Pages

Tuesday, April 2, 2013

၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထား..

48Balifire-april2
၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်
ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၈ လမ်းရှိ မီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် ကောလာဟလများ ထွက်ပေါ်ခြင်း မရှိစေရန် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး ရယူထားကြောင်း ဧပြီ ၂ ရက်နေ့ နေ့လည်ပိုင်းက  ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးမြင့်အေးက ပြောသည်။
"ကောလာဟလတွေ၊ မသမာတဲ့ သူတွေရဲ့ သတင်းအမှားတွေ မပေးနိုင်အောင် လုံခြုံရေးကို အပြည့်အ၀ ရယူထားပါတယ်။ စောင့်ရှောက်ပေးထားပါတယ်။ ဆက်လက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါတယ်" ဟု ၄င်းက ပြောသည်။

ယင်းမီးလောင်မှုဖြစ်ပွားရာ ဗလီအနီးတစ်ဝိုက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ရှိ မြို့နယ် ၆ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ နှင့် ရဲတပ်ရင်းမှ ရဲအင်အား ၃၀ တို့က လုံခြုံရေး ရယူထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာ ဗလီသို့ ၈၈ မျိုးဆက်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးမြအေးလည်း လာရောက်ကြည့်ရှုခဲ့ပြီး "အစ္စလာမ်ဘာသာဝင်တွေကို ပြောချင်ပါတယ်။ ကျွန်တော်လည်း မွတ်စ်လင်ပါပဲ။ အားလုံးဟာ ဥပဒေရဲ့ အဆုံးအမအောက်မှာပဲ တန်းတူဖြစ်စေရပါမယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် စိတ်ခံစားမှုတွေကို ရှေ့တန်းတင်ပြီး မရှင်းကြဖို့ လိုပါတယ်" ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။