Pages

Tuesday, May 21, 2013

နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထောက်ပံ့ကြေးငွေတစ်ထောင်ကျပ်မရရှိသော သ(၀၂၉-၁) ၀န်ထမ်းငယ်များ၏ ရင်ဖွင့်လွှာ..

ယနေ့ ဒီမိုဝေယံသို့ ပေးစာ....

နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထောက်ပံ့ကြေးငွေတစ်ထောင်ကျပ်မရရှိသော သ(၀၂၉-၁) ၀န်ထမ်းငယ်များ၏ ရင်ဖွင့်လွှာ

နိုင်ငံတော်သမ္မတကြီးနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်လက် နည်းပညာဝန်ကြီးတို့အား သိစေချင်ပါသည်

ကျွန်တော်/ကျွန်မတို့သည် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော သ(၀၂၉-၁) နေ့စားဝန်ထမ်းများ ဖြစ်ကြပါသည်။ ကျွန်တော် /ကျွန်မတို့သည် နေ့စားဝန်ထမ်းများဖြစ်သည့် အတွက် တစ်ရက်လျှင် လစာငွေကျပ်(၁၁၀၀)ကျပ် ရရှိပါသည်။

 နိုင်ငံတော်သမ္မတကြီးမှ ယခုနှစ်(၂၀၁၃)ဧပြီလမှစတင်ပြီး အရာထမ်းဝန်ထမ်းများအား လစာငွေကျပ်(၂၀၀၀၀)ကျပ် တိုးမြှင့်ပေးပြီး၊ နေ့စားဝန်ထမ်းများအား တစ်ရက်လျှင်(၁၁၀၀+၆၀၀)ကျပ်၊ စုစုပေါင်း တစ်ရက်လျှင် (၁၇၀၀)ကျပ် တိုးမြှင့်ပေးခဲ့ပါသည်။ ယခင်နှစ်(၂၀၁၂)ဧပြီလတွင် နိုင်ငံတော်သမ္မတမှ ထောက်ပံ့ကြေးငွေအဖြစ် အရာထမ်းဝန်ထမ်းများအား ထောက်ပံ့ကြေးငွေ(၃၀၀၀၀)ကျပ် ထောက်ပံ့ပေးရန် နှင့်တစ်ရက်လျှင်
(၁၁၀၀)ကျပ်ရရှိသော နေ့စားဝန်ထမ်းများအား (၁၁၀၀+၁၀၀၀)ကျပ် ထောက်ပံ့ပေးရန် သတ်မှတ်ခဲ့ကြောင်း သတင်းစာများ၊ ရုပ်မြင်သံကြားများနှင့် တခြားသော အသံလွှင့်ဌာနများတွင် တရားဝင် ကြောညာခဲ့သည်မှာ အားလုံးသိရှိပြီးဖြစ် ပါလိမ့်မည်။

သို့ပါသော်လည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် တာဝန်ထမ်းဆောင် နေသောနေ့စား ၀န်ထမ်းများအနက် သ(၀၂၉-၁) နေ့စားများမှာေ ထာက်ပံ့ကြေးငွေ တစ်ရက်လျှင် (၁၀၀၀)ကျပ်မရရှိသည်မှာ (၃၀.၄.၂၀၁၃)တွင် (၁)နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ ထိုသ(၀၂၉-၁) နေ့စားများတွင် ပညာအရည်ချင်း အနေဖြင့်BEဘွဲ့ ရရှိထားသော နေ့စားများလည်း ပါဝင်ပါသည်။ ထိုသို့ခံစားခွင့် မရှိခြင်းကို အထက်လူကြီးများ သိရှိကြသော်လည်း မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟုသိရှိရပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် နေ့စားဝန်ထမ်းအား သ(၀၂၉-၁) နှင့်သ(၀၂၉-၃)ဟု နှစ်မျိုး ခွဲခြားထားပါသည်။ မိမိတို့ထောက်ပံ့ကြေးငွေ တစ်ရက်လျှင်(၁၀၀၀)ကျပ် မရရှိခြင်းမှာ အထက် လူကြီးများ၏ ပြောစကားအရသ(၀၂၉-၁)ဖြစ်သည့် အတွက် မရရှိခြင်းဖြစ်သည်ဟု ဆိုပါသည်။ 

