်နေသူ အချို့အား ရာထူးမှ အနားပေးခြင်း၊
ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သတင်းရရှိပါသည်။ယခုပြောင်းရွှေ့ခြင်း၊ အနားပေးခြင်း ပြုလုပ်သည့် ၀န်ကြီးဌာနများထဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန အများစုတွင် တာဝန်ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူးချုပ် အချို့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် အချို့နှင့် ညွန်ကြားရေးမှူးအချို့ ပါဝင်သည်ဟု သိရသည်။
လက်ရှိအချိန်တွင် ပြောင်းရွှေ့ရမည့် အရာရှိများ၊ အနားယူရမည့် အရာရှိများထံသို့ ညွှန်ကြားချက်များ ပေးပို့ထားကြောင်း၊ မည်သည့်အတွက် ပြောင်းရွှေ့ခြင်း၊ အနားပေးခြင်း ပြုလုပ်သည်ကို မသိရှိရသေးကြောင်း သိရသည်။
"ညွှန်ချုပ်၊ ဒုချုပ်နဲ့ ညွှန်မှူးတွေပါတယ်။ ပြောင်းတဲ့သူပြောင်း အနားပေးတဲ့သူ ပေးပေါ့။ အခု အမိန့်စာတွေတော့ ရထားတယ်။ မကြာခင်မှာ ထုတ်ပြန်မယ်လို့ သိရတယ်။ ဘာကြောင့်လဲဆိုတာတော့ အတိအကျ မသိရပေမယ့် အခု အနားပေးခံရတဲ့ အပြောင်းခံရတဲ့ အထဲမှာပါတဲ့ တချို့ကတော့ အတိုင်ခံဖူးတာတို့၊ လာဘ်ပေးလာဘ်ယူမှုနဲ့ ဆက်စပ်ခဲ့တာတို့ ရှိတယ်လို့ ပြောတယ်။ တချို့ကတော့ ဘာလို့ ပြောင်းမှန်း အနားပေးမှန်း မသိသေးဘူး။ ပြောင်းတယ်ဆိုတာမှာ ဟိုဘက်ဝန်ကြီးဌာနနဲ့ ဒီဘက်ဝန်ကြီးဌာန ဒဲ့ပြောင်းတာ ရှိသလို လစ်လပ်နေတဲ့ နေရာတွေကို ပြောင်းပြီး တာဝန်ထမ်းရတာမျိုးလည်း ပါတယ်။ စီးပွားကူးသန်းက ခြောက်ဦး၊ ခုနစ်ဦးလောက်တောင် ပါတယ်လို့ သိရတယ်" ဟု ၀န်ကြီးဌာနတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။အတည်မပြုနိုင်သေးသည့် သတင်းအရ တာဝန်မှ ရပ်စဲခြင်း၊ ရွှေ့ပြောင်းခြင်း၊ အနားပေးခြင်းခံရသည့် ၀န်ထမ်းဦးရေမှာ ၅၀ ကျော်အထိ ရှိနိုင်သည်ဟု သိရသည်။
ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ၀န်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ. . . . |
"အခုအချိန်က ပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အတွက် အရင်ကထက် အလုပ်ကို ၁၀ ဆလောက် ပိုလုပ်နေရတယ်။ တစ်သက်လုံး မလုပ်လာတာတွေကို ပြန်လုပ်နေရတာ။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ ဌာနတွေဆို ပိုဆိုးတယ်။ တပ်ကအရာရှိတွေ အစားထိုး ၀င်ရောက်လာရင် အစကနေ ပြန်သင်ပေးရတယ်။ အလုပ်မတွင်ဘူး။ ပြန်ရှင်းပြလို့လည်း မရဘူး။ ဥပဒေနဲ့ ပတ်သက်တဲ့ ဌာနတွေဆို ပိုဆိုးတယ်။ အချိန် အရမ်းယူရတယ်။ အရပ်ဖက် ၀န်ထမ်းထဲက ထူးချွန်တဲ့သူတွေကိုပဲ ရာထူးတိုးပေးသင့်တယ်။ ဒါမှ အများပြည်သူနဲ့ ဆက်ဆံရတဲ့အခါမှာ ရုံးလုပ်ငန်းတွေ မြန်ဆန်မှာ ဖြစ်သလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါ အချိန်ယူစရာ မလိုတော့ဘူး" ဟု နေပြည်တော်ရှိ ၀န်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောပြခဲ့သည်။
