Pages

Friday, April 19, 2013

မနေ့က ဂျပန်NHK သတင်းဋ္ဌာနက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းမှာ ပြောဆိုသွားတဲ့ အကြိုက်ဆုံး စကားတခုကတော့..

ဧပြီလ (၁၇)ရက်နေ့က ဂျပန်NHK သတင်းဋ္ဌာနက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခန်းမှာ ပြောဆိုသွားတဲ့ အကြိုက်ဆုံးနဲ့ အခံစားရဆုံး စကားတခုကတော့..
 NHK... အမေး
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်ဖြစ်သူဟာ အခုအင်တာဗျူးနေတဲ့ ဒီအခန်းထဲကို လမ်းလျှောက်ဝင်လာတယ် ဆိုပါဆို့... ဖခင်ဖြစ်သူကို ဘာများ ပြောမိမှာပါလဲ..

အမေစု...အဖြေ
အဖေသမီးအကောင်းဆုံး ဖြစ်အောင်ကြိုးစား လုပ်ဆောင်နေတယ်.. သမီးကို အနောက်က ကာကွယ်စောင့်ရှောက် ပေးပါလို့ ပြောမိမှာပါပဲ... ဆိုပြီး ဖြေကြားသွားပါတယ်..။

နားထောင်ရင်းနဲ့ ကြက်သီးမွှေးညှင်းထမိပါတယ်ဗျာ...

မြန်မာသမိုင်းအတွက် ပေးဆပ်နေတဲ့ ဒီအဖေနဲ့ ဒီသမီးပါ..

တိုင်းပြည်အတွက် စတေးခံ၊ အနစ်နာခံ လုပ်ဆောင်နေတဲ့ ဗိုလ်ချုပ်သမီးကို မစော်ကားကြပါနဲ့ဗျာ…
ကျေးဇူးသိတတ်ကြပါလို့ ကျွန်တော်ဒီလောက်ပဲ ပြောလိုပါတယ်..


 ဒီမိုဝေယံ



3 comments:

  1. ခုမှ စရေးဖူးတော့ ဘယ်လိုရေးရတယ် မသိလို့ပါဂျာ။ အစ်ကို ကျွန်တော် အကြံပေးတာပါတာပါနော်။ ဗိုလ်ချုပ်ပြောသွားတဲ့မိန့်ခွန်းတွေ စကားတွေ မှာကြားတာတွေပါ တစ်ခါတည်း တင်ထားပေးရင် ပိုကောင်းမယ်ထင်တယ်ဗျာ။ ဗိုလ်ချုပ်က ဘာတွေ ဘယ်လို မှာသွားတယ်၊ ပြောသွားတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို တစ်ခါတည်း သိသွားအောင်လို့ပါဗျာ။

    ReplyDelete
  2. မျော်လင့်မထားတဲ့မေးခွန်း ပေမဲ့ ရင်
    ထဲရှိတဲ့အတိုင်း ဖြေလိုက်တာ ဟာ ရင်ပေါင်း များစွာကို ထိ ခတ် ကျေနပ် စေပါ သည်။တစ်ကမ္ဘာ
    လုံး ကျေနပ် ရ မဲ့ အ ဖြေ ပါ။

    ReplyDelete
  3. I believe Daw Suu does what she said. Like father like daughter. I am proud of her.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။