Pages

Wednesday, April 10, 2013

ဧပြီလ ၁၀ရက် ဂျပန်နိုင်ငံ သတင်းအချို့..

ဧပြီလ ၁၀ရက် ဂျပန်နိုင်ငံ သတင်းအချို့..

မြောက်ကိုရီးယား နေရာ ဒေသ၂ခုမှ ဂျပန်နိုင်ငံသို့Missile များဖြင့် ပစ်လွှတ်မည်ဟု ချိန်းခြောက် ပြောဆိုသွားသည်...။ ယနေ့လည်း ဖြစ်နိုင်သည်ဟု ဂျပန်သတင်းဋ္ဌာနများမှ ကြေငြာသည်...။
ယနေ့ ဂျပန်သတင်းဋ္ဌာနများမှ မြောက်ကိုရီးယား၏ စစ်ရေးချိန်းခြောက်မှုအပေါ် သတင်းသုံးသပ်မှုများ ထုတ်လွှင့် ပြသနေသည်...။ ဂျပန်ဝန်ကြီးချုပ်မှ မိမိ ပြည်သူများ၏ လုံခြုံရေးအား အစွမ်းကုန်ကာကွယ် သွားမည်ဟု ပြောဆိုသွားသည်...။

ဓာတ်ပုံ ယနေ့ ဖူဂျီတောင် အက်ကွဲကြောင်း 
ဂျပန်နိုင်ငံ၏ နာမည်ကျော် ဖူဂျီတောင်၏ တောင်ပေါ်လမ်းတခု၌ အက်ကွဲကြောင်းများ တွေ့ရှိကြောင်း ထုတ်လွှင့်ပြသသည်..။ ဖူဂျီမီးရှင်တောင် ပြန်လည်ပေါက်ကွဲ နိုင်ကြောင်း ပြောဆိုနေကြသလို.. အားပြင်း ငလျင်လည်း လှုပ်ခတ်နိုင်ကြောင်း သုတေသီများမှ ယခင်နှစ်များကပင် ထုတ်လွှင့်နေကြသည်..။


ဒီမိုဝေယံ



သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏..ယခင်မြောက်ကိုရီးယား လူမိုက်နှင့် ပေါင်းသင်းဆက်ဆံခဲ့သည်.. ဆက်ဆံနေသည့် အာဏာရှင်များ မည်သို့တုန့်ပြန်မည်နည်း..


No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။