"ဒီတစ်ခါ အပြောင်းအလဲ လုပ်တာက လုပ်ငန်းအောင်မြင်တာ၊ မအောင်မြင်တာနဲ့ သိပ်မဆိုင်ဘူးလို့ ထင်တယ်။ တချို့ လုပ်ငန်းအောင်မြင်တဲ့သူတွေ အပြောင်းခံရတဲ့အထဲပါပြီး လာဘ်ပေးလာဘ်ယူများတယ်လို့ အများထင်မြင်သူတွေတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော့်အမြင် ပြောရရင် သမ္မတရုံးရဲ့ ဗဟိုချုပ်ကိုင်မှုကို ပိုပီပြင်အောင် လုပ်တယ်လို့ ယူဆပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားကို ပိုမိုပီပြင်အောင် လုပ်လိုက်တဲ့သဘော ဖြစ်နေတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ၊ ၀န်ကြီးဌာနတွေမှာ လုပ်ပိုင်ခွင့် ထင်သလောက် မရဘဲ အရင်အစိုးရရဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဘာမှမကွာဘူး ဖြစ်နေတယ်။ အရေးကြီးတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ လူသစ်တွေ ထည့်လိုက်တာက အနာဂတ် ပညာရေးအတွက် ရင်လေးစရာပါ။ အရင်က အစိုးရသမ္မတရုံး ညွှန်ချုပ်တွေကိုလည်း အဲဒီကိုပဲ ရွှေ့ခဲ့တာ။ အခုလည်း စစစ ညွှန်ချုပ်ကို အဲဒီကိုပဲ ရွှေ့တယ်လို့ သိရတယ်။
ဘာမှ ဆက်စပ်မှု မရှိတဲ့နေရာ၊ မဆိုင်တဲ့နေရာတွေကို ပို့တာဟာ mismanagement ပါပဲ။ သမ္မတကတော့ လုပ်ငန်းအားလုံး ပွင့်လင်းမြင်သာမှု ရှိရမယ်လို့ ပြောတယ်။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီး ထုတ်ပယ်မှုကအစ ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျွန်တော် နားလည်သလောက်တော့ ညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူး level မှာ အရည်အသွေးနဲ့ အရည်အချင်းက သိပ်မကွာဘူး။ အစိုးရရဲ့ အဓိကပြဿနာက အရင်အစိုးရလိုပဲ ဗဟိုချုပ်ကိုင်မှု များလွန်းတဲ့အတွက် အစိုးရရဲ့ ယန္တရားက မသွက်လက်ဘူး ဖြစ်နေတာပါ။ ဒီအပြောင်းအလဲဟာ ဘယ် Criteria ပေါ်မှာ ဆုံးဖြတ်သလဲဆိုတာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ၀န်ထမ်းလောကမှာတော့ အကြောက်တရား လွှမ်းမိုးသွားပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။
Eleven Media Group

လုပ်ချင်တာတွေသာလုပ်ကြပါတော့ဗျာ..
ReplyDeleteလုပ်ချင်တာတွေသာ လုပ်ကြပါတော့ဗျာ. ကျုပ်တို့အောက်
ReplyDeleteခြေ ဝန်ထမ်းတွေကတော့ ဘယ်လူကြီးဘဲလာလာ အနင်း
ခံရတဲ့ဘဝကတက်မှာမဟုတ်ပါဘူး..
