Pages

Saturday, April 20, 2013

“တိုင်းပြည်မှာခင်ပွန်းကြီးဆယ်ပါး မပြစ်မှားကြရင်လားဗျာ။” ကိုမျိုး(မြန်မာစာ)

 “တိုင်းပြည်မှာခင်ပွန်းကြီးဆယ်ပါး မပြစ်မှားကြရင်လားဗျာ။”
ကိုမျိုး(မြန်မာစာ)

အမေ့ကို ဒုတိယဘုရားသခင်လို့  နယ်တွေမှာ စာတန်းချိတ်ဆွဲကြိုခဲ့စဉ်က ကျွန်တော့် စိတ်ထဲဒီလို ရေးကြပြောကြတာ သင့်တော်ပါ့မလားလို့ တွေးဆမိခဲ့တယ်။

ခုတော့သင်္ကြန်မတိုင်မီရုံးမှာ ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့အခါ ဆရာတော်ပေးခဲ့တဲ့ တရားအရနားလည်မိခဲ့တာက အနန္တောအနန္တဂိုဏ်းဝင်ဘုရားနဲ့ တစ်ဂိုဏ်းတည်းမှာ တရားတော်ရယ်သံဃာတော်များရယ်၊ မိဘနဲ့ ဆရာသမားတွေ ပါဝင်နေရုံမက ပုဗ္ဗာစရိယဆိုတဲ့ လက်ဦးလက်မွန်ဆရာဟာမိဘဖြစ်တယ်။

နိုင်ငံ့ကျေးဇူးရှင် လွတ်လပ်ရေးဖခင်ကို နိုင်ငံတိုင်းမှာ နိုင်ငံ့ဖခင်အရာ ထားကြတာကြောင့် ဖခင်ဗိုလ်ချုပ်ဟာ နိုင်ငံတော်အတွက် ဒုတိယဘုရားသခင်လို့ ကျွန်တော် ရှင်းရှင်းပြတ်ပြတ်ယုံကြည်သွားတယ်။

အဖရဲ့ တရားတွေအဖရဲ့ စကားတွေဒီကနေ့ ထက်တိုင်ကျွန်တော်တို့ နိုင်ငံကိုလမ်းပြနေတယ်။ ဒီလိုပါပဲဒီကနေ့ အမေ့ကို ဒုတိယဘုရားသခင်လို့  ဆိုကြတဲ့အပေါ်ကျွန်တော် ရှင်းရှင်းပြတ်ပြတ် ယုံကြည်နိုင်ခဲ့ပါပြီ။

၈၈ဒီမိုကရေစီရေး အလွန်ကာလမှာ (၉၆ခုနှစ်ကခြံရှေ့ တရားပွဲတွေက)အမေ့တရား၊ အမေ့စကားကကျွန်တော်တို့ ဘ၀လမ်းလမ်းပြခဲ့တာမို့ မိဘနှင့်တူသောအမေ၊ဆရာနှင့်တူသော အမေဟာ ဒုတိယဘုရားသခင်လို့ ဆိုကြတာ ကျွန်တော် သဘောမတူ နိုင်စရာမရှိပါ။ (သြော်..ကာလာမသုတ်တော်နဲ့ တော့လာကိုင်ပေါက်ပြီး“မယုံနဲ့ ”လို့ သွေးမခွဲနဲ့ 
ဆရာတော်ဟောတဲ့မိန့် တဲ့အထဲ “အမေမှားလည်း အမေမှန်တယ်၊ အဖေမှားလည်းအဖေမှန်တယ်”လို့ ပါတယ်လေ။ ကဲဒီကနေ့ စပြီး ကျွန်တော်တို့ တိုင်းပြည်မှာခင်ပွန်းကြီးဆယ်ပါး မပြစ်မှားကြရင်လားဗျာ။ လာဘ်လာဘတွေ ပေါကြွယ်ပြီး ဘေးမသန်းအေးချမ်းမှာ အသေအချာပါပဲဗျာ....။

ကိုမျိုး(မြန်မာစာ)


ဓာတ်ပုံ ကိုထင်ကျော်နှင့် ရေးသားပေးပို့သူ ကိုမျိုး (မြန်မာစာ) ပေါ်ပြူလာ ဂျာနယ် အယ်ဒီတာချုပ်အား ကျေးဇူးတင်ပါသည်။

ဒီမိုဝေယံ

5 comments:

  1. ဘုရားသခင်လို့မသုံးဘဲ
    ဒုတိယ အလ္လာ လို့ဘဲ့ ပြောပါလား

    ReplyDelete
  2. မ ကြာခင် ဒေါ်စု ခြေရာ ဒေါ်စု ထမီဟောင်းဖြတ်စ တွေရောင်းတာတွေ့ရတော့မယ်နှင့်တူတယ်။ ကြည့်လဲလုပ် ကြပါ။ မြင်ရတာ ရှက်စရာ ဖြစ်နေပြီ။

    ReplyDelete
  3. အနန္တဂိုဏ်းဝင်​ငါးပါးဆိုတာမှန်​​ပေမယ့်

    အရိယာနဲ့ ပုထုစဉ်​ကွာပါတယ်​ဒါ​ကြောင့်​မ​ရော​စေချင်​ဘူး။။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။