Pages

Friday, May 10, 2013

စစ်ကိုင်းမြို့မှ ကိုယ်ကျိုးရှာ ယာဉ်ထိန်းရဲနှင့် နိုင်ငံတော်ပိုင် လျှပ်စစ်အား မသမာကိုယ်ကျိုးရှာ ရောင်းစားနေမှုအကြောင်း (တိုင်ကြားစာ)


စစ်ကိုင်းမြို့မှ ကိုယ်ကျိုးရှာ ယာဉ်ထိန်းရဲများနှင့် နိုင်ငံတော်ပိုင် လျှပ်စစ်အား မသမာကိုယ်ကျိုးရှာ ရောင်းစားနေမှုအကြောင်း 
(ယနေ့ ဒီမိုဝေယံသို့ တိုင်ကြားစာ)

စစ်ကိုင်းမြို့ရှိ မြို့မဈေးအရှေ့ လမ်းဆုံရှိ မော်တော်ပီကယ် လက်ပြတိုင်
အနီးတွင် စည်ပင်သာယာမှနေရာချထား
သတ်မှတ် ငှားရမ်းထားသော
ဒံပေါက်ဆိုင်သည် ညလုံးပေါက် ဘောလုံးပွဲများပြသနေသည်မှာ နှစ်ချီနေပြီဖြစ်ပါသည်။
 ဆိုင်အသုံးပြု လျှပ်စစ်မီးများအပြင် စလောင်းစက်များကိုပါ တပ်ဆင်ပြသနေသော ဆိုင်ဖြစ်ပါသည်။

၎င်းဆိုင်သည် တရားဝင်လျှပ်စစ်မီတာ လုံးဝမရှိဘဲ
လမ်းဆုံရှိ မီးပွိုင့်မှ လျှပ်စစ်မီးကိုအကျင့်ပျက်၊ ကိုယ်ကျိုးရှာ အလွဲသုံးစားလုပ်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အချို့နှင့် ပူးပေါင်းကာ လျှပ်စစ်မီးကို တိုက်ရိုက် သုံးစွဲနေသောဆိုင် ဖြစ်ပါသည်၊
ယာဉ်ထိန်းတပ်ဖွဲ့မှ အကြပ်ရာထူးရှိ ပေါက်စီနှင့်
ဆေးခါးကြီး (အမည်ပြောင်)တို့မှ နေပြီးယဉ်ထိန်းစောင့် အဆောက်အဦအတွင်းမှ လျှပ်စစ်မီးကြိုးထုတ်ပေးကာ အသုံးပြုခွင့်ပေးထားသည်ဟု သိရပါသည်။
ထိုသို့ ကိုယ်ကျိုးစီးပွားအတွက်
လျှပ်စစ်ဓါတ်အားကို ယခုကဲ့သို့ရောင်းချနေသော ၀န်ထမ်းများနှင့် ရယူသုံးစွဲနေသောဆိုင်အား 
သက်ဆိုင်ရာမှ ထိထိရောက်ရောက် အရေးယူပေးပါရန် အသိပေးတိုင်ကြားအပ်ပါသည်။
တာဝန်သိ ရွှေကိုင်းသား..

3 comments:

  1. ဒါကြီး က တော့ မ ကောင်းပါ ဘူးဗျာ။ သက်ဆိုင် ရာက အမြန် ဆုံး အ ရေးယူသင့်တာ ကြာလှပေါ့ဗျာ။ စက်သွားနဲ့ ပင် နင်ယန် ဖြစ် နေ ဖြစ် နေ ပြီ ထင် တာဘဲ။

    ReplyDelete
  2. မြောက်ဥက္ကလာသားMay 14, 2013 at 11:26 PM

    မဆိုင်ပေမယ့် ရေးချင်တာလေးတော့ သတင်း ပေးရဦးမယ်
    မြောက်ဥက္ကလာမှာ အစွယ်ငေါငေါထ နေတဲ့ကျောင်းဆရာမ တွေကိုနှိမ်နင်းပေးကြပါ အုံး
    အထက ၂ မြောက်ဥက္ကလာက အထက်တန်းပြဆရာမ ဒေါ်အိသဉ္ဇာလှိုင် က သူမ နေအိမ်မှာ ကျူ ရှင် သင် တာ အထက ၂ က ကျောင်းသား တိုင်းအသိပါ။ ဒါပေမယ့် ကျောင်းမှာ စာသင်ရင်တော့ ဘယ်ကျောင်းသားမှနားမလည်အောင် သင် တာပညာပါလွန်းတယ်။ ကျူ ရှင်မယူနိုင် တဲ့က လေးတွေတော့ မလွယ်ပါ။ သူမရဲ့ ကျောင်းသားရရှိရေး ဗျူဟာက အိမ်တိုင်ယာရောက် လိုက်ခေါ် တဲ့စနစ်ပါ။မိဘ တွေကမငြင်းရဲပါဘူး။ရန်ကုန်မှာ ဆရာမ တွေမ သောင်းကျန်းရဲတော့ပေမယ့် မြောက်ဥက္ကလာကျန်နေပါသေးတယ်။ အထက ၁ လည်း မ ခေပါ။ လိုင် စင် ရ ဘာသာရပ်သင် ကိုယ်ပိုင် သင် တန်းဆရာတွေက ညည်း။ ကျူရှင် မယူနိုင် တဲ့ကျောင်းသားတွေကစိတ်တွေလေ။ ဒါတွေကြားနေရတာ မြန်မာ့ပညာရေးမျှော်မှန်းချက် နှမ်းထွက်နဲ့ကိုက်ပါ့မလား။
    ခုဖြစ်နေတာက ကျောင်းသားတွေမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်တွေဆုံးရှုံးတာပါ။ ငွေကြေးမတတ်နိုင် သူတွေက တော့ ပညာရေးလမ်းဆုံးရရှာပြီ။လစာတွေဘယ်လောက်တိုးပေးထားပါစေ ဒီအကျင့်ဆိုးတွေက ဖျောက် ရခက်နေပါပြီ။ ကျောင်းဆရာမ တွေရဲ့ ကျူရှင် ဆွယ်မှုတွေက ဆင်းရဲသား သားသမီးတွေကို စောစီး စွာ ကျောင်းကနှင် ထုတ်သလိုဖြစ်နေပါပြီ။ ကျူရှင် မှာကောင်းကောင်းသင် ကျောင်းမှာတော့ တစ်ပုဒ် လောက် ဝတ်ကျေတန်းကျေသင် ကျန်တာကို ကျော် ခွသင်ပြီး ပညာတန်ဆောင် ကို ရင် နာစရာကောင်းအောင် လုပ်နေသူများကို ပညာရေးတာဝန် ရှိသူများ နှိမ်နင်းကြပါဦး။ ဆင်းရဲသား က လေးတွေရဲ့ ပညာရေးကို ဆရာစိတ် ကင်းမဲ့သူများထံ အပ် မိတာတော့ဆိုး တယ်နော်။ တီချယ် ဂမ္ဘီ တို့ရေ။
    ဂမ္ဘီ ဆိုတာ ဘီလူးမ တွေကိုခေါ်တာ။ဤကား စကားချပ်။

    ReplyDelete
  3. အဲသည့်လိုအကျင့်မျိုးရှိတဲ့ဆရာမကိုသက်ဆိုင် ရာကအ ရေး
    ယူသင့်ပါတယ်အချိန်ကြာလာတာနဲ့အမျှအပြင် ကျူရှင် လည်း
    မတက်နိုင် တဲ့ဆင်းရဲတဲ့က လေးတွေကြာရင် ပျက်စီးသွားနိုင်
    ပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။