သူတို့တွေကို ဖြုတ်လိုက်တာ အနေကြာသွားလို့ပါ။ တိုင်းပြည်ဒီထက်ပိုကောင်းအောင်လုပ်တာပါ။ မကြောက်ကြပါနဲ့။ အနင်းခံရမယ့်ဘ၀ရောက်နေ မှတော့ ကျေကျေနပ်နပ်သာ အနင်းခံလိုက်ပါ။ ခန္တီစ သည်းခံခြင်း...တဲ့။
ReplyDeleteအနင်းမခံချင်ရင် ကြိုးစား။ ကိုယ်ရည် ကိုယ်သွေး တက်လာ အောင်လုပ်။ လူတိုင်း မွေးကတည်းက ပါမလာဘူး။ ကိုယ်ကို ကိုယ်ပြန် ဆန်းစစ်ကြည့်ပါ။
ReplyDelete
ReplyDeleteသမ္မတရုံး ၀န်ကြီး နံပါတ် ( 6 ) နှင့်နီးစပ်သူများ ထံမှ သိရှိရသည်မှာ ပြည်တွင်းအခွန်များဌာန အရာရှိ ကြီးများအား ထူးကဲစွားပြောင်းလဲမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆက်လက်လည်ပါတ်စေနိုင်ရေးအတွက် အသိ ပညာ အတတ်ပညာများ ပြည့်စုံသူများနှင့် လာဒ်စားမှု နာမည်ဆိုး မှကင်းဝေးသူများအား စိစစ်လျှက်ရှိပါ ကြောင်းသိရှိရပါသည်၊ ယခု တလော အင်တာနက် တွင်နာမည်ကြီးနေသော ပြည်တွင်းအခွန်မှ ဦးစီးရုံး ညွှန်မှူး ဦးအောင်မိုးကြည် မှာ သမ္မတရုံး ၀န်ကြီး ( 6 ) နှင့်နီးစပ်သူတစ်ဦး ဖြစ်ပါသောကြောင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူး အတွက် အမည်စာရင်းတင်သွင်းခြင်းခံထား ရပါကြောင်းသိရှိရပါသည်၊ လည်ကောင်း၏ ပိုင်ဆိုင်မှု များမှာ မခန့်မှန်းနိုင်လောက် များပြားလှပါကြောင်း လည်းသိရှိရပါသည်၊ ဦးအောင်မိုးကြည် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ( သို့မဟုတ် ) ညွှန်ကြားရေး မှူးချုပ် ဖြစ်ပါက ယခင် ( ၀သ )ညွှန်မှူးအပါအ၀င် စီနီယာညွှန်ကြားရေးမှူးများ အလုပ်မှ နှုတ်ထွက်ကြ မည်ဟုလည်း သိရှိရပါသည်၊
.,
ReplyDeleteပြုတ်သည်ဖြစ်စေ။ထွက်သည်ဖြစ်စေ။စစ်ဗိုလ်ညွှန်ချုပ်။
ReplyDeleteညွှန်မှုးများရဲ့အမြတ်ထုတ်ပိုင်ဆိုင်သွားတာနဲ့။အရပ်သား
ညွှန်ချုပ်။ညွှန်မှုးအငြိမ်းစားများရဲ့နေထိုင်နေရတဲ့ဘဝအလွန်ချို့ငဲ့ကွာ
ခြားလှပါတယ်။ဌါနအတွက်အနစ်နာခံအကျိုးပြုခဲ့ရတာလဲ
အများကြီးကွာပါတယ်။နောက်ထပ်တပ်ကမလွှတ်ပါနဲ့တော့။ဒီလောက်နှိုတ်စက်ရ
ရင်တော်ပါတော့။
It is good to remove all corrupt persons. It is more important the vacant posts should be given to persons one rank below and not the military men. Otherwise the new democratic system will surely fail.
ReplyDeleteငကမ်းသေသွားလဲ ငစွေတွေ ငကျိုးတွေလာမှာ သေချာတယ်၊ အရပ်သားတွေဘာတွေမျှော်လင့်နေတာလဲ၊ သူတို့ဟာနဲ့သူတို့တောင်ဝေစုမလောက်ဘူး
ReplyDeleteတစ်ယောက်ကအဝစားပြီးလို့  နားခိုင်းတာပါ
ReplyDeleteတစ်သက်စားမကုန်အောင်ချမ်းသာနေကြပါပြီ
အရပ်သားတွေကိုလည်း နေရာပေးကြပါဦး
စစ်ထွက်တွေဘဲ တစ်ဝတစ်ဖြဲ စားနေကြတယ်
သစ်တောရေးရာလည်းစစ်ဆေးသင့်ပါပြီ
ReplyDeleteသိပ်ကောင်းတယ်
ReplyDelete