ထိုစကားသည်လည်းတစ်ဆင့် စကားတစ်ဆင့်နား ဆိုသကဲ့သို့ တိကျသေချာသော ရှင်းလင်းချက်မဟုတ်ပဲ ပြောစကား သက်သက်သာ ဖြစ်ပါသည်။ အခြားသော ၀န်ကြီးဌာနများတွင် သ(၀၂၉-၁)/သ(၀၂၉-၃)ဟု ခွဲခြားထားခြင်းမျိုးမရှိပါ။ တစ်ရက်(၁၁၀၀)ရရှိသော နေ့စား ၀န်ထမ်းများအားလုံး တန်းတူ ထောက်ပံ့ကြေးငွေ တစ်ရက်လျှင် (၁၀၀၀)ကျပ်ရရှိကြပါသည်။ မိမိတို့ဝန်ကြီးဌာနရှိ သ(၀၂၉-၃) နေ့စားများသည်လည်း တစ်ရက်လျှင် လစာငွေကျပ် (၁၁၀၀)ရရှိပါသည်။ 

ထိုနေ့စားဝန်ထမ်းများသည် ယခင်နှစ် နိုင်ငံတော်သမ္မတ၏ ထောက်ပံ့ကြေးငွေ တစ်ရက်(၁၀၀၀)ကျပ် ရရှိသည့်အပြင် ယခုနှစ်တိုးမြှင့်လစာငွေ ကျပ်တစ်ရက်လျှင်(၆၀၀)ကျပ်ရရှိပါသည်။
မိမိတို့သည်လည်း တစ်ရက်(၁၁၀၀)ကျပ် ရရှိပါသော်လည်း ယခင်နှစ်တွင် နိုင်ငံတော်သမ္မတကြီးပေးသော ထောက်ပံ့ကြေးငွေ တစ်ရက်လျှင်(၁၀၀၀)ကျပ် မရရှိပါ။

 နိုင်ငံတော်သမ္မတကြီးက ယခုနှစ်(၂၀၁၃)ဧပြီလမှ စတင်ပြီး တိုးမြှင့်လစာငွေ အပြင်ယခင်နှစ်(၂၀၁၂)ဧပြီလတွင် ထောက်ပံ့ပေးခဲ့သော ထောက်ပံ့ကြေးငွေများကိုလည်း ဆက်လက်ခံစားခွင့် ရှိကြောင်းကိုလည်း တရားဝင် သတ်မှတ်ပေးခဲ့ပါသည်။ သို့ပါသော်လည်း မိမိတို့သည်ယခုနှစ်(၂၀၁၃)ဧပြီလ၏ တိုးမြှင့်လစာငွေ တစ်ရက်လုပ်အားခ (၁၁၀၀+၆၀၀)သာ ရရှိပါသည်။ မိမိတို့သည် အနယ်နယ်အရပ်ရပ်မှ လာရောက် တာဝန်ထမ်းဆောင်နေရ သောအောက်ခြေ လခစားဝန်ထမ်းများ ဖြစ်ပါသည်။ 

မိဘများနှင့်ခွဲခွာပြီး နိုင်ငံတော်၏ တာဝန်တစ်စိတ်တပိုင်းအား ကျရာနေရာမှ မိမိတို့တတ်စွမ်းသမျှဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြခြင်း ဖြစ်ပါသည်။ မိမိတို့ အောက်ခြေ၀န်ထမ်းများ၏ ဘ၀သည် တရားဝင်ဝန်ထမ်းဖြစ်မည့် အခွင့်ရေးသည်လည်း မည်သည့်အချိန်ထိ စောင့်ရမည်မှာ သေချာရေရာခြင်းမရှိပါ။ လက်ရှိလုပ်နေသော နေ့စားအလုပ် မှနှုတ်ထွက်လျှင်လည်း မိမိတို့ ပေးဆပ်ခဲ့ရသော လုပ်သက်နှစ်အတိုင်းတာအား တွက်ကြည့်ပြီး ထွက်ပစ်ဖို့ မဖြစ်နိုင် ဖြစ်နေရပါသည်။ မိမိတို့ အောက်ခြေ၀န်ထမ်းများမှာ ဆုပ်လည်းဆူးစားလည်းရူး အနေအထားသို့ ရောက်မှန်းမသိ ရောက်နေရပါသည်။ ရပ်ဝေးမှလာရောက် တာဝန်ထမ်းဆောင်နေရသော ၀န်ထမ်းများ ပါဝင်သောကြောင့် နေထိုင်စားသောက်ရေးအတွက် အခက်ခဲပေါင်းများစွာကို ကြုံ့တွေ့နေရပါသည်။ 

