Pages

Monday, May 20, 2013

သမိုင်းကြွေးကို သမိုင်းမှန်နဲ့ ပြန်ဆပ်ပါ.

 သမိုင်းကြွေးကို သမိုင်းမှန်နဲ့ ပြန်ဆပ်ပါ.




ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသက ပြည်နယ် တောင်းဆိုနေတာ ကြားနေရတော့ သမိုင်းတကွေ့က အဖြစ်အပျက်လေးတခုကို ရေးသားဖော်ပြပါမယ်..။

တကယ်တော့ ဝတိုင်းရင်းသားတွေဟာ အသားညိုကြပါတယ်.။
ခေါင်းဆောင်တွေကတော့ တရုတ်တွေ ဖြစ်နေပါတယ်..။
တရုတ်ခေါင်းဆောင်တွေက သူတို့ ကို ဝလူမျိုးလားလို့ မေးရင် ရှူးရှူးရှားရှား ဒေါသထွက်ကြပါတယ်..။

၁၉၅၉ - မှာ မြန်မာ့တပ်မတော်နဲ့ ဝတပ်ဖွဲ့တွေ ငြိမ်းချမ်းရေး လက်မှတ်ထိုးပါတယ်..။
ထိုစဉ်က ဝနယ်ထဲကို လားရှိုးပြည်စောင့်ရဲတပ်ရင်း(၈)မှ ဗိုလ်ကြီးတဦးဟာ တိုင်းမှူးကိုယ်စား ငြိမ်းချမ်းရေး လက်မှတ်သွားထိုးခဲ့ရပါတယ်.. ။ ဝတပ်ဘက်က လက်မှတ်ရေးထိုးတဲ့ အရာရှိကတော့ မြန်မာ့တပ်မတော်မှ တောခိုသွားသူ အရာရှိတဦးဖြစ်ပါတယ်..။

၁၉၈၉ မှာ ငြိမ်းချမ်းရေးယူတော့ ဝတပ်က ၁၉၅၉က စာချုပ်ယူလာတယ်။
မြန်မာ့တပ်မတော်မှာ ၁၉၅၉ခုနှစ်က ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်က ပျောက်နေတယ်။
အဲဒီလောက်အထိ တော်ကြတာပါတဲ့..။ ၁၉၈၉မှာ ဗိုလ်ချုပ်ခင်ညွန့်တို့ ငြိမ်းချမ်းရေးယူကြတော့ အဆိုပါ ပြည်စောင့်တပ် ဗိုလ်ကြီး (ငြိမ်း) ကိုသွားရောက် မေးယူကြတယ်လို့ ဆိုပါတယ်..။

အဲ့ဒီတော့ ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့လည်း သမိုင်းတကွေ့မှာ
ပြည်သူတွေအတွက် တကယ့်သမိုင်းမှန် အဖြစ်အပျက်တွေ ဖော်ထုတ်ပါ..။ သမိုင်းကြွေးကို သမိုင်းမှန်နဲ့ ပြန်လည် အကြွေးဆပ်ပါ။ နှောင်းလူတွေ သင်ခန်းစာယူနိုင်အောင် ဖော်ပြပါ ဖော်ထုတ်ပါ ပြည်သူ့မေတ္တာခံယူပါလို့ တိုက်တွန်း ပြောကြားလိုပါတယ်..။
ဒီမိုဝေယံ
ဓာတ်ပုံများအတွက် ပေးပို့သူအား ကျေးဇူးတင်ပါသည်..။
 




3 comments:

  1. ဝ တွေကဘယ်သူတွေနဲ့တိုက်မလို့လဲ...

    ReplyDelete
  2. တရုတ်ကို တိုက်မလို့ပါ။

    ReplyDelete
  3. "၀" တွေ သနားစရာပါ တရုတ်အသုံးချခံဖြစ်ပြီး အမျိုးပျောက်လုပြီ
    ဒါကို "၀" တွေ ကိုယ်တိုင် သတိမထားကြတာ ၀မ်းနဲစရာပါ၊
    "ကိုးကန့် "ကိုနမှုနာကြည့် "ကိုးကန့် "တွေ ကိုယ်ဘ၀ မှန်မသိ လက်မခံတော့ ဘူး
    သူတို့ ကိုယ်သူတို့ တရုတ်တဲ့ အဟဟ သနားစရာပါ၊
    ခုတခါ "၀" ပြည်နယ်တောင်းပြန်ပြီ
    သနားတယ် မြန်မာ တရုတ် ကိုလိုနီနယ်ချဲ့ ခံရပြန်ပြီ
    သနားတယ် ရှမ်းတွေ ဗမာနဲ့ တရုတ် လုပ်တာနဲ့  တိုင်းပြည်ပျောကပြီ် လူမျိုးပျောက်တော့ မယ် ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။