သို့ပါသော်လည်း နိုင်ငံတော်သမ္မတကြီး၏ ၀န်ထမ်းများအပေါ် ငဲ့ညှာသော စေတနာဖြင့် ထောက်ပံ့ကြေးငွေများ၊ တိုးမြှင့်လစာငွေများ ချီးမြှင့်ခဲ့သော်လည်း မိမိတို့ အောက်ခြေ၀န်ထမ်းများသည် တိကျရေရာ ရှင်းလင်းမှု အကြောင်းတစ်စုံတရာမရှိပဲ ထောက်ပံ့ကြေးငွေများ မရရှိခြင်းအပေါ်များစွာ စိတ်ပျက်အားလျှော့မိပါသည်။ မိမိတို့ ရရှိသောလစာငွေဖြင့်သာ လောက်ငှအောင် စားသောက်နေထိုင်နေရသော ရိုးသားသည့် အောက်ခြေ၀န်ထမ်းငယ်များ၏ ဘ၀အား စာနာနားလည် စေလိုပါသည်။ ထောက်ပံ့ကြေးငွေများ၊ လစာများ တိုးမြှင့်ပေးခဲ့သည့်အတွက် များစွာဝမ်းမြောက် ရပါသော်လည်း လစာထုတ်သည့်အခါ မိမိတို့ မပါသည့်အတွက် အလွန်ပင် စိတ်ပျက်အားလျှော့မိပါသည်။ မိမိတို့ခံစားချက်များအား တစ်နှစ်တိတိရင်ထဲတွင် သာသိမ်းဆည်းခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့လို အောက်ခြေ နေ့စားဝန်ထမ်း များအနေဖြင့် မိမိတို့၏အခက်အခဲများအား အထက်လူကြီးများဆီသို့ ပေါက်ရောက်အောင် တင်ပြနိုင်ခြင်းမျိုးလည်း မရှိသောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့ အနေအထားရှိသည့် မိမိတို့လိုအောက်ခြေ နေ့စားဝန်ထမ်းများ၏ ဘ၀ပေါင်းများစွာအား ငဲ့ညှာသောအနေဖြင့် ယခုကိစ္စအား ပြန်လည်စီစစ် စဉ်းစားပေးစေလိုပါကြောင်းကို လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။


နေပြည်တော် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထောက်ပံ့ကြေးငွေတစ်ရက်(၁၀၀၀)ကျပ်မရရှိကြသော ၀န်ထမ်းငယ်များ

12 comments:

  1. မှန်တာပေါ့ လက်အောက်ငယ်သားတွေကိုလဲပြန်ကြည့်ကြပါအုံး
    အပေါ်ကိုဘဲကြည့်မနေကြပါနဲ့

    ReplyDelete
  2. ဟုတ်ပါတယ်ဗျာ အထက်က ကားတ၀ိဝိနဲ နေတာကို ဘဲမြင်မနေကြပါနဲ အောက်ခြေ၀န်ထမ်းငယ်တွေ ငတ်ပြတ်နေတာတွေကို လည်းထည့်စဉ်းစား ပေးကြပါဦ

    ReplyDelete
  3. လုပ်ပေးလိုက်ကြပါဗျာ ကလေးတွေသနာပါတယ် လစာက မလောက် အိမ်က တောင်းသုံးနေကြရတယ် လို ကျွန်တော်တိုတူလေးတွေ ပြေားဘူးတယ်ဗျာ။ အဆင်မပြေရင်လည်း သာတို့သမီးတို လွတ်တော်ကိုတင်ကြကွာ ။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. နေပြည်တော်ဆက်သွယ်ရေးမှာလုပ်နေတယ်ဆိုပြီးအထင်မကြီးလိုက်နဲ့အုံး၊မမျှတမညီမျှတာတွေ၊မတရားတာတွေ၊စုံစမ်းစစ်ဆေးစေချင်ပါသေးတယ်၊

    ReplyDelete
  6. ဟုတ်ပါတယ်ဗျို...........နေပြည်တော်ကအောက်ခြေကဝန်ထမ်းတွေဘဝကို........ကြည့်ပေးကြပါအုံး

    ReplyDelete
  7. ဟုတ်ပါတယ်ဗျာ ကလေးတွေရဲ ဘ၀နဲ တက်လမ်းတွေကိုပိတ်ထားတဲ ၀န်ကြီဌာနနဲ လူကြီတွေရဲ စိတ်ထားကို အံသြမိပါရဲဗျာ သူတိုတွေက ဒါဆိုအရင် က ငွေလေး 33000 နဲ နေခဲကြတာပေါ့လေ အော် မြန်မာနိုင်ငံက အင်ဂျင်နီယာဘွဲရ ကလေးတွေရဲ ဘ၀ကလည်း စိတ်မကောင်းစရာပါလားကွာ။ လုပ်ပေးလိုက်ကြပါဦဗျာ သိတဲ တတ်တဲ ပေါက်ရောက်တဲ လူတွေရှိရင်လည်။ အော် ဘတ်ဂျက်မရှိဘူလိုပြေားရအောင်ကလည်း အရင်ဝန်ကြီကတော့ သိန်းထောင်ချီ အဲထားလိုက်ပါတော့ အဲတာကတော့။ ၀န်ကြီဌာနကလည် အပေါ်ပိုင်းကိုဘဲမကြည်ဘဲနဲ အောက်ခြေက ကလေးတွေကိုလည်း တစ်ချက်လောက်ပြန်ကြည်ပေးပါလို ပြေားပါရစေဗျာ

    ReplyDelete
  8. ဘာမှလုပ်မနေနဲ လွတ်တော်တင် ဒါမှမဟုတ်ရင်လည်း အလုပ်သမာဝန်ကြီဌာနဆီကိုစာပိုကြကွာ ဒီလောက် ကလေးတွေရဲလုပ်အာခတွေကို သုံချင်တဲသူတွေကို

    ReplyDelete
  9. လယ်ဆည်အောက်က စိုက်ပျိုးရေးဦးစီးဌာနအောက်က ဌာနတခုမှာလဲ စနေ တနင်္ဂနွေဆို လူကြီးလမ်းကြောင်းဆိုပြီး ၀န်ထမ်းတွေကို stand by ရုံးမှာ စောင့်ခိုင်းတယ်။ ကိုယ်ပိုင်အချိန်ကို ဘာမှန်းမသိတော့ဘူး။ အဲဒါလေးတွေကလဲ ပြုပြင်ပြောင်းလဲရေးကာလ အတွက် ဘယ်လိုသဘောရလဲ မိတ်ဆွေတို့ရေ။ အဘသိန်းစိန်ကတော့ weekend မှာ အေးဆေးနေတဲ့။

    ReplyDelete
  10. အမလေ လယ်ဆည်က တော်သေးတယ် ဆက်သွယ်ရေးက နေ့စားတွေကမှာ ညလည်း ဆင်ရတယ် နေလည်းဆင်းရတယ် စနေ တနင်္ဂနွေ လည်းဆင်းရပါတယ်ဗျာ။ လစာလေးပေးတော့တာ တစ်ပဲခြောက်ပြားနဲ လစာကိုဘတ်ထားချင်တာ။ အော်တိုမှာ နေတဲ ကျွန်တော်သူငယ်ချင်းနေစားဆိုရင် နေ့တိုင်းည ဂျူတီ တစ်ရက်မှ နာလိုမရပါတဲခင်ဗျာ။ သူတိုရုံးမှာက တာဝန်ခံနဲ နေ့စားနဲဘဲ ရှိတယ်ဆိုပါလားဗျ။ ဒါနဲ အဲတာဆို အိုဘာတိုင်ကြေးရတယ်လားဆိုတော့ ကျွန်တော်ကိုတောင်ဆဲသွားသေးတယ်။ အိုဘာတိုင်ရဘို့နေနေသာသာတဲ ထောက်ပံကြေး တစ်ထောင်တောင်မရပါဘူးတဲဗျာ။ ကြည့်လည်းလုပ်ပေးကြပါဦ လူကြီးတွေရေ ၀ါးတီကြီဘဲ လုပ်နေကြနဲ

    ReplyDelete
  11. ဂျာနယ်မှာရေးကြတာက အောက်ခြေဝန်ထမ်းတွေကမပြင်သေးဘူးတဲ့

    အပေါ်ကိုအရင်ဆုံးပြင်ခိုင်းပါဗျာ

    အောက်ခြေက ခိုင်းတဲ့အတိုင်း လုပ်နေရတာဗျ

    လေ့လာကြပါအုံး

    ReplyDelete
  12. အဲလိုအော်နေလို့ဘာမှမထူးဘူး. အထက်ကတော့ မလုပ်နိုင်ရင်ထွက်လို့ပြောမှာပဲ . မထွက်ပဲနေနေရင်တော့ ပြည်သူတွေထင်သလို ဆက်သွယ်ရေးဝန်ထမ်းတိုင်း စားရချောင်နေတယ်ဆိုတာ အသိသာကြီးဖြစ်နေပြီ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။